For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 4 April 2014

သာစည်မြို့ သီရိမင်္ဂလာရပ်ကွက်၏ ဒုတိယအကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲ (၁၄)ကြိမ်မြောက်နှစ်ဦးဆွမ်းကပ်လှူခြင်းနှင့်သက်ကြီးအဖိုးအဖွါးများကန်တော့ပွဲကိုနှစ်ဆန်းတစ်ရက်နေ့ တွင်ကျင်းပပြုလုပ်မည်။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီး မိထ္ထီလာ
ခရိုင် သာစည်မြို့ အမှတ်(၁)သီရိမင်္ဂလာ
ရပ်ကွက်တွင်ရပ်ကွက်အတွင်းရှိလူ
ကြီး
လူရွယ်လူလတ်လူငယ်များကလွန်ခဲ့သော
နှစ်ပေါင်း(၁၃)နှစ်မှစပြီးနှစ်စဉ်မပျက်
ဆရာတော်သံဃာတော်များကိုမိမိတို့ တစ်
နှစ်ပတ်လုံးတရားသဖြင့်ရှာဖွေထားခဲ့သော
စီးပွားငွေကြေးများမှစုဆောင်းငွေများဖြင့်
ဆွမ်းသစ်သီးချိုချဉ်ရသာအဖြာဖြာနှင့်ဆွမ်း
ဟင်းများကိုဆရာတော်သံဃာတော်များကို
ဆွမ်းကပ်လှူခြင်း ဆရာတော်များထံမှ
ပရိတ်တရားတော်များနာယူခြင်း ဝတ္ထုငွေ
ပစ္စည်းများလှူဒါန်းခြင်း ရပ်ကွက်အတွင်းမှ
အဖိုးအဖွားများကိုအလှူငွေပစ္စည်းများဖြင့်
ကန်တော့ခြင်းကိုဆောင်ရွက်ခဲ့သည့်အပြင်
၁၃၇၅ ခုနှစ်မှစ၍အိမ်ရှိဗုဒ္ဓဘုရားရှင်
ရုပ်ပွားတော်များကိုဗဟိုမဏ္ဍာပ်သို့ ပင့်
ဆောင်ပြီးဆရာတော်သံဃာတော်များက
အနေကဇာတိသံသာရံ ဂါထာကျူးရင့်၍
ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းအပြင်
ရပ်ကွက်အတွင်းနေထိုင်သူအားလုံးဘေး
ဥပါဒ်အန္တရာယ်အသွယ်သွယ်ကျရောက်
ခြင်းမရှိစေရန် စီးပွားဥစ္စာရတနာများဖွံ့ ဖြိုး
တိုးတက်စေရန်ပရိတ်တရားတော်များကို
သီရိမင်္ဂလာကျောင်းတိုက်ပဓာနနာယက
ဆရာတော်ဘဒ္ဒန္တဥူးသောပါကနှင့်သံဃာ
တော်များကဗဟိုမဏ္ဍာပ် နှင့်ရပ်ကွက်
အတွင်းသတ်မှတ်နေရာထောင့်များတွင်
ရွတ်ပွားပေးကြပါသည်။
ဤကိစ္စကိုဗုဒ္ဓဘာသာဝင်များတွင်
မှလုပ်နိုင်ဆောင်ရွက်နိုင်၍အလွန်ပင်ကြည်
နူးစရာကောင်းလှပါသည်။မနုသတ္တဘါဝေါ
ဒုလ္လဘော ဟုဘုရားဟောအဆိုရှိခဲ့ပါသည်။
လူအဖြစ်ရခဲလှ၏ လူအဖြစ်ရခဲ့ရင်တောင်မှ
ပစ္စန္ဓရာဇ်အရပ်ဟုဆိုအပ်သောသာသနာပ
အရပ်တွင်လူဖြစ်ပါကယခုကဲ့သို့ ဆောင်
ရွက်နိုင်မည်မူဟုတ်ပါ။ဘုရားရှင်ပွင့်တော်
မူုပြီးဘုရားရှင်ထားရှိခဲ့သောသာသနာနှင့်
တွေ့ ကြုံမှသာလျင်ယခုကဲ့သို့ ဆောင်ရွက်
နိုင်ခြင်း လှူဒါန်းနိုင်ခြင်း ကန်တော့နိုင်ခြင်း
ပြုနိုင်ပေသည်။ထို့ ကြောင့်ပင်ကျနော်တို့ 
အနေဖြင့်ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ရခြင်းကို
အထူးပီတိဖြစ်ခြင်း မွေးထုတ်ပေးသောမိဘ
များကိုအထူးကျေးဇူးတင်မိပါသည်။အခြား
ဘာသာများမှာလူဖြစ်လျင်ရုပ်ဝတ္ထုလွှမ်းမိုး
မှုအရပစ္စည်းဥစ္စာချမ်းသာလျင်ချမ်းသာပါ
လိမ့်မည်။သို့ သော်တရားဓမ္မ၏အေးချမ်းမှု
ပီတိသောမနဿမှာဘာနှင့်မျှမလဲနိုင်ပါ။
တစ်ခါကဆရာမကြီးဒေါ်ခင်မျိုးချစ်နှင့်
ပြင်သစ်လူမျိုးများ ရန်ကုန်မြို့ရွှေတိဂုံစေတီ
တော်မြတ်ကြီးကိုဖူးမျှော်လေ့လာစဉ်
ပြင်သစ်လူမျိုးတစ်ဦးကစေတီတော်မြတ်
ကြီး၏ငှက်မြတ်နားတော်စိန်ဖူးတော်ထီး
တော်နှင့်လှူဒါန်းထားသောကျောက်သံစိန်
ရွှေပတ္တမြားနှင့်စေတီတော်မြတ်ကြီးအား
လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူထားသည်
ကိုမြင်တွေ့ ရသည့်အခါ " ခင်ဗျားတို့ ဗုဒ္ဓ
ဘာသာဝင်တွေအံ့သြစရာကောင်းတာဘဲ
ဒီအလွန်တစ်ရာမျှတန်ဖိုးရှိသောရတနာ
ရွှေငွေကျောက်သံပတ္တမြားတွေကိုဒီလိုလှူ
ထားရင်ပျောက်မှာခိုးမှာမကြောက်ဖူးလား
ဒီပစ္စည်းတွေရောင်းပြီးလိုအပ်တဲ့ဆေးရုံတွေ
ဆေးခန်းတွေကျောင်းတွေနဲ့ အခြားလိုအပ်
တဲ့နေရာတွေမှာသုံးရင်မကောင်းဘူးလား"
ဟု ဆရာမကြီးကိုမေးမြန်းခဲ့ပါတယ်။
ဆရာမကြီးဒေါ်ခင်မျိုးချစ်ကပြင်သစ်လူမျိုး
များကိုဗုဒ္ဓဘာသာဖြစ်တည်လာမှု ဗုဒ္ဓ
ဘာသာဝင်တိုင်းတွင်ဘာသာရေးအပေါ်
သက်ဝင်ယုံကြည်မှု လှူဒါန်းသည့်နေရာ
တွင်လည်း နိဗ္ဗာန်မဂ်ဖိုလ်ကိုရည်စူးပြီးစိတ်မှ
နိဗ္ဗာနပစ္စယောဟောတု ဟုရွတ်ဆိုရည်မှန်း
ပြီးအနှမြောမရှိတွန့် တိုမှုမရှိလှူဒါန်းသော
ကြောင့်ကိုယ်လှူသည့်အလှူလှူဒါန်းမှု
အပေါ်စိုးရိမ်ကြောင့်ကျမှုမရှိလှူဒါန်းခြင်း
ဖြစ်ကြောင်း စွန့် လွှတ်လှူဒါန်းသည့်
အတွက်စိတ်ဖြတ်လှူခြင်းဖြစ်ကြောင်း သို့ 
အတွက်ကြောင့်ပျောက်မှာခိုးမှာမစိုးရိမ်
ကြောင်း ပျောက်လည်းမပျောက်ခိုးလည်း
မခိုးပါကြောင်းရှင်းပြပါသည်။ဗုဒ္ဓဘုရားရှင်
ဟောကြားသောဒေသနာများကိုပြင်သစ်
လူမျိုးများနားလည်အောင်ရှင်းပြသည့်အခါ
ပြင်သစ်လူမျိုးများဗုဒ္ဓဘုရားရှင်နှင့်ဘုရား
ဟောကြားသောတရားဒေသနာ၏အနှစ်
သာရကိုဥာဏ်ပါရမီရှိသည့်အလျောက်
ချက်ချင်းသဘောပေါက်ကာလက်အုပ်ချီ
ရှိခိုးပြီးဓမ္မပီတိပွားများခဲ့ကြပြီး ဗုဒ္ဓတရား
တော်၏အေးချမ်းမှုငြိမ်းချမ်းမှုကိုတွေ့ ရှိ
သွားခဲ့ကြပါသည်။
ဒါ့ကြောင့်ခေတ်လူငယ်များဘါသါ
သာသနာစောင့်ထိန်းရန်လက်တွဲခေါ်ဖို့ 
လက်ဆင့်ကမ်းအမွေပေးဖို့ လူကြီးတွေမှာ
တာဝန်ရှိပါသည်။ကျနော်တို့ ရပ်ကွက်လေး
ဟာ အထက်မှာဖေါ်ပြခဲ့သည့်အတိုင်းအစဉ်
အလာမပျက်နှစ်ဆန်းတစ်ရက်နေ့ ရောက်
တိုင်းသံဃာတော်တွေကိုနှစ်ဦးဆွမ်းကပ်လှူ
မယ် သက်ကြီးအဖိုးအဖွားတွေကိုကန်တော့
ကြမယ်ဆိုသည့်စိတ်အမြဲရှိနေသည့်အတွက်
ကုသိုလ်တွေကြိုတင်ရနေပါပြီ။ဒီလိုလှူဒါန်း
ဖို့ ဆိုသည်မှာတစ်ဦးကောင်းတစ်ယောက်
ကောင်းလုပ်၍မရပါ။မည်ကဲ့သို့ ဆောင်ရွက်
ကြမလဲ ဆိုသည်ကိုကြိုတင်ညှိနှိုင်းကြ
တိုင်ပင်ကြပြီး အများထည့်ဝင်ငွေများရရှိ
နိုင်ရန်အတွက်နှစ်ဆန်းတစ်ရက်မရောက်မှီ
သင်္ကြန်မကျခင်ရပ်ကွက်ထဲရှိစေတနာရှင်
များထံတစ်အိမ်တက်ဆင်းအလှူခံကြပါ
တယ်။အံ့သြဖွယ်ရာကောင်းပါတယ်။သဒ္ဓါ
အမြဲပေါက်နေသည့်အလှူရှင်များကလှ
လိုက်သည့်ငွေကြေး တစ်နှစ်ထက်တစ်နှစ်
ပိုပိုလာပါတယ်။ရပ်ကွက်အတွင်းမှာစက်မှု
ယက္ကန်းတွေကပေါတော့အဖိုးအဖွားတွေကို
ကန်တော့ဖို့ သူတို့ စင်ထွက်ယက္ကန်းပုဆိုး
တွေကိုလည်းလှူကြပါတယ်။အခြားပစ္စည်း
တွေလဲလှူကြပေါ့ဗျာ တစ်ကယ်ကြည်နူး
စရာပါ။အလှူခံရင်းနဲ့ ဒီနှစ်မှာအဖိုးအဖွား
အသက်(၇၅)ပြည့်ပြီလားဆိုပြီးမေးပေါ့။
အဖိုးအဖွားတွေကလဲဒို့ တော့(၇၅)နှစ်ပြည့်
ပြီ ဆိုပြီးစာရင်းပေးကြ။ကျနော်တို့ ကအဖိုး
အဖွားအသက်(၇၅)နှစ်ပြည့်လို့ သတ်မှတ်
ထားတာကိုး။ကန်တော့တဲ့ရည်ရွယ်ချက်
ရှိပါသေးတယ်။ကျနော်တို့ ကအဖိုးအဖွား
တွေပီတိအားဆေးတွေတိုက်ကျွေးနေတါပါ
သူတို့ တစ်တွေကိုကျနော်တို့ လက်အုပ်ချီ
ကန်တော့လိုက်တိုင်းနောက်နှစ်ဒို့ အသက်
ဆက်ရှည်နေအုံးမယ်လို့ ပြောနေသယောင်
မျက်နှာတွေမှာဖေါ်မပြနိုင်တဲ့အပြုံးတွေနဲ့ 
ပေါ့ဗျာ။ကန်တော့တဲ့ငွေ ပစ္စည်းဆိုတာ
သုံးစွဲပြီရင်ကုန်သွားမှာလေ။ဒါပေမယ့်ခုနက
ပီတိအားဆေးကမကုန်သလို ကန်တော့တဲ့
သူများရမယ့်ကုသိုလ်တွေကလဲမနဲဖူးဗျ။
ဒါ့ကြောင့်ကျနော်တို့ သာစည်မြို့
သီရိမင်္ဂလာရပ်ကွက်လေးမှာအိမ်ခြေ၂၀၀
ကျော်ရှိတယ်။သူတို့ လှူဒါန်းငွေပစ္စည်းတွေ
နဲ့ ဒုတိယအကြိမ်မြောက်အိမ်တွေမှာ
ကိုးကွယ်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုအနေ
ကဇာတင်လှူခြင်းနဲ့ (၁၄)နှစ်မြောက်(၁၄)
ကြိမ်မြောက် ဗုဒ္ဓဘုရားရှင်နှင့်ဆရာတော်
သံဃာတော်များကိုဆွမ်းခဲဘွယ်ဘောဇဉ်
များနဲ့ နှစ်ဦးဆွမ်းကပ်လှူကြမယ်။အသက်
(၇၅)နှစ်ပြည့်ပြီးအဖိုးအဖွား(၂၃)ဦးကို
ကျနော်အထက်မှာတင်ပြခဲ့သလိုစိတ်ပီတိ
တိုက်ကျွေးတဲ့ကန်တော့ပွဲကိုအစဉ်အလာ
မပျက်ဆောင်ရွက်တော့မှာပါ။ကျန်ပါသေး
တယ် ဒီအဖိုးအဖွားတွေကိုသဒ္ဓါကြည်လင်
ှုဗုဒ္ဓဘာသာနွယ်ဝင်ကုသိုလ်ရှင်များရဲ့လှူ
ဒါန်းထားတဲ့ထမင်းဟင်းမုန့်တွေတဲ့ မဏ္ဍာပ်
မှာကျွေးမွေး အဖိုးအဖွားတွေအားပါးတရ
စားနေတာမြင်တွေ့ တော့ အော်ငါတို့ လဲ
တစ်နေ့ အိုရအုံးမယ်ဆိုတဲ့အသိရယ် ငါတို့ 
ဒီအဖိုးအဖွားတွေလောက်မှအသက်ရှည်ပါ့
မလားလို့ သတိသံဝေဂတွေရနေရင်း
ကျနော်ရေးတဲ့စာလေးဖတ်ပြီးကုသိုလ်တွေ
ပွားများနိုင်ကြပါစေလို့ ။


သာစည်သား
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment