For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 9 April 2014

ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်။ ဘို က တော် ကျေးရွာမှာ""အ ဓ မ္မ လုပ်အား ပေး"" ပြန်အသက်သွင်း နေလို့၊ ရွာသားများ ဒုက္ခ္ခ ရောက် နေ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   *ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်၊ဘိုက တော် ကျေးရွာဟာ၊ အိမ် ခြေ ၄၀၀ ကျော် ရှိတဲ့ ရွာကြီး တစ်ရွာပါ။ဝေါမြို့ နဲ့ အလှမ်း ဝေးတာမို့ ၊ကျေးရွာ အုပ်ချုပ် ရေးမှူး နဲ့၊အဖွဲ့ တွေ သူတစ်လူ ငါတစ်မင်း နဲ့၊ ဗိုလ် ကျ စိုးမိုး နေတဲ့ ရွာ တစ် ရွာ ဖြစ်ပါတယ်။
          *၂၀၁၃ ။မိုးကုန် တော့၊သစ်သား တံတား တစ်စင်း အတွက် ဘတ်ဂျက် ကျတယ် ပြောပြီး ဆောက်ကြတယ်။နောက် တော့ မဟုတ်ဘူး ကွန်ကရစ်တံတား လုပ်ရမှာလို့ ပြောသံကြားပြန်တယ်။နောက် လွှတ် တော် ငွေ ကျတယ် လို့လဲ အသံထွက် လာ သေး တယ်။ ဒါ ပေ မဲ့၊ ဒီဇင် ဘာ လ လည်း ရောက် ရော၊တံတား အတွက် ဆိုပြီး တစ် အိမ် ထောင် ကို တစ် သောင်း က နေပြီး ငါး သောင်းအထိ ကောက် ပါ တော့တယ်။ငွေ မထည့်ရင် ကျေးရွာ သာ ရေး နာ ရေး အသင်းက ထုတ် မယ် လို့ ခြိမ်း ခြောက်ပြီး ကောက် တာပါ။မထည့် မဖြစ် အိမ် ခြေ ၄၀၀ ကျော် ကထည့်လိုက်ရတာပါ။ဖေ ဖေါ်ဝါရီ
လ တစ် ဝက်ကျိုး တော့ ငွေ မ လောက်လို့ဆိုပြီး၊ထပ် ကောက် ပြန်တယ်။နောက်တစ်ခါ မတ် လ ကုန်လုမှာ၊ငွေ ကုန်ပြီဆိုပြီး ထပ် ကောက်ပြန်ပါတယ်။
          *ဘို က တော် ရွာက ညီညွတ်ပုံမျိုး၊ ဘယ်ရွာမှ ရှိမယ် မထင် ပါဘူး။ လခစား အုပ်ချုပ် ရေးမှူး ဦး အောင် သောင်း နဲ့ သူ့အဖွဲ့၊ကြံ့ခိုင် ရေးက ဦးသိန်းလွင်၊ဦးမြင့် ဆွေ နဲ့အဖွဲ့၊ NLD က ဦးကျင် ထွန်း တို့၊ ပူး ပေါင်းပြီး။ကန့်ကွက် သူမရှိ၊ ငွေ ကောက်ရုံ မက ထုံးစဉ် အတိုင်း သာ/နာ အသင်းက ထုတ်ပစ်မယ်လို့ ခြိမ်း ခြောက်ပြီး တစ်အိမ် တစ် ယောက် လုပ်အား ပေးခိုင်းတယ်၊လူမလိုက် နိုင် ရင် ငှါးထည့်၊ ပျက် ကွက် ရင် ငွေ ငါး ထောင် ဒဏ်ရိုက်၊ ရွာသား တွေ ဒုက္ခ ရောက် နေတာ၊ကယ်မဲ့သူ မရှိ ဖြစ် နေကြ ပါတယ်။
          *ဒါတင် မက သူတို့ နဲ့ မသင့်တဲ့၊တံတားထိပ်က ဒေါ် ရွှေစန်းရဲ့ ဘိုးဘွားပိုင် ခြံကို အ ကြောင်းမဲ့ ခြံစည်းရိုးကိုဖျက်၊အထဲက သစ်ပင် တွေကိုခုတ်၊အုတ် တွေ၊သဲ တွေ ဝင် ပုံပစ်တယ်။အဲဒီ ကိစ္စနဲ့ ဒေါ် ရွှေစန်းက၊ ဝေါ မြို့နယ် အုပ်ချုပ် ရေးမှူးဆီကို(၁၁၊၂၊၂၀၁၄) က စာနဲ့ တိုင် ခဲ့ပါတယ်   ။   ။ခေါ်စစ်ရင်း  တိုင် တဲ့သူကိုသာ ဟောက် လိုက်တယ။် ဘာ အ ဖြေ မှ မ ပေးသလို၊ဘာအ ရေးယူမှုမှလည်း မရှိခဲ့ပါဘူး။
          *အဲဒီ တော့၊ ရွာအုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ဟာ၊ ကမ်းတက်လာပြီး၊လူကြီးအဖြစ်နဲ့ မတန်တဲ့""လူမိုက်""အလုပ် တွေကို၊ခပ်ကြမ်းကြမ်း လုပ်ပါ တော့တယ်။မြေ ကော်စက် နဲ့ မြေကြီး တွေ ကော်ပြီး ဒေါ် ရွှေစန်း ခြံထဲကို ဖို့ထည့်ပါ တော့တယ်။အဲဒါ ကြောင့် ဒေါ် ရွှေစန်းက ပဲခူးခရိုင် အုပ်ချုပ် ရေးမှူးဆီကို (၂၅၊၃၊၂၀၁၄) ရက်စွဲနဲ့ တိုင် ကြားထားပါ တယ်။ ခရိုင် က လာမစစ် သေးခင် မှာ နောက် တစ်မျိုးထပ်တိုးပြီး သူများခြံထဲမှာ အုတိ မြစ် ချဖို့ မြေလိုင်းကျင်း တွေတူးတဲ့ အထိ လုပ်ပြန်တယ်။
          *အဲဒီ တော့  "အုပ်ချုပ် ရေးမှူး" ဖြစ်ပြီး၊ဒီလို ဥ ပ ဒေ မဲ့ လုပ်ရပ် တွေ လုပ် နေတာနဲ့ ပတ် သက်လို့၊ လွန်လွန် ကျွံကျွံ မဖြစ်ခင် အမြန်ဆုံး တားမြစ်ဖို့  ဝေါ မြို့နယ် အုပ်ချုပ် ရေး မှာတာဝန်ရှိပါ ကြောင်းနဲ့၊ <<တစ်နိုင် ငံလုံး ဘယ် နေရာမှာမှ  မရှိ တော့ တဲ့၊ အ ဓ မ္မ လုပ်အား ပေး ခိုင်းတဲ့အလုပ်ကို၊ပြန်အသက် သွင်း ကျင့်သုံး နေတဲ့၊>>ဘိုက တော် ကျေးရွာ အုပ်ချုပ် ရေးမှူးနဲ့ အဖွဲ့ကို။ထိ ရောက်စွာ အ ရေးယူသင့်ပါ ကြောင်း၊ပဲခူး တိုင်း ဒေသကြီးအစိုးရ သိ စေရန်၊ အမှန်အတိုင်း လေးနက်စွာ တင် ပြလိုက်ရပါတယ်။

 @@@ မီး မောင်း @@@

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment