For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 31 July 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနအောက်ရှိ မောက္ကတော် ၊ သံပေါက် ဘိနယ်သစ်တော တာဝန်ခံများ အကြောင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မီဒီယာများမှတစ်ဆင့် သက်ဆိုင်ရာလူကြီးများ သိရှိစေရန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်
သစ်တောဦးစီးဌာနအောက်ရှိ မောက္ကတော် ၊ သံပေါက် ဘိနယ်သစ်တော တာဝန်ခံများသည်
အရပ်သားများကို လက်သပ်မွေး၍ ချင်းတွင်းမြစ်ကြောင်းအတွင်းရှိ သစ်ဖောင်များ
၊ သစ်တင်မော်တော်များကို သစ်တောပိုင်စက်လှေများဖြင့်
သူပုန်စက်ကြေးတောင်းသကဲ့သို့ အဓမ္မတောင်းရမ်းခိုင်းနေပါသည်။
မဟာမြိုင်သစ်တောကြိုးဝိုင်းအတွ
င်းရှိ သစ်များကို ကားဖြင့်သော်လည်ကောင်း ၊
ကမ်းနားသစ်ဆိပ်မှ မော်တော်များ/သစ်ဖောင်များဖြင့်လည်ကောင်း
တရားမ၀င်ထုတ်ယူနေသည်ကို ဖမ်းဆီးခြင်း အရေးယူခြင်းမရှိသည့်အပြင်
လက်တစ်လုံးခြားလုပ်ပြီး အရပ်သားလက်ပါးစေများကို ဝေစုခွဲပေးပါသည်။
သတင်းရရှိ၍ အထက်မှရှောင်တစ်ခင် ၀င်ရောက်စစ်ဆေး အရေးယူချိန်တွင်
၎င်းတို့မှ ထိုသို့လုပ်ခြင်းမဟုတ်ဟု ထုချေလွှာတင်ကြပါသည်။ မောက္ကတော်မှ
မောင်ဝိုင်း ၊ ချစ်မိုးနှင့် သံပေါက်မှ မြင့်သောင်း ၊ မင်းမင်း ၊
ဝင်းလှိုင် ၊ သင်တောမှ ၀င်းဌေး ၊ သိန်းလင်းတို့မှာ ထိုနယ်တစ်ဝိုက်တွင်
မသိသူမရှိလောက်အောင် သစ်တောတာဝန်ခံများ၏
ဆက်ကြေးတောင်းလူမိုက်များဖြစ်နေကြပါသည်။ မောက္ကတော် ၊ သံပေါက် ၊
သင်တောကျေးရွာများတစ်ဝိုက်ရှိ ဒေသခံရွာသားများအား စုံစမ်းကြည့်ပါက
အထက်ပါလူများ၏ ဥပဒေမဲ့လုပ်ရပ်များနှင့် ထိုလူစုအား လူယုံမွေးပြီး
ခိုင်းစေနေသော သစ်တောတာဝန်ခံများကို မသိသူမရှိလောက်အောင်
နာမည်ကြီးလှပါသည်။ ထို့ကြောင့် သက်ဆိုင်ရာလူကြီးမင်းများမှ ယခုစာအား
ဖတ်ရှုပြီးပါက မင်းကင်းမြို့နယ် ၊ မောက္ကတော် ၊ သံပေါက် ၊
သင်တောတစ်ဝိုက်ရှိ သစ်တောဌာနနှင့် စခန်းများအား အရေးယူစစ်ဆေးပေးပါရန်
ရေးသားတင်ပြလိုက်ရပါသည်။
ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment