For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 26 April 2014

ကောလင်းမြို့တွင် ၂၀၀၈ဖွဲ့စည်းအခြေခံ ဥပဒေပြင်ဆင်ရေးဆန္ဒ ဖော်ထုတ်ကျင်းပမည် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
       စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ တွဲဖက်အတွင်းရေး
မှူး ဦးမြသောင်း ဦးစီး၍ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီဝင် အဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်၍ ငြိမ်း
ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်
သွားမည်ဖြစ်ကြောင်း ကောလင်းမြို့နယ် NLDပါတီ
မှ ဧပြီလ ၂၂ရက်နေ့တွင် ကောလင်းမြို့နယ်ရဲတပ်
ဖွဲ့မှူးရုံးမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၅ အရ
ဧပြီလ ၂၅ ရက်နေ့ ၀၃း၁၅  နာရီချိန်တွင် ခွင့်ပြုခဲ့
ကြောင်း စုံစမ်းသိရှိရသည်။
       ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်သွားမည့် အစီအစဉ်မှာ ဧပြီလ ၂၇ရက်
နေ့ နံနက် ၀၈း၀၀ နာရီမှ ၁၀း၀၀ နာရီချိန်တွင် ပုဒ်မ
-၅၉(စ) ပြင်ဆင်ရေး၊ ပုဒ်မ-၄၃၅၊၄၃၆ပြင်ဆင်ရေး၊
ပုဒ်မ၁၈ ဖျက်သိမ်းရေး၊ ပုဒ်မ-၅၉(ဃ) ပြင်ဆင်ရေး
စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကောလင်းမြို့၊
မြို့ကုန်းမြို့မရပ်ကွက်ရှိ NLD ပါတီရုံးမှ ရွှေမင်းဝံလမ်း
မကြီးအတိုင်း၊ ၎င်းမှ ကျော်ဇေယျာရပ်ကွက် မနော်ဟရီ
လမ်း၊ ၎င်းမှ အမှတ်(၈)လမ်း၊ ၎င်းမှ ဗိုလ်ချုပ်လမ်းမကြီး
အတိုင်း၊ ၎င်းမှ NLD ပါတီရုံး သို့ ငြိမ်းချမ်းစွာစုဝေးခွင့်
နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သွားမည်ဖြစ်ကြောင်း
သိရသည်။
         ယနေ့ခေတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်တွင် ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်ကွဲလွဲနေ
သော ဥပဒေများကို  ပြင်ဆင်ပေးရန်၊ ပြည်သူကိုဖိနှိပ်
သော မတရားသည့်ဥပဒေ ပုဒ်မမှန်သမျှကို ဖျက်သိမ်း
ပေးရန်၊ တရားဥပဒေ တန်းတူညီမျှစိုးမိုးမှု ရရှိစေရန်၊
တစ်နိုင်ငံလုံးခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲပြီး စစ်မှန်
သော ပြည်ထောင်စုစနစ်ထွန်းကား ပေါ်ပေါက်ရန်
စသည်ဖြင့် လိုအပ်ချက်များစွာရှိပါသည်။ ထိုအချက်
များသည် ပြည်သူလူထုက ဖြစ်စေချင်သော လိုလား
တောင်းတနေသော ပြည်သူဆန္ဒသဘောထားများဖြစ်ပါ
သည်။ ထိုပြည်သူ့ဆန္ဒသဘောထားများကို အစိုးရအနေ
နှင့် မသိကျိုးကျွံဖြစ်နေသည့်အတွက် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်အနေဖြင့် စိတ်တူကိုယ်တူ လုငယ်များအနေဖြင့်
ဆန္ဒသဘောထားဖော်ထုတ်မည်ဖြစ်၍ နိုင်ငံသားတစ်ဦး၏
ရပိုင်ခွင့်အတိုင်း ကျွန်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်သင့်
 ပါသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဦးမင်းလွင်
(ဒုဥက္ကဌ၊ တောင်သူလယ်သမား အထောက်အကူ ပြုအဖွဲ့)
ကပြောကြားသည်။
                              စိုင်းလူမင်း၊ မီဒီယာဂရု
                                 Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment