For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 July 2014

အပြောနှင့်အလုပ် မညီသည့် တောင်တွင်းကြီးဘူတာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



ယင်းသာစည်ရွာသားတစ်ဦး

          မေလ ၁၃ ရက်နေ့က ယင်းသာစည်ရွာက ခရီးသည်တစ်ဦးဖြစ်သူ ဦးသန်းဆွေကို တောင်တွင်းကြီး ဘူတာက လက်မှတ်ရောင်းသူ ကိုစိုးမင်းဇော်က ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကျောက်မှုတစ်ခုဖြစ်ခဲ့ ပါတယ်။ ၁၅၀ ကျပ်တန် မီးရထားလက်မှတ် ကို ၂၀၀ ကျပ်နဲ့ရောင်းတဲ့အတွက် အကျိုးအကြောင်းမေးမြန်း တာကို မချေမငံပြောဆိုပြီး ထိုးကြိတ်ကန်ကျောက်ခြင်းဖြစ်ပါတယ်။
          ဒီကိစ္စကြောင့် ကိုသန်းဆွေ ဆေးရုံတက်ရပါတယ်။ လက်မှတ်ပေါ်ကကျသင့်ငွေအပြင် လူတိုင်းကို ငွေပိုတောင်းတယ်။ ခရီးသည်ကိုလူအများရှေ့မှာ ကိုယ်ထိလက်ရောက်စော်ကားတယ်။ တိုင်ရင်တောရင် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့တရားစွဲခံရမယ်လို့ခြိမ်းခြောက်တယ်။ ဒါကြောင့် အဲဒီအကြောင်းတွေကို တစ်စုံတစ်ယောက်က အင်တာနက်ဖေ့စ်ဘုတ်မှာတင်လို့မေ ၃၁ ရက်နေ့မှာ မြန်မာ့မီးရထား တိုင်း ၁၁ ပုဂံက လက်ထောက်မန်နေဂျာဦးခင်မောင်ချစ်ဆိုသူရယ်၊တောင်တွင်းကြီးရုံပိုင်၊မကွေးရုံပိုင်၊နွားကူးရုံပိုင်တို့ ဟာ ကာယကံရှင်ကိုတောင်းပန်ကြတယ်။ ကာယကံရှင်က ဘာအလျော်အစားမှမလုပ်ဘဲကျေနပ်ပါတယ်။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ လုပ်ကိုင်ဆောင်ရွက်ကြရင်ပြီးတာပါပဲလို့ပြောလိုက်ကြပါတယ်။
          ဇူလိုင်လ ၃ ရက်နေ့မှာ ကိုသန်းဆွေထံကို မြန်မာ့မီးရထား တိုင်း ၁၁ ပုဂံက မန်နေဂျာ ဦးဆွေရင်ဆိုသူရယ်၊လက်ထောက်မန်နေဂျာ ဦးခင်မောင်ချစ်ရယ်၊ဦးဝဏ္ဏထွန်း(TI)ဆိုသူရယ်၊မကွေးရုံပိုင်၊ ကိုသန်းဆွေကိုထိုးကြိတ်ကန်ကျောက်သူစိုးမင်းဇော်ရယ်အခြားရုံပိုင်တွေရယ်လာကြပြန်တယ်။တောင်းပန် ကြပြန်တယ်။ကိုသန်းဆွေရဲ့ထွက်ဆိုချက်တွေကို ယူကြပြန်တယ်။ ကိုသန်းဆွေနဲ့ အဖော်ပါခဲ့တဲ့ကိုဘိုဝင်း ကိုလည်း မေးမြန်းပြီးထွက်ဆိုမှုတွေကိုမှတ်တမ်းယူသွားပါတယ်။ သူတို့ဝန်ထမ်းကို ထိုက်သင့်သလို အရေး ယူမှာပါ။ လက်မှတ်ပေါ်မှာရေးထားတဲ့နှုန်းနဲ့ပဲရောင်းခိုင်းမှာပါ။ မကျေလည်တာရှိရင် ပေးထားတဲ့ဖုန်းနံပါတ် တွေကိုဆက်ပါလို့ပြောပါတယ်။ဝန်ကြီးကိုယ်တိုင်ကအရေးတယူဆောင်ရွက်ခိုင်းတာမို့လုပ်ဆောင်ရတာလို့
ပြောပါတယ်။
          သို့သော်…….
          ပထမတစ်ကြိမ် လာရောက်တောင်းပန်စဉ်ကလည်း ဒီလိုပဲပြောပြီး ဇွန်လတစ်လလုံး ဈေးနှုန်းကို တင်ပြီးရောင်းမြဲရောင်းပါတယ်။ ခရီးသည်ကို ထိုးကြိတ်သူကိုလည်းအရေးယူခြင်းမရှိပါ။ ဒုတိယအကြိမ် တောင်းပန်ပြီးပြန်တော့လည်း ယခင်အတိုင်းပါပဲ။ ဖုန်းနံပါတ်တွေကိုဆက်သွယ်တော့လည်း ပျဉ်းမနားဘက် ရောက်နေပါတယ်ဆိုတဲ့ အမျိုးသမီးအသံပဲကြားရပါတယ်။ ၁၅၀ ကို ၂၀၀ ရောင်းတယ်။ ဘာဖြစ်သေးလဲ။ ဘယ်သူက ဒီထက်ပိုပြီးတိုင်ချင်သေးလဲ။ မင်းတို့ဘာလုပ်လုပ်ငါတို့က ဒီနေရာမှာပဲ။ဘယ်မှမပြောင်းရဘူး ဆိုပြီး တောင်တွင်းကြီးဘူတာက လက်မှတ်ရောင်းသူ စိုးမင်းဇော်က ရန်စ စိမ်ခေါ်နေပါတယ်။
          ပိုရောင်းတဲ့လက်မှတ်ကိုနံပါတ်မှတ်ပြီးသိမ်းထားပါဆိုလို့သိမ်းထားတာယင်းသာစည်အရှေ့ရွာက
ခရီးသည်တစ်ဦးထံမှာ သိမ်းထားတာ ၁၆ စောင်ရှိနေပါတယ်။ အခြားသူတွေထံမှာလည်း ရှိနေကြပါတယ်။ ငွေ ၅၀ ကျပ် ၁၀၀ ကျပ်လောက် က တန်ဖိုးမများပါ။ ယင်းသာစည်ဘူတာကလို့ပြောတာနဲ့ ရန်လိုစိတ်ကြီးစွာနဲ့ပြောဆိုဆက်ဆံနေကြတာကိုဘယ်လိုဆက်လက်ဆောင်ရွက်ကြမှာလဲဗျာ။ ၀န်ကြီးကိုယ်တိုင်က အရေးတယူလုပ်ပါဆိုလို့လုပ်တာက ဒါမျိုးပဲလားဗျာ။ သမ္မတကြီးထံအထိ ဒီကိစ္စလေးကိုတင်ရမှာလားဗျာ။ ဖေ့စ်ဘုတ်တင်ပေးသူကတော့ မတင်ချင် တော့ပါဘူးဆိုလို့ ယင်းသာစည်ရွာသားတစ်ဦးက ရေးလိုက်ရပါတယ်။ ဒီတစ်ခါ ဘယ်လိုပြောကြလုပ်ကြဦး မှာ ပါလဲခင်ဗျာ။။

                                                                             ယင်းသာစည်ရွာသားတစ်ဦး
                                                                             မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment