For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

သို့ ပြည်ထောင်စုဝန်ကြီး တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်ခွင့်ပြုပါရန်လျှောက်ထားခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
     ပြည်ထောင်စုဝန်ကြီး     မွေးမြူရေး/ ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးမှုဝန်ကြီးဌာန
      ကျွန်တော်သည်ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပြည်မြို့နယ်မြွေရိုးအုပ်စုမိန်းမရဲရွာမှလယ်သမားတစ်ဦးဖြစ်ပါသည် သားသမီးငါးဦးရှိသည့်အနက်နှစ်ဦးကိုဘွဲ့ရ။တစ်ဦးကိုအလယ်တန်းအောင်သည်အထိကျောင်းထားပေးခဲ့ရပြီးမိသားစုစားဝတ်နေရေးအတွက်ခက်ခဲမှုရှိနေပါသည်။မိမိတို့အုပ်စုတွင်မိုးစပါးကိုသာလုပ်ကိုင်ရပြီးအခြားသီးထပ်စိုက်ပ်ျုးရေးနှင့်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အခွင့်အလမ်းနည်းပါးကာနွေစပါးစိုက် ပျိုးရန်ပင်ရေမရရှိပါ။ဤကဲ့သို့အလုပ်အကိုင်ရှားပါးနေချိန်တွင်နိုင်ငံတော်သမ္မတကြီး၏စေတနာ။မွေး/ရေဝန်ကြီးတို့၏ လမ်းညွှန်မှုတို့ဖြင့်တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်ရန်ကြက်အကောင်ရေ(၃၀၀)ခန့်မွေးမြူခဲ့ပါသည်။ထိုသို့မွေးမြူရာတွင်လည်း တိ/ကု ဦးစီးဌာနတွင်တရားဝင်မှတ်ပုံတင်ခြင်း။ကျန်းမာရေးကောင်းမွန်သောကြက်များကိုသာထုတ်လုပ်ရောင်းချခြင်း။တိ/ကုမှအခါအားလျော်စွာစစ်ဆေးပေးမှုခံယူခြင်း။အနံ့ဆိုးမထွက်စေသောဆေးဝါးတိုက်ခြင်း/ဖျန်းခြင်း။ကြက်ချေးများအားနှစ်ရက်တစ်ခါလှည်းခြင်း/စက်ဖွဲပြာဖြူးခြင်း စသည်ဖြင့် ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်နေပါသော်လည်းမလိုလားသူများကအုပ်စုဖွဲ့ကာကြက်ခြံအားဖျက်သိမ်းပေးရန်အုပ်ချုပ်ရေးမှူးအားအကြိမ်ကြိမ်တိုင်တမ်းနေပါသည်။နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဆင်းရဲမွဲတေမှုလျော့ချရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ပံ့ပိုးပေးနေသော်လည်းဤကဲ့သို့နှောင့်ယှက်နေမှုများကြောင့်မိမိတို့ဒေသခံအများစုရထိုက်သောအခွင့်အလမ်းများစွာနစ်နာနေရပါသည်။ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမွဲတေမှုလျော့ချရေးအစီအစဉ်များတွင်ပူးပေါင်းပါဝင်လိုသူများအားဤကဲ့သို့ခြိမ်းခြောက်အနိုင်ယူနေမှုများအပေါ်မည်ကဲ့သို့ဖြေရှင်းသငိ့သည်ကိုမေတ္တာစေတနာရှေ့ထား၍ကူညီပေးပါရန်လေးစားစွာမေတ္တာရပ်ခံလျှောက်ထားအပ်ပါသည်။
                                     ဦးကျော်ငြိမ်း
၇/ပမန(နိုင်)၀၈၁၀၉၅
မြွေရိုးအုပ်စု။မိန်းမရဲရွာ
ပြည်မြို့နယ်
Ph:09254238823
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment