For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 July 2014

သို့ ညွှန်ကြားရေးမှူးချုပ် အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန မန္တလေးမြို့ နှင့် တာဝန်ရှိသူများသို့ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
              နိုင်ငံတော်သမ္မတကြီး
              နေပြည်တော်
              တိုင်းဒေသကြီးညွှန်ကြားရေးမှူး
              တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
              စစ်ကိုင်းတိုင်ဒေသကြီ,မုံရွာမြို့
             ညွှန်ကြားရေးမှူးချုပ်
             အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန
             မန္တလေးမြို့
အကြောင်းအရာ။    ။ ငွေကြေးလိမ်လည်ကောက်ခံမှု နှင့် ငွေကြေးအလွဲသုံးစားအကျင့်ပျက် ချစား ပြုလုပ်နေမှုအား  သိရှိနိုင်ရန်ကိစ္စ။
                အထက်အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး  ဦးမြင့်စိန်မှ  မြန်မာ့အလင်းသို့ ပြောကြားခဲ့သည်မှာ '' ကျွန်တော်တို့ ယခုနှစ်ကစပြီး အလယ်တန်းအခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်စီမံချက်ဖြင့် လုပ်ဆောင်ပေးနေပါပြီ။ ကျောင်းအပ်ခ ဖတ်စာအုပ်ဖိုးကအစ မည်သည့်ငွေမှ တစ်ပြားတစ်ချပ်မှ မပေးရပါဘူး, ဒါ့အပြင် အားကစားကြေး,ကျောင်းစာကြည့်တိုက်ကြေး,  စာမေးပွဲကြေး အာစရိယကြေးကအစ ကျောင်းသားနဲ့ ကျောင်းသားမိဘထံက ဘာဆိုဘာမှ ကောက်ခံမှု  မပြုရတော့ပါဘူး။  ကောက်ခံရင် တစ်ဦးတစ်ယောက်က တိုင်လို့ပဲ ဖြစ်ဖြစ်, သိလို့ပဲဖြစ်ဖြစ် ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြို့ကနေ နယ်တွေပြောင်းတာတို့ , ရာထူးလျော့တာတို့ မလုပ်တော့ပါဘူး။ အနည်းဆုံး ပင်စင်ပေးလို့ရရင် ပင်စင်ပေးမယ်, အပြစ်ပေါ် မူတည်ပြီးတော့ လုံးဝဖြုတ်သင့်ရင် ဖြုတ်,  အပြစ်ကြီးငယ်ပေါ် မူတည်ပြီးတော့ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ကင်းစင်ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေပါတယ် '' ဟု ဇွန်လ (၁) ရက်နေ့ ထုတ် သတင်းစာ၌ ဤကဲ့သို့ ဖတ်ရှုသိရှိခဲ့ပြီးဖြစ်ပါသည်။
               သို့ဖြစ်ပါ၍ တမူးမြို့ - နန်းဖာလုံ အလက (၁) ကျောင်းမှ ကျောင်းများစတင်ကျောင်းအပ်လက်ခံခဲ့စဉ်က မူကျောင်းအုပ် ဒေါ်ရီရီမြင့် (ယခု. ချောင်းနက်ကြီး  - မူအုပ်) မှ ကျောင်းသားမိဘများထံမှ  ရေသန့်ဖိုး   ၂၀၀၀ိ/-ကျပ် နှင့် စာသင်ခန်းကြေး ၁၀၀၀ိ/-
ကျပ်  စုစုပေါင်း ၃၀၀၀ိ/- ကျပ်  ဟူ၍  ကောက်ခံပြီး, ရွှေ ၅ မူးသားလက်စွပ်တစ်ကွင်း ကိုယ်ကျိုးအတွက်  အသုံးပြု ၀တ်ဆင်ဝယ်ယူခဲ့ကြောင်း ၇.၆.၂၀၁၄ ရက်နေ့ ဥုံ ပေးစာ , တိုင်စာ, ရင်ဖွင့်စာ ကဏ္ဍမှ ဖတ်ရှုသိရှိခဲ့ပြီးဖြစ်ပါသည်။ ပညာရေးဦးစီးဌာန၏ ၀န်ကြီးများ, ဦးစီးမှူး  များနှင့် ညွှန်ကြားရေးမှူးများ    ၎င်းသတင်းအား မသိလေသလား။
          ထပ်မံ၍လည်း အလက (၁) တမူးမြို့ -  နန်းဖာလုံကျောင်းသို့. ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအတွက် အသေးသုံး သုံးစွဲရန် နိုင်ငံတော်မှ ချထားပေးသည့်  ငွေကြေးများထဲမှ  ဒေါ်ရီရီမြင့်သည် လယ်ကျောင်းအုပ်နှင့် လုပ်ငန်းတာဝန်လွှဲပြောင်းပေးအပ်ရာတွင် အသေးသုံးငွေများထဲမှ အသေးသုံးမဟုတ်သည့် ပုံသေပိုင်ပစ္စည်းစာရင်းများထဲမှ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင် ထုတ်ယူသုံးစွဲခဲ့ပြီးသော ကျောင်းစာသင်ခုံများ ( ၁၅ ) ခုံ အတွက်  ၁၅၀၀၀၀ိ/-ကျပ် နှင့် နားနေစားပွဲ (၁ ) လုံးအတွက် ၅၀၀၀၀ိ/-ကျပ်  စုစုပေါင်း  ကျပ်  ၂၀၀၀၀၀ိ/- (ကျပ်နှစ်သိန်း )တိတိ/- အား  ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် ပြုလုပ် ထားသော ခုံများနှင့် စားပွဲသာဖြစ်ကြောင်း စာရင်းပြေစာ(ငွေပေးငွေယူ) ပြုလုပ်ကာ ငွေကြေးများလိမ်လည်ထုတ်ယူထားသည့်အတွက် နိုင်ငံတော်၏ ပညာရေး စနစ်တိုးတက်ကောင်းမွန်ရန် အရှိန်အဟုန်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတော်၏ ပညာရေးဘဏ္ဍာငွေများ ကိုယ်ကျိုးအတွက်  လိမ်လည်သုံးစွဲမှုများကြောင့်  တစ်စိမ့်စိမ့်ယိုစီးနေသည့် ပညာရေးဘဏ္ဍာငွေများ အား အကျိုးရှိစွာ  အသုံးပြုနိုင်ရေးတို့အတွက် ရှေ့ရှု၍  ယခု အကျင့်ပျက်ချစားပြုလုပ်နေမှုတို့အား သိရှိနိုင်ပါရန်နှင့် လိုအပ်သည်များဆက်လက်ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
မိတ္တူ  -
         - ခရိုင်ညွှန်ကြားရေးမှူး
            ခရိုင်ညွှန်ကြားရေးမှူးရုံး
            ကလေးခရိုင်,ကလေးမြို့
         - မြို့နယ်ပညာရေးမှူး
            မြို့နယ်ပညာရေးမှူးရုံး
            တမူးမြို့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment