For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 23 April 2014

``DVB သတင်းထောက် ဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ်တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန်လည်လွှတ်မြောက်ရေး မကွေးမြသလွန်ဘုရားမှ ဆုတောင်းပွဲ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဧပြီ(၂၁)ရက်နေ့
နံနက်(၉)နာရီအချိန်၌ DVB သတင်း ထောက် ဇော်ဖေ(သူရသက်တင်)နှင့်
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ်
တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန်လည်လွှတ်မြော
က်ရေး
ဒေသခံသတင်းသမားများက  ဆုတောင်းပွဲပြုလုပ် ကြောင်း သတင်းရရှိသည်။
        အဆိုပါဒေသခံသတင်းသမားများမှာ မကွေးမြို့ပေါ်မှ သတင်းသမားအချို့နှင့်
မင်းဘူး၊ နတ်မောက်၊ ရေနံချောင်းမြို့များမှ ဒေသခံသတင်းသမားအင်အား
နှစ်ဆယ့်ငါးဦးခန့်ဖြင့် ဆုတောင်းပွဲပြုလုပ်ကြကြောင်း သိရသည်။
``ထောင်ဒဏ် တစ်နှစ်စီကျသွားတဲ့ DVB သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)နှင့်
ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်(ခ) ကိုလှိုင်လှိုက် တို့သည်
ယခုချမှတ်ထားသော ပြစ်ဒဏ်များမှ အမြန်ဆုံး ပြန်လည် လွှတ်မြောက်ရပါစေသား
အရှင်ဘုရား..၊´´ဟု ဆုတောင်းကြပြီး နမောတဿ သုံးကြိမ် သံပြိုင်ရွတ်ဆို၍
မြသလွန်စေတီတော်မြတ်ကြီးအား ပူဇော်ကန်တော့ကြကြောင်း သတင်းရရှိသည်။
        ဧပြီ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ မကွေးမြသလွန်စေတီတော်
ရင်ပြင်ပေါ်တွင် ဒေသခံသတင်းသမားများစုရပ်ပြုလုပ်နေစဉ် ဘုရားဂေါပကအဖွဲ့မှ
လွှတ်လိုက်သည်ဆိုသော လူတစ်ဦးရောက် လာသည်။ ဆုတောင်းပွဲလုပ်လျှင်
ဂေါပကအဖွဲ့သို့လာရောက်အကြောင်းကြားရန် ထိုလူမှ သတင်းသမားများ
ကိုအသိပေးပြောဆိုကြောင်း၊ သတင်းသမားများမှ ဆုတောင်းပြီး
မြသလွန်စေတီတော်အား ရှစ်ခိုးပူဇော်ခြင်းသာ ပြုလုပ်ခြင်းဖြစ်၍
မည်သူထံမျှခွင့်ပြုချက်မတောင်းခံနိုင်ကြောင်းပြေဆိုနေစဉ်
ထိုလူပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment