For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 8 April 2014

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့ ရန်ကုန်မြို့မှ မကွေးမြို့သို့ရောက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဝိုင်းကြည်အောင်


ဧပြီ(၆)ရက်၊ နံနက်(၂)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်သစ်ရာကောက်ကျေးရွာ အောင်သိဒ္ဓိဘုရားဓမ္မာရုံ မှ မကွေးမြို့သို့ လိုက်ထရပ် ကားနှစ်စီးဖြင့် ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒပြအဖွဲ့ဝင် (၇၃)ဦး ထွက်ခွာလာကြောင်း၊နံနက်(၇)နာရီအချိန်ခန့်တွင် မက်မြန်မာကုမ္ပဏီ လမ်းတံတား မြို့ဝင်ကြေးဂိတ် မိုင်တိုင်(၃၂၄/၄)အရောက်၌ မကွေးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ရွှေဌေး နှင့်အဖွဲ့က စီတန်းလမ်းလျှောက်ခြင်းမှာ ဥပဒေနှင့်ညီညွတ်မှုမရှိ၍ တားဆီးခဲ့ကြောင်း၊ သို့သော် ၎င်းအဖွဲ့မှာ မကွေးမြို့တွင်းသို့ ဆက်လက်လမ်း၍ လျှောက်လာကြကြောင်း သတင်းရရှိသည်။
          အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်တာဝန်ခံ ကိုရဲထွဋ်ခေါင် (တွံတေးမြို့နယ် NLD ဥက္ကဋ္ဌ) နှင့် ကိုမျိုးသီဟထွန်း (ပြန်ကြားရေးနှင့်ပြည်ပတာဝန်ခံ) ပါ (၉)ဦးတို့ခေါင်းဆောင် သော အမျိုးသား(၆၃)ဦး၊ အမျိုးသမီး(၁၀)ဦး စုစုပေါင်းအင်အား(၇၃)ဦးနှင့် သံဃာတော် ဥူးဉာဏဓဇ (၂၆)နှစ်၊ (၂)၀ါ၊ ကြံခင်းစုရပ် မြ၀တီမြို့၊အောင်ဆုပန်ကျောင်းတိုက်နှင့် ဥူးအာလောက(၇၀)နှစ်၊ (၂၀)၀ါ (ဖလုံကျေးရွာ တောရကျောင်းတိုက်) တို့နှစ်ပါးလိုက်ပါလာကြောင်း ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။
          အဆိုပါအဖွဲ့အား နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးမြို့ ၈၈ ငြိမ်းပွင့်အဖွဲ့ဝင်များမှ သန်းတောကုန်းရွာ၊ ၀ါဝါ၀င်းလက်ဖက်ရည်ဆိုင်တွင် နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း၊ ၎င်းနောက် မကွေးမြို့နယ် NLDပါတီဝင် ကိုကျော်ကျော်သန်း(သိင်္ဂါဂီရိရပ်ကွက်) နှင့် ကိုဇော်မင်းထိုက်(ကြာကန်ကျေးရွာ)တို့နှစ်ဦးက မြစ်ဆုံစီမံကိန်း ချက်ချင်းရပ် အထိမ်းအမှတ်အလံများကိုင်ဆောင်ပြီး ရှေ့ဆုံးမှ ဦးဆောင်လမ်းပြ၍ မကွေးမြို့အ၀င် ဆိုင်းဘုတ်သို့ (၉း၃၅)အချိန်ခန့်တွင်ရောက်ရှိလာကြောင်း၊ ဆုံမကျီးပင်အ၀ိုင်းပတ် မှ မြောက်အရပ် မြို့ပတ်လမ်းအတိုင်း လျှောက်လာကြပြီး၊ အောင်ဇေယျာရပ်ကွက် အထက(၁)လမ်းမှ အနောက်ဘက်သို့လည်းကောင်း၊ ၎င်းအဖွဲ့သည် (၁၀)နာရီအချိန်ခန့်တွင် အောင်မြေရတနာကျောင်းတိုက် ယဉ်ကျေးလိမ္မာသင်တန်းအလှူခံမဏ္ဍပ်အနီး ကန်သာ ရေကန်ကြီး ကန်ဘောင်ပေါ်၌ ခေတ္တရပ်နားကြကြောင်း၊ ထိုစဉ် အလှူရှင်တစ်ဦးမှ ငွေသုံးသောင်းကျပ်လှူဒါန်းပြီး ယဉ်ကျေးလိမ္မာ အလှူခံမဏ္ဍပ်မှ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးကြောင်း၊ ထိုစဉ် ရုပ်သံသတင်း ထောက် နှင့် ဂျာနယ်သတင်းထောက်များမှ ၎င်းအဖွဲ့အား အင်တာဗျူး၍ သတင်းယူကြကြောင်း သိရသည်။
``သမ္မတကြီး ဦးသိန်းစိန်အစိုးရအသစ်က ငါးနှစ်တာသက်တမ်းကာလမှာ မြစ်ဆုံစီမံကိန်းကိုရပ်ထားမယ်ဆိုတာပါ။ ကျွန်တော်တို့ဟာ ဧရာဝတီမြစ်ဆုံစီမံကိန်း ထာဝရရပ်တန့်ရေးအထိ ဦးတည်ပြီး(၂၃-၃-၂၀၁၄)နေ့ နံနက်(၆) နာရီမှာ ရွှေတိဂုံဘုရားအရှေ့မုဒ် ကြေးသွန်းဘုရားကြီးကနေ လူအင်အား(၁၀၀)နဲ့ထွက်လာကြတာပါ၊ ကျွန်တော် တို့ ဖြတ်သန်းမဲ့ တိုင်းဒေသကြီး အသီးသီးက အစိုးရအဖွဲ့နဲ့ ရဲမင်းကြီးတို့ဆီကို ကြိုတင်စာပေးခဲ့ပါတယ်။ အဖွဲ့ပေါင်းစုံ ၈၈ အဖွဲ့၊ဘကသ၊ တကသနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့စတဲ့ အဖွဲ့ပေါင်း(၃၄)ဖွဲ့ပူးပေါင်း ဆောင်ရွက် လာတာပါ။ CPI ကုမ္ပဏီ ပြည်တွင်းကနေ အပြီးအပိုင်ထွက်ခွါသွားအောင် ကျွန်တော်တို့ရဲ့အားနဲ့တင် မရလဲ တစ်နိုင်ငံလုံးမှာရှိကြတဲ့ လူထုအားနဲ့ နှင်ထုတ်နိုင်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားကြမှာပါ..´´။ ဟု အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင် က ပြောသည်။
          နံနက်(၁၀)နာရီကျော်အချိန်ခန့်တွင် လမ်လျှောက်ဆန္ဒထုတ်ဖော်ရေးအဖွဲ့ဆက်လက်ထွက်ခွာလာရာ အထက(၁)လမ်းနှင့် သစ္စာလမ်းဆုံအရောက် သစ္စာလမ်းအတိုင်းမြောက်ဘက်သို့၎င်း၊ သစ္စာလမ်းနှင့် ပြည်တော် သာလမ်းဆုံအရောက် ပြည်တော်သာလမ်းမ၏ အနောက်ဘက်အတိုင်း ဗိုလ်ချုပ်လမ်း၊ မြို့မဈေးကြီးတို့အားဖြတ်၍ ကမ်းနားလမ်းတွင် မြောက်ဘက်သို့ကွေ့ပြီး မြို့မအိုးဘိုရပ်ကွက် မြဧရာပန်းခြံအနီသို့ နံနက်(၁၁)နာရီ အချိန်ခန့် တွင် ရောက်ရှိလာပြီး ဧရာဝတီမြစ်အား အလေးပြု၍ (ဧရာဝတီ သစ္စာအဓိဌာန်) ရွတ်ဆိုကြကြောင်း၊ ထို့နေရာမှ မြောက်အရပ်သို့ ဆက်လျှောက်လာရာ ကမ်းနားလမ်းနှင့်ဘုရားလမ်း ဆုံရပ်ကွက်အရောက်တွင် ဘုရားလမ်း အတိုင်း တောင်ဘက်သို့လှည့်လျှောက်ပြီး မကွေးမြို့မရဲစခန်းသို့ ကျော်ဖြတ်လာကြောင်း၊ ထို့မှ နေ့(၁၁း၃၀) နာရီအချိန်ခန့်တွင် မကွေးမြို့၊မြို့မအိုးဘိုရပ်ကွက်၊ အထက(၂)လမ်း၊ မြောက်စာသင်တိုက် မဟာဓမ္မိကရာမ ကျောင်းတိုက်အတွင်းရှိ သန္တောသသုခကျောင်းဆောင်ရှေ့တွင် ခေတ္တရပ်နားကြစဉ် မကွေး ၈၈ ငြိမ်းပွင့် အဖွဲ့ဝင် များနှင့် NLDပါတီဝင်အချို့တို့က ထမင်းဘူးများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း၊ ၎င်းတို့ရောက်ရှိသော စာသင်ကျောင်းတိုက်၌ စာဖြေသံဃာများရှိနေ၍ ဆက်လက်တည်းခိုခွင့်မရကြောင်း၊ ထို့ကြောင့် နေ့လည် (၁)နာရီ အချိန်ခန့်တွင် ၎င်းအဖွဲ့သည် သုံးဘီဆိုင်ကယ်၊ ကားများဖြင့် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅)လမ်း အမှတ် (၁၄၈)၊ ၈၈ မျိုးဆက်ငြိမ်းပွင့်(မကွေး)ရုံးသို့ သွားရောက်တည်းခို၍ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ ဧပြီ(၇) ရက်နေ့တွင် ရေနံချောင်းမြို့သို့ ဆက်လက်ထွက်ခွါမည်ဖြစ်ကြောင်း၊ ၈၈ ငြိမ်းပွင့်(မကွေး)အဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။
          ၎င်းတို့ဆန္ဒဖော်ထုတ်လမ်းလျှောက်အဖွဲ့အား ဦးဆောင်သူ ကိုရဲထွဋ်ခေါင်ကို ဧပြီ(၆)ရက်၊ နေ့(၁၂)နာရီ အချိန်ခန့်တွင် မကွေးနယ်မြေရဲစခန်း စခန်းမှူး ဦးရွှေဌေးမှ တရားလိုပြု၍ မကွေးနယ်မြေရဲစခန်း (ပ)၇၄/၂၀၁၄ ပုဒ်မ ၁၈ ဖြင့်အရေးယူ အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
ဝိုင်းကြည်အောင်





>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment