For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 10 April 2014

သစ်တောများတွင် သဘာဝအလျှောက် ဓမ္မတာမျိုးဆက်ဖြင့် အလေ့ကျပေါက်သော တမလန်းသစ်မာများအား နိုင်ငံတကာဈေးကွက်မှ အထူးနှစ်ခြိုက်လျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စိုင်းလူမင်း
       မြန်မာနိုင်ငံရှိ သစ်တောများတွင် သဘာဝအလျှောက်
ဓမ္မတာမျိုးဆက်ဖြင့် အလေ့ကျပေါက်ရောက်လွေရှိသည့်
သစ်မာအမျိုးအစား တမလန်းသစ်ကို နိုင်ငံတကာဈေးကွက်
တွင် အကြိုက်တွေ့သည့် သစ်အမျိုးအစားဖြစ်ပြီး တမလန်း
သစ်မာသားသည် အသားမာပြီး ကျစ်သဖြင့်ပရိဘောဂလုပ်
ငန်းများတွင် အများဆုံးအသုံးပြုသည့် အဖိုးတန်ကုန်ကြမ်း
(၁)ခုဖြစ်သည်။
        အဆိုပါတမလန်းသစ်များကို နိုင်ငံတကာဈေးကွက်သို့
 စံချိန်စံညွှန်းနှင့်အညီ ရောင်းချခြင်းထက် အများအားဖြင့်
 မှောင်ခိုဈေးကွက်မှတဆင့် ရောင်းချခြင်းများ ရှိနေသဖြင့်
နိုင်ငံတကာဈေးကွက်တွင်  ဈေးကောင်းရလျှက်ရှိပြီး အရှေ့
တောင်အာရှနိုင်ငံများအပြင် ဥရောပနိုင်များ၌လည်း နိုင်ငံခြား
သားများ အကြိုက်တွေ့သည် သစ်အမျိုးအစားပင်ဖြစ်သည်။
        ယခုအခါ နိုင်ငံတော်မှ တမလန်းမှောင်ခိုဈေးကွက်သို့
 ထိရောက်စွာနှိမ့်နှင်းလျှက်ရှိ
သလိုပြည်တွင်းမှ တရုတ်နိုင်ငံ
တွင်းသို့ နည်းမျိုးစုံဖြင့် တင်ပို့ရောင်းချလျှာက်ရှိပြီး ယခင်
နှစ်က ယခင်နှစ်က တောအတွင်းရှိသော တမလန်းသစ်
ပေါက်ဈေးမှာ(၁)တန်လျှင် တစ်သိန်းငါးသောင်းမှ တစ်သိန်း
ရှစ်သောင်းအထိရှိပြီး ၂၀၁၃ မှ ၂၀၁၄ နှစ်အတွင်း (၁)တန်
လျှင် သုံးသိန်းမှ ငါးသိန်းဝန်းကျင်ရှိသည်။ တမလန်းသားများ
မှာ မြန်မာပြည်အနှံ့ရှိ သစ်တောများတွင် အနည်းငယ်ကျန်ရှိ
တော့သည်ဟု သိရသည်။
        တမလန်းသစ်များအား နိုင်ငံတော်အနေဖြင့် မှောင်ခိုထုတ်
ရောင်းချခြင်းများကို ထိရောက်စွာနှိမ့်နှင်းခြင်းဖြင့် မှောင်ခိုလုပ်
ငန်းများ ခဏတာရပ်တန့်စေနိုင်သော်လည်း ကုန်ချောထုတ်
လုပ်ရောင်းချနိုင်သော နည်းစနစ်ဖြင့် ဈေးကွက်ကောင်းရရှိရန်
ဆောင်ရွက်သင့်ပါသည်။

                                      စိုင်းလူမင်း၊မီဒီယာဂရု
                                        Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment