သာမဏေကျော်ရှင်စက္ကပါလာလင်္ကာရ၏ ဂုဏ်ပြုပူဇော်ပွဲကို ၁၃၇၆ ခုနှစ်တန်ခူးလဆုတ် ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ညောင်ပင်သာရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌
ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါဂုဏ်ပြုပွဲသို့ကောလင်းမြို့နယ် ဝန်းသိုမြို့နယ် အင်းတော်မြို့နယ်နှင့်မန္တလေးမြို့ကွန်ချာ ၂တို့မှရဟန်းသံဃာအပါး ၁၃၀ကျော် ကြွရောက်ချီးမြင့်ကြပြီး ဒေသခံဒကာဒကာမ ၁၀၀၀ဦးခန့်နှင့် ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့နယ်အမှုဆောင်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
>>>>>>>>>>>>>>>>>>>>>

သာမဏေကျော်ရှင်စက္ကပါလာလင်္ကာရအား ကောလင်းမြို့နယ် ညောင်ပင်သာအုပ်စုညောင်ပင်သာရွာ တွင် အဖဦမန်းရွေ၊ အမိဒေါ်စုတို့မှဖွားမြင်ခဲ့ပြီး အသက် ၁၁ နှစ်သားအရွယ်၌သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။
၁၃၆၉ခုနှစ်တွင်အစိုးရပထမငယ်တန်း ၊ ၁၃၇၁
ခုနှစ်တွင်ဂန္ဓာရမိကသာမဏေကျော် ပထမဆင့် သကျသီဟသာမဏေကျော်ပထမဆင့်၊
သာသနာ့ဝန်ဆောင်သာမဏေကျော်၊ ၁၃၇၃ ခုနှစ်တွင် မြစကြာသာသနင်္ကုရသာမဏေကျော်ဒုတိ ယဆင့် သကျသီဟသာမဏေကျော် ဒုတိယဆင့် သာသနာ့ဝန်ဆောင်သာမဏေကျော်ဒုတိ ယဆင့်၊ ၁၃၇၅ ခုနှစ်တွင်ဂဏဝါစကသာမဏေကျော်တတိ ယဆင့် ဝိသုဒ္ဓါရုံ သကျသီဟသာမဏေကျော်တတိယဆင့် သာသနာ့ဝန်ဆောင်သာမဏေကျော်တတိ ယဆင့်တို့ကိုအောင်မြင်ခဲ့သည်။
သားကောင်းမိခင်/ဖခင် သောကစင်ပုံ ပျော်ရွှင်ဂုဏ်ကို တွေ့ကြုံခံစား ရင်ဝယ်ပွား လျှက်မှတ်သားအားကျမိပါ၏........ ...
သွေးသစ်
၁၃၆၉ခုနှစ်တွင်အစိုးရပထမငယ်တန်း
သားကောင်းမိခင်/ဖခင် သောကစင်ပုံ ပျော်ရွှင်ဂုဏ်ကို တွေ့ကြုံခံစား ရင်ဝယ်ပွား လျှက်မှတ်သားအားကျမိပါ၏........
သွေးသစ်
No comments:
Post a Comment