For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 8 April 2014

အက်ရှင်အေ့(ဒ်) မြန်မာ (Actionaid Myanmar)၏ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်များမှ ဒေသခံအမျိုးသမီးများပြုလုပ်သော လက်မှုပစ္စည်းများ အရောင်းမြှင့်တင်ရေးပြခန်းဖွင့် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဝိုင်းကြည်အောင်


ဧပြီ(၆)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ညောင်ဦမြို့၊ ဂေါက်ကွင်းလမ်း၊ ပြည်ခိုင်ဖြိုးရုံးအနီးရှိ အက်ရှင်အေ့(ဒ်) မြန်မာ (Actionaid Myanmar)ရုံး၌ အမျိုးသမီးများ လူနေမှုဘ၀မြင့်မားရေးအတွက် ပခုက္ကူမြို့ နယ်နှင့် မြိုင်မြို့နယ်များမှ ကျေးရွာပေါင်း(၄၀)ရှိ အမျိုးသမီးများထုတ်လုပ်သော လက်မှုပစ္စည်းများ အရောင်း မြှင့်တင်ရေးပြခန်းဖွင့်ပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။
          အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ဝင်း၊ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပခုက္ကူခရိုင် NLDပါတီ ဥက္ကဋ္ဌ၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်များမှ ကျေးရွာပေါင်း(၄၀)မှ လက်မှုပညာရှင်အမျိုးသမီးများ နှင့် အက်ရှင်အေ့(ဒ်) မြန်မာ၏ ဌာနေဒါရိုက်တာ Shihab Uddin Ahamad ၊ လူမှုစီးပွားဆိုင်ရာ အကြံပေး ဒေါ်ခင်ခင်ပြုံး နှင့် အရောင်းပြခန်းတာဝန်ခံများ စုစုပေါင်းအင်အား(၁၀၀)ဦးကျော်ခန့်တက်ရောက်ကြောင်းသိရသည်။
          အဆိုပါ အက်ရှင်အေ့(ဒ်) မြန်မာ ၏ စီမံကန်းအမည်မှာ ဒေသန္တရဖွံ့ဖြိုးရေး လူမှုစီပွားရေးဖွံ့ဖြိုးတိုးတက်မှု ကွန်ရက် (Socio Economic Development Network for Regional Development)၊ စီမံကိန်းကာလမှာ ၂၀၁၃ မှ ၂၀၁၆ ထိဖြစ်ကြောင်း၊ စီမံကန်းနယ်မြေများမှာ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပုဂံမြို့နယ် တို့ဖြစ်ကြောင်း၊  မိတ်ဖက်အဖွဲ့အစည်းများမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကွန်ရက် နှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ ကုမ္ပဏီလိမိတက် တို့ဖြစ်ကြောင်းသိရသည်။
``ကျွန်မတို့ဒီအရောင်းပြခန်းဆိုင်ကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၆)နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ရောင်း ချသွားမှာပါ။ အရောင်းပြခန်းထဲက ပစ္စည်းတွေကတော့ အနည်းဆုံးမြန်မာငွေ တစ်ထောင်ကျပ်ကနေ ငါးသောင်း ကျော်တန် ပစ္စည်းတွေအထိ ပါရှိပါတယ်။ ပြည်ပနိုင်ငံခြားသားရော ပြည်တွင်းက ၀ယ်ယူလိုသူတွေကိုပါ မြန်မာ ကျပ်ငွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဆိုင်မှာ တာဝန်ခံအင်အား(၂၀)ကျော်ရှိပါတယ်။´´ဟု မမေသင်ဇာ ကျော်စိုး က ပြောသည်။
အက်ရှင်အေ့(ဒ်) မြန်မာ ၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း၊ ပြည်ပ INGO များနှင့် ပြည်တွင်း NGO များကပါ ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် အက်ရှင်အေ့(ဒ်) မြန်မာ၏ ဌာနေဒါရိုက်တာ Shihab Uddin Ahamad က မေတ္တာရပ်ခံစကား ပြောဆို၍ အခမ်းအနားကို နေ့(၁၁း၃၀)တွင် ပြီးကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment