For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 July 2014

နေပြည်တော် နှင့် လမ်းဘေးကွမ်းယာဆိုင် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နေပြည်တော်တွင် ဘယ်နေရာကြည့်ကြည့် ဘယ်လမ်းတွင်မဆို ပေါများသည်တစ်ခုတော့ ရှိသည်။ ယင်းမှာ တော့ ကွမ်းယာဆိုင်ဟုခေါ်သော လမ်းဘေး ဈေးဆိုင်
များဖြစ်ပေတော့သည်။ ရာဇငှာနီ လမ်းမကြီး နှင့် လမ်းမကြီး များအပါအ၀င် လမ်းကြိုလမ်းကြား ကြားလမ်း ရှိရှိသမျှ ကတ္တရာ လမ်းမပေါ် လမ်းမဘေး ဟူသမျှတွင် မှိုလိုပေါက်
နေသည်မှာတော့ ကွမ်းယာဆိုင်များဖြစ်ပေတော့သည်။
    ကွမ်းယာဆိုင်တွင် ရှိသမျှလူအကုန် မြို့သားများ အများစု ယောက်ကျားလေးများ အချိန်ဖြုန်းသော နေရာတစ်ခု ဖြစ်နေပေသည်။ ရှေးခောတ်ကွမ်းများ နှင့်မတူ
သည်မှာ အိန္ဒိယ နိုင်ငံမှ လာသော ဖာလာ ၊ ဆေးမွှေး၊ ၉၂ အစရှိသောပစ္စည်းများ ရောနှော ပါဝင်လာခြင်းဖြစ်သည်။ ကွမ်းစားလျှင်မူးတယ် ရီဝေေ၀ နှင့် ဟူကာ ယောက်ကျား
လေးတိုင်း ကွမ်း တမြုံမြုံနှင့် ကွမ်း တပစ်ပစ်နှင့် စည်းကမ်းမရှိ ထွေးပေလိမ့်မည်။ လမ်းတိုင်းကွမ်း မထွေးထားထားသော ပလက်ဖောင်းမရှိ။ စင်ကာပူနှင့်တူဖို့ဝေးစွ။
    ကွမ်းယာ ဆိုင်များတွင် ရရှိနိုင်သည်က တော့ ကွမ်းအပြင် ကောင်လေး အများစုသုံးဆောင်တတ်သည်များကို
ပါ ကွမ်းယာဆိုင်များ တင်ထားခြင်းပင်ဖြစ်သည်။
WY များ ၊ ဆေးသမားများ ၊ အရက်သမားများ အပြင် သူခိုးသူဝှက်များပါ ကျက်စားသော နေရာတစ်ခုကို ကွမ်းယာဆိုင် ဟုခေါ်သည် ဟုပင် ကောက်ချက်ချရမလောက်ပင်
ယခု ခောတ်ကွမ်းယာဆိုင်များ တွင် တော့ ဆေးလည်းရပါသည်၊ သူခိုးလက်ခံ ပစ္စည်း များလည်း လက်ခံရောင်းချပေးပါသည်၊ WY ဆေးလည်း ရောင်းပါသည်။
နေပြည်တော်တွင် ကွမ်းယာဆိုင်များ မှာ ခင်မင်လျှင် ခင်မင်သလို သူခိုးလက်ခံ များ လည်းလုပ်နေကြပါသည်။ ယောက်ကျား လေး အလုပ်သမား လက်လုပ်လက်စား များသည်
လည်း အိမ်သူအတွက် ပိုက်ဆံ ပါမပါတော့ မသိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ကွမ်းကြွှေးတစ်လ ၂၀၀၀၀ မှ ၄၀၀၀၀ ရှင်းရပါသည်။ တစ်နေ့ ၅၀၀ဖိုးပဲစား တစ်လ ၁၅၀၀၀ ကွမ်း
ဖိုးရှိနေပါသည်။ ထို ပိုက်ဆံကို စုဆောင်းထားပါက တနေ့ မိမိတို့ ဘ၀ ရဲ့ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ပေမည်။
    ဆေးသမားများ လည်း မြို့ကြီးတွင် မှိုလိုပေါက်နေပေသည်။ လမ်းပေါ်တွင်နေထိုင်သွားလာ နေသော ယောက်ကျားလေး များ၏ ၅၀ရာခိုင်နှူန်းမှာ ဆေးသမားများ
ဖြစ်နေသည်ကို မြင်တွေ့နေရပေမည်။ ရဲများ ကလည်း မဖမ်းဆီးဘဲ အိမ်ပေါ်တွင် ခေါ်ထားကာ မုန့်ဖိုးပေးလိုက် ဖမ်းပြလိုက် လုပ်နေပေသည်။ ရဲများပင်လျှင် ဆေးရောင်းသူ
များနှင့် မလွတ်ကင်းသည်ကို တွေ့မြင်နေရပေသည်။ မူးယစ်မှ လည်း ဆေးသမားများကို ကျားကွက်ရွှေ့ ကာ ကစားနေသကဲ့သို့ ယင်းတို့ စီးပွားရေးအတွက်အသုံးချနေပေသည်။
နေပြည်တော်တွင် ဆေးသမား ကောင်လေးများစွာ သည်လည်းမှိုလိုပေါက်ထကာ ဘ၀ရှုင်သန်ရပ်တည်ချက်များ လွှဲချော်လျက်ရှိပေသည်။
    လမ်းဘေးကွမ်းယာဆိုင်များသည် လူသားတိုင်းကို ကောင်းကျိုးမပြုရုံသာ မက မြို့၏ အလှ ကိုလည်း ပျက်ဆီးစေပါသည်။ လမ်းတိုင်းတွင်လည်း ကွမ်းယာဆိုင်များ
မှိုလိုပေါက်နေသည်ကို လည်း နေပြည်တော်စည်ပင်မှ တာဝန်ရှိသူများ ရှင်းလင်းပေးစေလိုပါသည်။ အချို့ကွမ်းယာဆိုင်များသည် လမ်းဘေး ပလက်ဖောင်းသားများ ပေါ်တွင်
သာမက လမ်းမပေါ်ထက်ပင် တက်ကာ နေရာယူနေပေသည်။ တာဝန်ရှိသူများမှ အမြန်ဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်ကာရှင်းလင်းစေလိုပါသည်။
                                                                                                                                                                                        နေကြီး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment