For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

ရေအလှူရှင်များ၏ စေတနာကြောင့် သောက်သုံးရေများ အဆင်ပြေမှုရရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သီပေါ ၊ ဧပြီ ၁၇

သီပေါမြို့၊ နန်းဦးစေတီတော်ဝင်းအတွင်းရှိ ရဟန်းသာမဏေများ ဥပုသ်သည်များနှင့် အနီးပတ်ဝန်းကျင်မှ အများပြည်သူတို့ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေလွယ်ကူစွာ ရရှိသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်း၊ ရေကန်နှင့် အဆောက်အဦတို့ကို ဦးစိုးမြင့်+ဒေါ်အေးပို တို့အားရည်စူး၍ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်း၊ ခြံအမှတ် (27-A) နေ ဦးချို+ဒေါ်နီလာမြင့် (ချိုကြည်သာ တေးထုတ်လုပ်ဖြန့်ချီရေးနှင့် ဗွီဒီယိုထုတ်လုပ်ဖြန့်ချီရေး)မိသားစုက တူးဖော်ဆောက်လုပ်လှူဒါန်းပေးခဲ့ကြသည်။ 
အဆိုပါ ရန်ကုန်မြို့မှ စေတနာရှင်မိသားစု၏ လှူဒါန်းကူညီပေးမှုကြောင့် ယခုနွေရာသီ ရေပြတ်လပ်ချိန်၌ ယခင်ကကဲ့သို့ ရေအတွက် အခက်အခဲ မတွေ့ကြုံရတော့ဘဲ ရဟန်းသာမဏေများသာမက ပတ်ဝန်းကျင်ရပ်ကွက်များရှိ အများပြည်သူတို့ပါ (၂၄)နာရီ သောက်သုံးရေ အလုံအလောက်ရရှိနေပြီဖြစ်သည်။ ၄င်းရေအလှူနှင့်ပတ်သက်၍ သီပေါ နန်းဦးကျောင်းတိုက်မှ အရှင်ဇ၀နက "အရင်တုန်းက နွေရာသီဆိုရင် ရေပြတ်လပ်မှု အခက်ခဲများ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ ရေအခက်အခဲကို တစ်ခါမှမတွေ့ဖူး မမြင်ဖူး မသိဖူးတဲ့ ရန်ကုန် စေတနာရှင်တစ်စုက နန်းဦးစေတီကို လာရောက်ဖူးမျှော်လေ့လာရင်း ခုလိုစက်ရေတွင်း တူးဖော်လှူဒါန်းပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ စက်ရေတွင်းသာမကပါဘူး။ ရေလှောင်ကန်(၃)ကန်နဲ့ မိုးလုံ လေလုံ သွပ်မိုးအဆောက်အဦး တို့ကိုပါ အပြီးအစီး ဆောက်လုပ်လှူဒါန်းသွားကြတာပါ။ တကယ့်ကို ရှားပါးတဲ့ စေတနာရှင်မိသားစုပါဘဲ။ စက်ရေတွင်းအတွက် လိုအပ်တဲ့ လျှပ်စစ်မီတာကိုလည်း သီပေါမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာနဲ့ ဓါတ်အားခွဲရုံတာဝန်ခံတို့က လာရောက်တပ်ဆင်လှူဒါန်းပေးခဲ့ကြတဲ့ အတွက်လည်း အားလုံးပြည့်စုံအဆင်ပြေသွားတာပေါ့။ ခုဆိုရင် အရင်နှစ်တွေလိုမဟုတ်ဘဲ ရဟန်းသာမဏေနဲ့ ဥပုသ်သည်များအတွက်ရော၊ သင်္ကြန်ကာလ ရဟန်းခံရှင်ပြု အလှူပွဲတွေအတွက်ပါ ရေအတွက် အဆင်ပြေခဲ့ရပါတယ်။ ဒီလို ရေအမှန်တကယ် လိုအပ်နေတဲ့နေရာမှာ သန့်ရှင်းတဲ့သောက်သုံးရေရှိအောင် ရပ်ဝေးရပ်နီးက စေတနာရှင်တွေ သိရှိပေါ်ပေါက်လာစေဖို့ အတွက် နှိုးဆော်ပေးခဲ့တဲ့ စာနယ်ဇင်းမီဒီယာလည်း အဓိကပါဝင်ခဲ့ပါတယ်။ ဒီစေတနာရှင် အလှူရှင်အားလုံးကို ခုလို သောက်သုံးရေ ရရှိ သုံးစွဲနိုင်သူများကိုယ်စား အထူးသာဓုခေါ် ကျေးဇူးတင်ပါတယ်"ဟု မိန့်ကြားတော်မူခဲ့သည်။                                       သီပေါကိုလတ်

သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း
သီပေါမြို့
၀၉ - ၄၀၃၇၀၈၈၉၇

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment