For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 26 April 2014

ကောလင်းမြို့ဌာနခွဲ(၂) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ၏ မှတ်ပုံတင်လုပ်သားများမှာ အလုပ်အကိုင်၊ စားဝတ်နေရေးအခက်ခဲဖြစ်သဖြင့် တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပခဲ့ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကောလင်းမြို့ဌာနခွဲ(၂)ကုန်စည်ပို့ဆောင်ရေးဌာနခွဲ၏ ကုန်တင်ကုန်ချလုပ်ငန်းများကို ကုန်သည် ကိုယ်စလှယ်များမှ ပြင်ပလုပ်သားများဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် ဌာနခွဲ(၂)၏ မှတ်ပုံတင်လုပ်သားများမှာအလုပ်အကိုင်နည်းပါးပြီးမိသားစုစားဝတ်နေရေး
အခက်ခဲဖြစ်သဖြင့် တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပခဲ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 စိုင်းလူမင်း...
        စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊
 ပြည်တွင်းကုန်တင်ကုန်ချကော်မတီ
ရုံးအား အလုပ်
သမားဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ ၂၀၀၂ ခုနှစ်၊ ဒီဇင်
ဘာ(၉)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ကော
လင်းမြို့နယ် ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး
အား ၂၀၀၃ခုနှစ်၊ ဇန်န၀ါရီ(၁)ရက်နေ့တွင် ၀န်ကြီး
ဌာနလက်အောက်မြို့နယ်ရုံးအဖြစ် စတင်ဖွဲ့စည်း
ဆောင်ရွက်ခဲ့သည်။
         ကောလင်းမြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ
 ကော်မတီရုံးလက်အောက်တွင် ဌာနခွဲ(၂)ခုဖြင့် ဖွဲ့
စည်း ထားရှိပြီး ဌာနခွဲ(၁)၊ မြို့မဌာနခွဲ၏ ကုန်တင်
ကုန်ချလုပ်ငန်းများမှာ မှတ်ပုံတင်လုပ်သားများအနေ
ဖြင့် ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော်လည်း
ဌာနခွဲ(၂)ကုန်စည်ပို့ဆောင်ရေးဌာနခွဲ၏ ကုန်စည်ပို့
ဆောင်ရေးလုပ်ငန်းများကို  ကုန်သည်ကိုယ်စလှယ်
များမှ ပြင်ပလုပ်သားများအနေဖြင့် လုပ်ကိုင်ဆောင်
ရွက်နေသည့်အတွက် ဌာနခွဲ(၂)၏ မှတ်ပုံတင်လုပ်သား
များမှ အလုပ်အကိုင်နည်းပါးပြီး မသားစုစားဝတ်နေရေး
 အခက်အခဲဖြင့် ကြုံတွေ့လျှက်ရှိသောကြောင့် မြို့နယ်
ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး၊ ဦးစီးအရာရှိ
 ဦးသောင်းထွန်းမှ မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့
 ဌာနခွဲ(၂)၊ကုန်စည်ပို့ဆောင်ရေးဌာနခွဲ၏ ကုန်တင်
ကုန်ချလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ
လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုနိုင်ပါရန် တင်ပြခဲ့ကြောင်း
သိရသည်။
       ထိုသို့တင်ပြချက်အရ မြို့နယ်စီမံခန့်ခွဲရေးကော်
မတီမှ ဦးစိန်မြင့်၊ ရုံပိုင်ကြီး(အထူးတန်း)၊ အလုပ်သမား
 ဦးစီးဌာန ဦးစီးမှူး ဦးသောင်းထွန်း၊ မီးရထားရဲစခန်း
(ကောလင်း)မှ တပ်ခွဲမှူး ရဲအုပ် ကျော်သောင်း၊
ဒေါ်ကြူကြူဆွေ၊မန်နေဂျာ၊ လူမှုဖူလုံရေးဦးစီးဌာနတို့
ကို တာဝန်ပေးအပ်သဖြင့် ဧပြီလ(၂၅)ရက်နေ့ နံနက်
(၉)နာရီ အချိန်တွင်  မြန်မာမီးရထား၊ ရုံပိုင်ကြီးရုံးခန်းတွင်
 ကုန်သည်ကိုယ်စလှယ်များနှင့် တွေ့ဆုံပြီး လုပ်ငန်းညှိ
နှိုင်း အစည်းအဝေးပြုလုပ်ကျင်းပခဲ့သည်။
       ကောလင်းမြို့နယ် ပြည်တွင်းကုန်တင်ကုန်ချကော်
မတီရုံး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုပြည်
တွင်းကုန်တင်ကုန်ချ ကော်မတီ(ရုံးချုပ်)၏ လုပ်ခ၀င်ငွေ
 လျာထားချက်မှာကျပ်သိန်း(၂၉၁၆၀၀၀၀၀)ဖြစ်ပြီး ရံပုံ
ငွေ လျာထားချက်မှာ ကျပ်သိန်း (၁၇၅၀၀၀၀၀)ဖြစ်ပြီး
ဝင်ငွေရရှိမှု အခြေအနေမှာ ၄/၂၀၁၃ လမှ ၁၂/၂၀၁၃ လ
အထိ လုပ်ခ၀င်ငွေ စုစုပေါင်း ကျပ်သိန်း( ၁၃၃၅၈၅၇၆၂)
ရရှိပြီး ရံပုံငွေအားဖြင့် ကျပ်သိန်း(၇၈၅၈၈၄၇) ရရှိခဲ့ပါသဖြင့်
 အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းမှာ (၄၅.၈၁) ရာခိုင်
နှုန်းသာ ရရှိပါသဖြင့် လျာထားချက်ပြည့်မီအောင် ဆောင်
ရွက်နိုင်ရေးနှင့် မှတ်ပုံတင်လုပ်သားများ၏ စားဝတ်နေရေး
 အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ၀န်ကြီးဌာန၏
ညွှန်ကြားချက်နှင့်အညီ ဌာနခွဲ(၂)၏ ကုန်တင်ကုန်ချလုပ်
ငန်းများအား စနစ်တကျဖြင့် လုပ်ကိုင်ဆောင်ရွက်လိုပါ
ကြောင်း အလုပ်သမားဦါ်စီးမှူး ဦးသောင်းထွန်းမှ ဆွေး
နွေး တင်ပြလဲ့သည်။
       အဆိုပါ အစည်းအဝေးတွင် ကုန်သည်ကိုယ်စလှယ်
များဘက်မှ ဌာနခွဲ(၂)အား မိမိတို့လိုအပ်ချက်ဖြစ်သော
 ကုန်သည်(၁)ဦးလျှင် ယာဉ်(၁)စီးနှုန်း စီစဉ်ဆောင်ရွက်
ပေးရန်နှင့် ထိုယာဉ်ပေါ်တွင် အလုပ်သမား(၃)ဦးပါရှိမည်
ဖြစ်ပြီး လုပ်အားခနှုန်းထားဟောင်းအနေဖြင့် ကုန်ပစ္စည်း
များအပေါ် သတ်မှတ်ထားသည့်အတိုင်း ငွေကြေးယူရန်
 ဆွေးနွေးခဲ့ကြသဖြင့် ဌာနခွဲ(၂)အနေဖြင့် အဆိုပါ စည်း
ကမ်းချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆို
ပါစည်းကမ်းချက်အတိုင်း မေလ(၁)ရက်နေ့မှ စတင်ပြီး
 လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကုန်သည်ကိုယ်စလှယ်များနှင့် ဌာနခွဲအလုပ်
သမားများ နှစ်ဦးနှစ်ဖက်ပြဿနာပေါ်ပေါက်ရခြင်းမှာ ၂၀၁၃
 ခုနှစ်တွင် မီးရထားတန်ဆာခ တက်လာ၍ ကုန်ပစ္စည်းများကို
 မချနိုင်ပါက ဒဏ်ငွေ(၆၀၀၀၀ိ/-)ကျပ် သတ်မှတ်လိုက်သည့်
အတွက် ကုန်သည်ကိုယ်စလှယ်များအနေဖြင့် ၎င်းတို့
ကုန်ပစ္စည်းများအား ကုန်စည် စီးဆင်းမှု မြန်ဆန်နိုင်စေရန်
 ပြင်ပကလုပ်သားများကို ခေါ်ယူလုပ်ကိုင်ဆောင်ရွက်ကြ
သဖြင့် အဆိုပါ ကိစ္စရပ်များ မလိုလားအပ်ဘဲ ဖြစ်ပေါ်ရ
သည်ဟု ဆိုသည်။
                              စိုင်းလူမင်း၊ မီဒီယာဂရု
                                 Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment