For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 31 July 2014

သို့ ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပုသိမ်မြို့ ။ကျေးရွာ အုပ်ချုပ်ရေးမှုးမှ စာကျက် လယ်မြေ၁၅ဧက ကို သိမ်းယူ ပြီး တိုင်းအစိုးရ အဖွဲ့မှ ဆုံးဖြတ် သည့်အတိုင်း အမက ကျောင်းသို့မပေး ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
ဝန်ကြီးချုပ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပုသိမ်မြို့
          နေ့စွဲ 28.7 2014
အကြောင်းအရာ။  ။ကျေးရွာ အုပ်ချုပ်ရေးမှုးမှ စာကျက် လယ်မြေ၁၅ဧက ကို သိမ်းယူ ပြီး တိုင်းအစိုးရ အဖွဲ့မှ ဆုံးဖြတ် သည့်အတိုင်း အမက ကျောင်းသို့မပေး။လယ်သမားကိုလည်း မပေးပဲ ၎င်း၏ မယား ညီအကို တော်သူကို ပေးသည့်ကိစ္စ။
 ကန်ကြီးထောင့်မြို့နယ် ဘုရားချောင်းအုပ်စု ကျွဲတလင်းကွင်းရှိ  ကျွဲ နွား များ စားသောက်သည့် စာကျက်မြေများကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း သက်သာ လယ်မြေ အဖြစ် ဖေါ်ထုတ်ပြီး ထိုလယ်တွင်လုပ်ကိုင်လိုသူ များကို သီးစားခ ဖြင့် ငှါးထားပါ သည်။ဘုရာချောင်းအုပ်စုတွင်  ရယက ဥက္ကဌ ဦးစိုးမြင့် တက် သောအခါ မြို့နယ်စိုက်ပျိုးရေး သို့ စာကျက်လယ်လုပ်သူများ မှ သီးစားခ ပေးရန်မလိုဟု ပြောသဖြင့် သီးစားခမပေးရ တော့ပါ ။ထိုကြောင့်ဦးစိုးမြင့် သည်လည်း ရယက ဥက္ကဌ တာဝန်မှ ထုတ်ပယ်ခံရပါ သည်။
ထိုစာကျက်မြေတွင် လုပ်ကိုင် သော ဦးဝင်းနိုင် ဦးစိန်ဝင်း ဦး မြင့်စန်း ဦးတင်မြင့် တို့အား တိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ဆုံးဖြတ်ချက်ဖြစ်သော စိုက် ပျိုးရေးဌာန ဝန်ထမ်း သက်သာ ချောင်ချိရေး လယ် ဖြစ်ကြောင်း ။ထိုစာကျက် လယ်မြေကို လယ်လုပ်သူများ မှ ဆက်လက်မလုပ်ရန်  ၁၆ ။၂။၂၀၁၂။နေ့တွင် ပုသိမ်ခရိုင် ရုံးတွင် လက်မှတ် ထိုးရပါ သည် ။စိုက်ပျိုးရေးဌာနမှ လည်း ထိုစာကျက်လယ် ဧက ၃၀ကို ဘုရားချောင်း အုပ်စု ရေကျော်ကုန်း အမက ကျောင်း ၁၅ သို့၁၅။၆။၁၂ နေ့ တွင် ပြန်လည် လှူဒါန်းပါသည်  ထိုစာကျက်လယ်ကို လုပ်ကိုင် ရန် ကျောင်းကော်မတီ များမှ စီစဉ် ဆောင်ရွက်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှုး ဦးစိုးမြင့် တားသဖြင့် မလုပ်ရ ပါ ။
 ထိုအချိန်တွင် ဦးစိုးမြင့်မှာ အုပ်ချုပ်ရေးမှုးအဖြစ် အရွေးခံ ရသောအခါ ထိုစာကျက် လယ် မြေများကို လယ်လုပ်သူ လယ်သမားကိုလည်းမပေး။ အမက ကျောင်းသို့လည်း မပေးပဲ ၎င်း၏ မယားညီအကို တော်သူ ဦးတင်မြင့် အား လယ်လုပ်စေပါသည်။
ထိုကြောင့် အထက်လူကြီးများ က ဥပဒေနှင့်အညီ ဖြစ်အောင် ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
 အမည် ဦးဝင်းနိုင်
၁၄/ပသရနိုင် ၀၀၃၃၄၆
မြဝတီလမ်းဆုံ။ဒါးကမြို့။
ကန်ကြီးထောင့်မြို့နယ်
ဖုန်း ၀၉၂၅၀၄၄၃၃၅၇
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment