ကျွန်တော်သည်စစ်ကိုင်းတိုင်းေ
ဒသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ချွန်းတောင်ကျေးရွာအုပ်စု ချွန်းတောင်ကျေးရွာတွင်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ချွန်းတောင် တွင်မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေပါသောကျောင်း ဆရာ ဖြိုးတေဇာကျော်ဖြစ်ပါသည်။
ကျွန်တော်၏နေထိုင်ရာမွေးရပ်ြေ မမှာ စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက်
ဈေးတန်း၊လမ်းမတော်ဖြစ်ပါသည်။ ကျွန်တော်သည်ယခုတာဝန်ကျရာ
အ.လ.က.(ခွဲ)ချွန်းတောင်တွင် ၁၈.၁၀.၂၀၁၁ မှစတင်၍
တာဝန်ထမ်းဆောင်ခဲ့ရာယခုအချိန်တွ င် ထိုကျောင်း၌ လုပ်သက်၂နှစ်ကျော် ၍ ၃နှစ် အတွင်းသို့ရောက်ရှိနေခဲ့ပါပြီ။
ကုန်လွန်ခဲ့ပါသောလုပ်သက်၂နှစ်ေ ကျာ် အတွင်းတွင်သောကဒုက္ခများစွာနှင့် ကြုံတွေ့ခဲ့ရပါသည်။
မိဘမဲ့ဖြစ်သောကျွန်တော့်ကိုငယ် စဉ် ကလေးဘဝမှစ၍ ယခုပြည်သူ့ဝန်ထမ်း
ကျောင်းဆရာဘဝအထိ ရောက်ရှိစေရန် မြေတောင်မြှောက်ပေးခဲ့ပါသော
(ကျောင်းထားပေးခဲ့ပါသော)မွေးစား မိခင်(ဖခင်၏အစ်မ) ကွယ်လွန်ခဲ့ပါသော်လည်း
တာဝန်ချိန် စာမေးပွဲကာလ အတွင်းဖြစ်နေပါ၍ရွှေဘိုမြို့ သို့ သွားရောက်ကာ
သင်္ဂြိုလ်ကန်တော့ ရေစက်ချ အမျှဝေမှုပင် ပြုလုပ်ခွင့်မရခဲ့ပါ။
ထိုအဖြစ်ဆိုး၏နောက်ပိုင်းတွင် လည်း အတူနေ နှလုံးရောဂါသည် အဘွားဖြစ်သူကိုလည်း ပြုစုမှု လုံးဝပြုလုပ်ခွင့်မရလိုက်ပါပဲနှ င့်
ဆုံးရှုံး လိုက်ရပြန်ပါသည်။ကျွန်တော် နေထိုင် အခြေချရာ ရွှေဘိုမြို့သို့
ပြန်ရောက်ချိန်တွင် အဘွားအား သင်္ဂြိုလ်ရန် သရဏဂုံတင်ချိန်ကိုသာမှီခဲ့ပါတော့ သည်။
ထိုအဖြစ်အပျက်များသည် ကျွန်တော့်ကိုရင်ကွဲပက်လက် ယူကြုံး မရဖြစ်အောင်ခံစားစေခဲ့ရပါသည်။ထိုခံစားချက်များသည် ကျွန်တော့်ဘဝ ၏အိမ်မက်ဆိုးများ ကဲ့သို့ အစဉ်အမြဲ ခြောက်လှန့်နေပါတော့သည်။
သို့ပါသော်လည်း ကျွန်တော်သည် ပြည်သူ့ဝန်ထမ်း ပီသစွာဖြင့် စေလွှတ် တာဝန်ပေးသောဒေသ၌ ကျသည့် တာဝန်ကိုကျေပွန်စွာ၊ဝန်ထမ်းပီ သစွာ ထမ်းဆောင်ခဲ့ပါသည်။
အမိမြန်မာနိုင်ငံတော်မှပေးအပ် သောတာဝန်များကို မငြင်းတမ်း ထမ်းဆောင်လိုပါသော်လည်း ယခုအချိန်၌ ကျွန်တော့်တွင်ပြင်းထန်သောငှက် ဖျားရောဂါဝေဒနာကို
ခံစားနေရပါသည်။ကံကောင်းထောက်မ၍ ကျောင်းပိတ်ရက်ရှည်တွင် ကျွန်တော်
နေထိုင်ရာရွှေဘိုသို့ ပြန်ခိုက် ဆေးကုသမှုကြောင့် ငှက်ဖျားပိုး
ဦးနှောက်အတွင်းသို့ရောက်ကာ အသက်ပေး လိုက်ရခြင်းမှကင်းဝေးခဲ့ရခြင်း
ဖြစ်ပါသည်။အပူပိုင်းဒေသ မှကျွန်တော့် အနေဖြင့် ကျွန်တော် တာဝန်ကျနေသော
မင်းဝံတောင်ခြေရှိ ချွန်းတောင်ကျေးရွာ၏ ရာသီဥတုမှာ
ပြင်းထန်လှပါသည်။ထို့ပြင် ကျွန်တော်၏ကျန်းမာရေးအတွက် စောက်ရှောက်မှု
ကုသမှုအတွက်လည်း လွန်စွာ အားနည်းလှပါသည်။ချွန်းတောင် ကျေးရွာအုပ်စု
တစ်ခုလုံးတွင်မှ သားဖွား ဆရာမ တစ်ဦးသာရှိပါသည်။
ပို၍ဆိုးသည်မှာပွင့်လင်းရာသီမှ လွဲ၍ လမ်းပန်းဆက်သွယ် ရေးမှာခက်ခဲ လှပါသည်။မိုးအကုန်ဆောင်းအကူး နွေအကုန်မိုးအကူးရာသီများတွင်ြေ ခလျင်
မှလွဲ၍ သွားလာခြင်း မပြုနိုင်ပါ။သို့ပါ၍ ကျွန်တော်၏ ကျန်းမာစွာ
အသက်ရှင်နေထိုင်ရေး အတွက် လုံခြုံ စိတ်ချရမှု အားနည်းပြီး
စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ နှင့်အတူ ကိုယ်၏ဆင်းရဲခြင်း
စိတ်၏ဆင်းရဲခြင်းများကို များစွာ ခံစား နေရပါသည်။
၎င်းပြင်ပို၍ ဆိုးဝါးသော အကြောင်းတရားမှာ ကျွန်တော်နေထိုင်ရာ ရွှေဘိုမြို့ရှိ ရွှေဘိုခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်များရုံးတွင်
စာရေးအဖြစ် တာဝန် ထမ်းဆောင်နေပါသော ကျွန်တော်၏ ဇနီးသည်မှာ နေ့စေ့ လစေ့
ကိုယ်ဝန် နှင့်ဖြစ်ပြီး ကိုယ်ဝန်မှာကလေး အနေအထားမမှန်သော အခြေအနေ ကြောင့်
စိုးရိမ်ရသော ဂရုစိုက်ပြုစုမှု ပေးရန် လိုအပ်သော အခြေအနေ
ဖြစ်ပေါ်နေပါသည်။ကျွန်တော်တို့ ဇနီးမောင်နှံမိသားစုတွင် အတူနေ ကိုယ်ခွဲလည်း
မရှိပါသောကြောင့် ကျွန်တော့် ဇနီးသည်၏ ကိုယ်ဝန် ပြုစု စောက်ရှောက်ရေးအတွက်
ဆေးခန်းဆေးရုံသို့ လိုက်ပို့ခြင်း ပြုစုခြင်း တို့အတွက်ပင် များစွာ အခက်အခဲ
ဖြစ်နေရပါသည်။
အတိတ်မှ ဖြစ်ပျက်ဆုံးရှုံး ခဲ့ရပါ သော အိမ်မက်ဆိုး ကဲ့သို့ အဖြစ်အပျက်များသည် ကျွန်တော့် အားများစွာသော စိုးရိမ်ပူပန် မှုများ ကို ဖြစ်ပေါ်စေပြီး ကျွန်တော့် ဇနီးသည်နှင့် ရင်သွေးအတွက် အချိန်နှင့် အမျှ သောက ပရိဒေဝများ ဖြင့် စိုးရိမ် ပူပန်နေရပါသည်။
ကျွန်တော်မှာ မိမိ၏ ကျန်းမာရေးအတွက် ကာယဒုက္ခ ဇနီးသည်နှင့်ရင်သွေးတို့ အတွက် ပူပန်သောကခံစား ရပါသော စိတ္တဒုက္ခ စသော ဒုက္ခအဖြာဖြာ တို့ဖြင့် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း တို့ကို များစွာ ကြုံတွေ့ခံစား နေရပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ လူကြီးမင်း တို့အနေဖြင့် ယခုကဲ့သို့ ကာယဒုက္ခ စိတ္တဒုက္ခ သောကပရိဒေဝ များစွာ ကြုံတွေ့ ခံစားနေရပါသော ကျွန်တော့် အတွက် ငဲ့ညှာ ထောက်ထား သနားမှုပြုသောအားဖြင့် ကျွန်တော့် ကို ရွှေဘိုမြို့နယ်အတွင်းရှိ အဆင်ပြေ သင့်လျော်သော ကျောင်းတစ်ကျောင်း သို့ပြောင်းရွှေ့ တာဝန်ချထား ပေးပါရန် လူကြီးမင်းတို့အား ရိုသေ လေးစား အားကိုးစွာဖြင့် အသနားခံအပ်ပါသည်။
ပွင့်လင်းမြင်သာ ရှိလာပါသော မီဒီယာကို အားကိုး၍ ကျွန်တော့် အတွက် အခွင့်အရေးများကို တောင်းဆိုနေရခြင်း မဟုတ်ရပါကြောင်း နှင့် အမှန်တကယ်ဖြစ်ပျက် ခံစားရပါသော ဒုက္ခ အပေါင်း တို့ကြောင့် လေးစားရိုသေရပါသော လူကြီးမင်းတို့ထံပါး အသနားခံရခြင်း ဖြစ်ပါကြောင်း ရိုသေလေးမြတ်စွာဖြင့် တင်ပြ အပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အရပ်ရပ်ရှိ ကျွန်တော်ကဲ့သို့ သောကပရိဒေဝမီးများ တောက်လောင် ခံစားနေရပါသော ပြည်သူ့ဝန်ထမ်း အားလုံးတို့ကိုလည်း ၎င်းတို့၏ နေထိုင်အခြေချရာနှင့် အဆင်ပြေ သင့်လျော်ရာသို့ နေရာချ ထား တာဝန်ထမ်းဆောင်ခွင့် ပြုပေးပါရန်ကိုလည်း အားလုံး၏ ကိုယ်စား အနေဖြင့် လူကြီးမင်းတို့အား ရိုသေစွာ လေးစားအားကိုးစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
ကျွန်တော်၏နေထိုင်ရာမွေးရပ်ြေ
ကုန်လွန်ခဲ့ပါသောလုပ်သက်၂နှစ်ေ
မိဘမဲ့ဖြစ်သောကျွန်တော့်ကိုငယ်
ထိုအဖြစ်ဆိုး၏နောက်ပိုင်းတွင်
ထိုအဖြစ်အပျက်များသည် ကျွန်တော့်ကိုရင်ကွဲပက်လက် ယူကြုံး မရဖြစ်အောင်ခံစားစေခဲ့ရပါသည်။ထိ
သို့ပါသော်လည်း ကျွန်တော်သည် ပြည်သူ့ဝန်ထမ်း ပီသစွာဖြင့် စေလွှတ် တာဝန်ပေးသောဒေသ၌ ကျသည့် တာဝန်ကိုကျေပွန်စွာ၊ဝန်ထမ်းပီ
အမိမြန်မာနိုင်ငံတော်မှပေးအပ် သောတာဝန်များကို မငြင်းတမ်း ထမ်းဆောင်လိုပါသော်လည်း ယခုအချိန်၌ ကျွန်တော့်တွင်ပြင်းထန်သောငှက်
၎င်းပြင်ပို၍ ဆိုးဝါးသော အကြောင်းတရားမှာ ကျွန်တော်နေထိုင်ရာ ရွှေဘိုမြို့ရှိ ရွှေဘိုခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
အတိတ်မှ ဖြစ်ပျက်ဆုံးရှုံး ခဲ့ရပါ သော အိမ်မက်ဆိုး ကဲ့သို့ အဖြစ်အပျက်များသည် ကျွန်တော့် အားများစွာသော စိုးရိမ်ပူပန် မှုများ ကို ဖြစ်ပေါ်စေပြီး ကျွန်တော့် ဇနီးသည်နှင့် ရင်သွေးအတွက် အချိန်နှင့် အမျှ သောက ပရိဒေဝများ ဖြင့် စိုးရိမ် ပူပန်နေရပါသည်။
ကျွန်တော်မှာ မိမိ၏ ကျန်းမာရေးအတွက် ကာယဒုက္ခ ဇနီးသည်နှင့်ရင်သွေးတို့ အတွက် ပူပန်သောကခံစား ရပါသော စိတ္တဒုက္ခ စသော ဒုက္ခအဖြာဖြာ တို့ဖြင့် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း တို့ကို များစွာ ကြုံတွေ့ခံစား နေရပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ လူကြီးမင်း တို့အနေဖြင့် ယခုကဲ့သို့ ကာယဒုက္ခ စိတ္တဒုက္ခ သောကပရိဒေဝ များစွာ ကြုံတွေ့ ခံစားနေရပါသော ကျွန်တော့် အတွက် ငဲ့ညှာ ထောက်ထား သနားမှုပြုသောအားဖြင့် ကျွန်တော့် ကို ရွှေဘိုမြို့နယ်အတွင်းရှိ အဆင်ပြေ သင့်လျော်သော ကျောင်းတစ်ကျောင်း သို့ပြောင်းရွှေ့ တာဝန်ချထား ပေးပါရန် လူကြီးမင်းတို့အား ရိုသေ လေးစား အားကိုးစွာဖြင့် အသနားခံအပ်ပါသည်။
ပွင့်လင်းမြင်သာ ရှိလာပါသော မီဒီယာကို အားကိုး၍ ကျွန်တော့် အတွက် အခွင့်အရေးများကို တောင်းဆိုနေရခြင်း မဟုတ်ရပါကြောင်း နှင့် အမှန်တကယ်ဖြစ်ပျက် ခံစားရပါသော ဒုက္ခ အပေါင်း တို့ကြောင့် လေးစားရိုသေရပါသော လူကြီးမင်းတို့ထံပါး အသနားခံရခြင်း ဖြစ်ပါကြောင်း ရိုသေလေးမြတ်စွာဖြင့် တင်ပြ အပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အရပ်ရပ်ရှိ ကျွန်တော်ကဲ့သို့ သောကပရိဒေဝမီးများ တောက်လောင် ခံစားနေရပါသော ပြည်သူ့ဝန်ထမ်း အားလုံးတို့ကိုလည်း ၎င်းတို့၏ နေထိုင်အခြေချရာနှင့် အဆင်ပြေ သင့်လျော်ရာသို့ နေရာချ ထား တာဝန်ထမ်းဆောင်ခွင့် ပြုပေးပါရန်ကိုလည်း အားလုံး၏ ကိုယ်စား အနေဖြင့် လူကြီးမင်းတို့အား ရိုသေစွာ လေးစားအားကိုးစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:
Post a Comment