For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 20 July 2014

စစ်ကိုင်းကျောက်စိမ်း ပုတီးဝိုင်းသို့ တရုတ်နိုင်ငံသားကုန်သည်များ အဝယ်မဆင်းကြသဖြင့် ဒေသခံကျောက်လုပ်ငန်းရှင်များ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း-
    ကျောက်စိမ်းပုတီးလုပ်ငန်းကို စစ်ကိုင်း
မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးနှင့် ပတ်ဝန်း
ကျင်ကျေးရွာများပါမကျန် လုပ်ကိုင်လျှက်
ရှိရာ ဇူလှိုင်ပထမပတ်မှ စတင်ကာ ကုန်
ကြမ်း ကျောက်စိမ်းအဝင်နည်းလာခြင်း၊
ဈေးနှုန်းမြှင့်မားလာကာ ဝယ်ယူရန်အခက်
အခဲဖြစ်လာခြင်း၊ လုပ်ငန်းသုံးစက်အပို
ပစ္စည်းများမှာလည်း ဈေးတက်လာခြင်း
အပြင် တိုးမြှင့်ကောက်ခံထားသော လျှပ်
စစ်ဓါတ်အားခကြောင့် ထုတ်လုပ်စရိတ်
များ ပိုမိုမျာပြားလာခြင်းနှင့် ပြန်လည်
ရောင်းချရာတွင် ကျောက်စိမ်းပုတီးဈေး
မှာ ဈေးကောင်းမရ ဖြစ်နေသည်ဟု သိရ
သည်။
     ယခုအခါ စစ်ကိုင်းမြို့ပေါ်က ကျောက်
စိမ်းပုတီးဝိုင်းသည် ၂၀၁၃ခုနှစ် တရုတ်နှစ်
သစ်ကူးပြီးကတည်းကစ၍ တရုတ်နိုင်ငံ
သားကုန်သည်များ အဝယ်မဆင်းသဖြင့်
သဖြင့် ဒေသခံကျောက်လုပ်ငန်းရှင်များ
အခက်အခဲ မျိုးစုံနှင့် ကြုံတွေ့ရကြောင်း
ကျောက်စိမ်းပုတီးလုပ်ငန်းရှင် တစ်ဦးပြော
ပြချက်အရ သိရသည်။
      အဆိုပါ ကျောက်စိမ်းပုတီးလုပ်ငန်း
များ ကောင်းစဉ်က ဝင်ငွေနည်း မိသားစု
များအနေဖြင့် ကျောင်းနေအရွယ်ကလေး
ငယ်အချို့ ကျောင်းထွက်၍ ကျောက်ဖြတ်
လုပ်ငန်းသင်ယူကြကာ ကျောက်ဖြတ်ပြန်
ကြသည့် အတွက် မိသားစုဝင်ငွေရရှိကြ
ပြီး ညနေအလုပ်သိမ်းချိန်ဆိုလျှင်
ကျောက်ဖြတ်ပြန်လာသောသူများသည်
မိမိနေအိမ်အတွက် လိုအပ်သော ဆန်၊ဆီ
နှင့်ဟင်းချက်စရာများ ဝယ်ယူကာ ပြန်
ရောင်းရကြောင်း ၊တစ်ချို့လက်ငင်းပေး
ဝယ်ခြင်း ၊တစ်ပတ်တစ်ခါ ရှင်းပေးစနစ်
ဖြင့် ဝယ်ယူကြခြင်းတို့ကြောင်း ရပ်ကွက်
အတွင်းရှိ ကုန်စုံဆိုင်များ ရောင်းအား
ကောင်းကြသည်ဟု ဆိုသည်။
     အဆိုပါ ကျောက်စိမ်းပုတီးဈေးမှာ
ဈေးကောင်းမရခြင်းတို့ကြောင့် လုပ်အား
ခသာသာမျှဖြင့် လုပ်ငန်းလည်ပတ်နိုင်ရုံ
သာ လုပ်ကိုင်နေရသည့်အတွက် အချို့
သောလုပ်ငန်းရှင်များသည် အခြားစီးပွား
ရေးလုပ်ငန်းကို ပြောင်းလုပ်လိုကြသလို၊
တစ်ချို့ကျောက်ခုံများမှာ နားထားရ
ကြောင်း၊ အချို့အလုပ်သမားလျော့ကြသ
ဖြင့် အလုပ်လက်မဲ့များ ပေါများလာ
ကြောင်း၊ ထို့အပြင် ထိုလုပ်ငန်းလုပ်ကိုင်
သူများသာမက လက်ဘက်ရည်ဆိုင် ၊
စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် ရပ်ကွက်
များအတွင်းရှိ ကုန်စုံဆိုင်များပါမကျန်
အရောင်းအဝယ်ပါးလာကြောင်း သိရသည်။
                စိုင်းလူမင်း-မီဒီယာဂရု
              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment