ညောင် လေး ပင် မြို့နယ် တရားရုံးမှာ၊ ဦး ဇော်မိုးခိုင် ဆိုသူက၊လ၊ဝ၊က ပုံစံ ၆၆/၆
"အိမ် ထောင် စု လူဦး ရေစာရင်း" စာရွက် တစ်ရွက် တင် သွင်းခဲ့ပါတယ်။အဲဒီစာရွက် ဟာ ညောင် လေးပင် လ၊ဝ၊က ရုံးက တရားဝင် စာရွက် မဖြစ်နိုင် လို့၊တရားပြိုင် ဖြစ်သူ
က အဲဒီ စာရွက် ကို စစ် ဆေး ပေးဖို့ ပြည် ထောင် စု ဝန်ကြီး ဦးခင် ရီ နဲ့၊ တိုင်း၊ခရိုင် လ၊ဝ၊က ညွှန်ကြား ရေးမှုးများကို၊တိုင် ကြားခဲ့ပါတယ်။
အဲဒီစာရွက် ပေါ်မှာ ရေးထိုးထားတဲ့ လ၊ဝ၊က ဦးစီးမှူးရဲ့ လက်မှတ်ဟာ၊စာရွက် ထုတ် ပေးချိန်(၁၃-၇-၂၀၁၁)က တာဝန်ထမ်း ဆောင် နေတဲ့၊ဦးစီးမှူး လက်မှတ် မဟုတ်ဘဲ၊ ပြောင်း ရွှေ့သွားပြီးဖြစ်တဲ့၊အရာရှိရဲ့ လက်မှတ်ဖြစ် ကြောင်း၊တိုင် စာမှာ ဖေါ်ထုတ် ရေးသားတိုင် ကြားခဲ့ ပေမဲ့၊ ဒီနေ့ အထိ စစ် ဆေး ဖေါ်ထုတ်ပြီး ကြောင်း၊လုံး ဝ မသိရ သေးပါဘူး။
ဒါ ကြောင့် တိုင် ကြားသူက ဦး ဇော်မိုးခိုင် ကိုင် ဆောင် ထားတဲ့၊ပုံစံ ၆၆/၆ စာရွက် ရုံးလက်ခံ ရှိ/မရှိ စာထုတ်ပြန် ပေးဖို့၊ ညောင် လေးပင် လ၊ဝ၊က ရုံးကို ကိုယ် တိုင် သွားပြီး၊စာနဲ့ တင် တောင်း တော့လည်း၊ခရိုင် ကို ခွင့် ပြုချက် တောင်းပြီးမှ ထုတ် ပေးနိုင် မယ် ပြောပြီး၊အခု အချိန် အထိ၊*တစ်လ ကျော်ပါပြီ* လုံးဝ အ ကြောင်း မပြန်ပါဘူး။
## #ပြည်သူ့ ဝန်ထမ်း တွေဖြစ်ပြီး၊ကိုယ့်ဌာနရဲ့ စာရွက် စာတမ်း တစ်ခု ကို တရားမ ဝင် ကိုင် ဆောင် အသုံးပြု နေတာနဲ့ ပတ်သက်လို့၊တိုင် ကြားသူရှိလာလျှင် စစ် ဆေး ပေးဖို့ တာဝန်ရှိပါလျက် နဲ့ စစ် ဆေး အ ရေးယူမှု မရှိတာဟာ၊နိုင် ငံ အတွက် ရင် လေး စရာပါ။###
ဒါ ကြောင့်၊ပြည် ထောင် စု ဝန်ကြီး။ဦး ခင် ရီ ထံ၊ တိုင် ကြားစာ ထပ်မံ ပေးပို့ ထား သလို၊ပြည် ထောင် စု ဝန်ကြီး အ နေနဲ့လည်း နိုင် ငံအတွက် အလွန် အ ရေးကြီးတဲ့ မိမိ ဌာနရဲ့ တရားမဝင် စာရွက် စာတမ်း ကိုင် ဆောင် အသုံးပြုသူကို စစ် ဆေး ဖေါ်ထုတ် အ ရေးယူ ပေး စေလိုပါ ကြောင်း တင် ပြ လိုက်ရပါတယ်။
"""မီး မောင်း"""
>>>>>>>>>>>>>>>>>>>>>