စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ကသာမြို့ မိုးဇလ
ရုံးပေါ်တွင် နေ့စဉ် နေ့တိုင်း ဖဲဝိုင်းဖြစ်နေပါသည်။ ဖဲဝိုင်းကို
ဦးဆောင်နေသူမှာ မိုးဇလ ဦးစီးမှူး၏ ဇနီးပင် ဖြစ်ပါသည်။ မိုးဇလရုံးပေါ်သို့
ဖဲလာရိုက်သောသူများသည် ရဲမိန်းမ ၊ ရဲသားသမီးများ ၊ ကုန်သည်များ
ပါဝင်နေပါသည် ။ နေ့စဉ် နံနက် (၁၁)နာရီမှ စတင်သော ဖဲဝိုင်းသည် ညနေ(၆)နာရီ
ထိုးမှ ပြီးပါသည် ။ ထိုဖဲဝိုင်းကြောင့် မိသားစု အလုပ်အကိုင်ပျက် ။
စိတ်ဆင်းရဲ ။ စီးပွားပျက်ခြင်းများနှင့် ကြုံတွေ့နေရပါသည် ။ မိုးဇလ ဦးစီး၏
ဇနီးမှာဖြင့် ဖဲဝိုင်းထောင်စားကာ စီးပွားဖြစ်လျှက် ရှိနေသည်။
မိုးဇလရုံးသည် ကသာခရိုင် ရဲမင်းကြီး ၏ နေအိမ်ရှေ့တည့်တည့် တွင် တည်ရှိပါသည်
။ သို့သော်လည်း ထိုဖဲဝိုင်းကို ရဲမဖမ်းခြင်းမှာ ရဲမိသားစုဝင်များ
ပါဝင်နေခြင်းကြောင့်လား ဆိုတာ စဉ်းစားစရာပင် ဖြစ်နေ၏ ။ ထို့ကြောင့်
ကသာမြို့ မိုးလေဝသနှင့် ဇလဗေဒ ရုံးပေါ်က နေ့စဉ်ဖြစ်နေသော ဖဲဝိုင်းအား
အမြန်ဆုံး ဖမ်းဆီး အရေးယူပေးပါ လို့ ရဲချုပ်ကြီး သိစေရန် တိုင်ကြားအပ်ပါသည်
။
ကသာမြို့မှ မိဘပြည်သူ တစ်ဦး
No comments:
Post a Comment