For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 23 April 2014

မကွေးမြို့က အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး သို့ တက်ရောက်ခဲ့သော သတင်းသမားတစ်ဦး၏ ပေးစာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”




မကွေးမြို့မြသလွန်စေတီတော်၏ ဘုရားပွဲတော်ဈေးကွင်းတွင် မ.ဘ.သ ဗဟိုမှ
ဆရာတော်များ၊ ဥပဒေ ပညာရှင် ဦးအေးပိုင်နှင့် ကုလားနိုင်မင်း
ဦးနေမျိုးဝေတို့က ဦးဆောင်၍ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင်

မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး
သို့ နေ့လည်(၂)နာရီမှာ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူ
သုံးထောင်ခန့်ရှိမယ်ထင်ပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ မင်းဘူးမြို့က
ဆရာဦးကျော်ဝင်းမြင့်နဲ့ ကျေးရွာသူ ကျေးရွာသားတွေ သုံးဘီးများ ကားများနဲ့
လာရောက်တာတွေ့မြင်ရပါတယ်။ ဒီလောက်နေပူဒဏ်ပြင်းနေချိန်မှာ
ဒီလူတွေလာရောက်ကြတာ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်
ဓါတ်ရှင်သန်ထက်မြက်ရေးအတွက် တစ်ခဲနက်လာကြလို့ အံ့သြစရာကောင်းလှပါတယ်။
        မကွေးဆရာတော် ဦးပါမောက္ခ ဟောပြောနေတဲ့အချိန် ကျွန်တော်ယူနတီသတင်းထောက်
တင်ရွှေ (မင်းဘူး)က ဟောပြောစင်နောက်မှာ ဖြတ်ပြီးလမ်းလျှောက်နေချိန်မှာ
အမျိုးသမီးရေးရာမှဟု ယူဆရသော အဖွဲ့မှ ဆရာတော်နောက်မှာ
ကုလားတစ်ယောက်လမ်းလျှောက်နေပါတယ်လို့ ဖုန်းဆက်သံကြားလိုက်ရပါတယ်။
အဲဒီအချိန် သတင်းထောက် ပိုင်ဇေ(မကွေး) က အဲဒါကျွန်တော်တို့
မီဒီယာအဖွဲ့ကပါလို့ ၀င်ရောက်ပြော ကြားလိုက်တယ်။ အဲဒါကြောင့်
ကျွန်တော်မခံလိုက်ရတာပေါ့၊ ဒီလောက်နဲ့ ပြီးသလားဆိုတော့ မပြီးသေးဘူးခင်ဗျ၊
ကျွန်တော်ရယ်၊ ပိုင်ဇေ(မကွေး)၊ ကောင်းသုတ(မင်းဘူး)၊ ဆရာမြင့်ဝေ(မင်းဘူး)
နဲ့ ဇော်မိုးထွန်း(မကွေး) တို့ ရပ်နေတဲ့နေရာကို လူတစ်ဦးရောက်လာပါတယ်။
``ခင်ဗျားတို့က ဘယ်ကလဲ၊ ဘာလာပြီးလုပ်တာလဲ´´ ဆိုပြီးမေးပါတယ်။
ကောင်းသုတ(မင်းဘူး)ကလည်း လာမေးတဲ့လူကို ``ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့မေး
ရတာလဲလို့´´ ပြန်ပြီးမေးခွန်းထုတ်ပါတယ်။  မေးတာကို မဖြေသေးဘဲ  အဲဒီလူက
ကျွန်တော့်ကို လက်ညှိးထိုးပြီး သူက ဘာလာလုပ်တာလဲ၊ ဘယ်သူလဲ
ဆိုမေးပြန်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်က ယူနတီဂျာနယ် သတင်းထောက်
တင်ရွှေ(မင်းဘူး)ပါ၊ ခင်ဗျားနာမည်ကရော ဘယ်သူလဲ၊ ဘာသဘောနဲ့မေးရတာလဲ၊
ဘာတာဝန်ယူထားတာလဲ ဆိုပြီး ပြန်မေးပါတယ်။ အဲဒီတော့မှ  သူက
ကျွန်တော့်နာမည်း နေမျိုးဝေလို့ ပြန်ဖြေတယ်ဗျာ၊ အမှန်ဖြစ်ရမှာက
ကျွန်တော်က နေမျိုးဝေ ပါဆိုပြီးစတင်မိတ်ဆက်ပြီး မှ သူက မေးမြန်ရမှာပါ။
ဒါဆို အားလုံး အိုကေ သွားကြမှာပါ၊ သူလည်း ဗုဒ္ဓဘာသာကိုးကွယ်သူ၊
ကျွန်တော်လည်း ဗုဒ္ဓဘာသာ ထေရ၀ါဒ ကို ကိုးကွယ်ထားတဲ့
ဟိန္ဒူကုလားလူမျိုးတစ်ယောက်ပါဗျာ..။ သူ့ကို အသံကျယ်ကျယ်နဲ့ ကိုနေမျိုးဝေ
ရေ လို့ အော်ခေါ်ပြီးပြောတော့ သူက ရှုးရှုး တိုးတိုးဆိုတဲ့သဘောနဲ့
သူ့လက်ညှိုးကို ပါးစပ်ကပ်ပြပြီးပြောတယ်။ သူနဲ့ ပါလာတဲ့ အဖွဲ့ကလူတွေကလည်း
ကျွန်တော့်ကို သံသယစိတ်နဲ့ ၀ိုင်းပြီးကြည့်နေတာ ခံလိုက်ရပါတယ်။
ကျွန်တော့်ကို ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရပါတယ်။
ကျွန်တော်လည်း ရှက်ရှက်နဲ့ ဆရာတော် သုံးပါး ဟောပြီး ပြန်လာခဲ့ပါတယ်။
        ကိုနေမျိုးဝေကို လေးစားပါတယ်။ ဒါပေမဲ့ သူတို့ဖိတ်ကြားတဲ့ ဖိတ်စာမှာ
ကုလားနိုင်မင်း ဦးနေမျိုးဝေလို့ ရေးသားထားပါတယ်။ အဲဒါ စာဖတ်ပရိတ်သတ်တွေ
တွေးပြီးကြည့်စေချင်ပါတယ်။ နောက် သူကပြောသေးတယ်ဗျ၊
ဒီလိုဗီနိုင်းဆိုင်းဘုတ်ကြီတွေနဲ့ လုပ်နေတဲ့ပွဲကို ခင်ဗျားတို့
သတင်းသမားတွေက မရေးကြဘူး တဲ့။ သတင်းသမား တစ်ဦးက မေးတဲ့မေးခွန်းကိုလည်း
ပြန်မဖြေဘူးဗျာ၊ ကျွန်တော် တင်ရွှေ(မင်းဘူး)ကတော့ လူ့အခွင့်အရေး
ချိုးဖောက်ခံလိုက်ရတယ်လို့ ကိုနေမျိုးဝေးကို ပြောချင်ပါတယ်။
ခင်ဗျားပြောသလို မကွေးသတင်းသမားတွေက မညံ့ကြပါဘူးဗျာ..၊ ကိုယ့်သတင်းကို
ကိုယ်တိုင်တာဝန်ယူပြီး ရေးသားနေတဲ့သတင်းသမားတွေပါ၊ တာဝန်ယူမှုရှိတဲ့
မီဒီယာခေတ်ဖြစ်နေပါပြီ ကိုနေမျိုးဝေရေ..။
တင်ရွှေ(မင်းဘူး)
ယူနတီဂျာနယ် သတင်းထောက်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

1 comment:

  1. ဒါ​လေးများ ကုလားမို့လို့ကြည့်​မိကြတာကို လူ့အခွင့်​​ရေးချိုး​ဖောက်​ခံရတယ်​လို့ ​ပြောလို့ရသလား

    ReplyDelete