For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 28 April 2014

ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
    စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ဒေါ်ဖြူဖြူဝင်း
(မြို့နယ်ဥက္ကဌ) ဦးစီး၍  ပါတီဝင်များသည် ဧပြီ
၂၇ ရက်နေ့ နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ
အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်
ရေးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်
လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ-၅ အရ ဆန္ဒဖော်ထုတ်
ခဲ့ကြောင်း သိရသည်။
         အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ပြင်ဆင်ရေးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ရာတွင် ၀န်းသိုမြို့နယ် ဥက္ကဌ ဦးကျော်သောင်းနှင့်
ပါတီဝင်များ၊ ပင်လည်ဘူးမြို့နယ် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးသန်းလှိုင်နှင့် ပါတီဝင်များ
 နှင့် ကန့်ဘလူမြို့နယ် ၊ ကိုးထောင်ဘို့ ကျေးရွာမှ
ပါတီဝင်များ စုစုပေါင်း အင်အား(၅၀၀)ဦးခန့်ဖြင့်
 ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြသည်။
         ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ပုဒ်မ
-၅၉(ဃ)၊ (စ) ပြင်ဆင်ရေး၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး ၊
 ပုဒ်မ-၁၈ ဖျက်သိမ်းရေး၊ ပြည်သူလူထုအပ်နှံထား
သောအခွင့်အာဏာကို အလွဲသုံးစားမလုပ်ပါနှင့် ၊
တဖက်သတ်ရေးဆွဲထားသော အခြေံခံဥပဒေများ
ချက်ခြင်းဖျက်၊ လေးပွင့်ဆိုင်ဆွေးနွေးရေး ချက်ခြင်း
ဆောင်ရွက်ပေး စသည်ဆိုင်းဘုတ်များကိုင်ဆောင်
၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
(ဒို့အရေး) ၊ ပုဒ်မ၅၉(ဃ)(စ)ပြင်ဆင်ရေး (ဒို့အရေး)
 ၊ တရားဥပဒေစိုးမိုးရေး( ဒို့အရေါ်)ပြည်သူကိုဖိနှိပ်
သောဥပဒေများဖျက်သိမ်းရေး (ဒို့အရေး)၊ လေးပွင့်
ဆိုင်တွေ့ဆုံပွဲ ချက်ခြင်းဆောင်ရွက်ပေး(ဒို့အရေး) ၊
 တစ်နိုင်ငံလုံး ချွင်းချက်မရှိ အပစ်အခတ်ရဲစဲရေး (ဒို့
အရေး)၊ စစ်မှန်သော ပြည်ထောင်စု စနစ်ဖော်ဆောင်
ရေး (ဒို့အရေး)၊ ပြည်သူကိုစော်ကားသော ၀န်ကြီးများ
 အလိုမရှိစသည့် ကြွေးကြော်သံများဖြင့် ကောလင်းမြို့၊
 မြို့ကုန်းမြို့မရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့
ချုပ်ရုံးမှ ရွှေမင်းဝံလမ်းမကြီး၊ ရွှေမင်းဝံလမ်းမကြီးမှ
ကျော်ဇေယျာရပ်ကွက်၊ ကောလင်း-ပင်လည်ဘူးသွား
ကားလမ်းကြီးအတိုင်းလည်းကောင်း၊ ထိုမှတဆင့် မနော်
ဟရီလမ်း-အမှတ်(၈) လမ်း-ဗိုလ်ချုပ်လမ်း -အမှတ်(၁၂)
လမ်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ငြိမ်းချမ်းစွာ
 စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
                                 စိုင်းလူမင်း၊ မီဒီယာဂရု
                                   Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment