For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 31 July 2014

ကသာခရိုင်အတွင်း တမလန်းသစ်ခိုးထုတ်မှု ဖမ်းဆီးအရေးယူမှု အားနည်းသောကြောင့် ပိုမိုအတင့်ရဲလာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တရားမဝင်သစ်ခိုးထုတ်မှုများမှာ ပပျောက်သွား
ခြင်း မရှိဘဲ ဆက်လက်အရှိန်အဟုန် ကောင်းနေဆဲ
ရှိသည်။ သစ်ခိုးထုတ်သည့် လုပ်ငန်းရှင် (ခရိုနီ) များမှာ
နည်းမျိုးစုံ အခွင့်ရေးများကို အသုံးချလျှက် ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်မြို့နယ်(၇)မြို့နယ်
တွင် တရားမဝင်သစ်ခိုးထုတ်မှု မရှိသည့်မြို့နယ်ကြောင့်
သစ်တောသယံဇာတ ချစ်သူများက ပြောကြသည်။
      ခရိုင်မြို့ဖြစ်သည့် ကသာမြို့နယ်တွင် တရားမဝင်
သစ်ကားများ အများအပြားထွက်သလို အဓိကကျသည့်
လမ်း(မြို့)လည်း ဖြစ်သည်။ဗန်းမော်မြို့နယ်မှ ထွက်ရှိ
သော ကားများသည် မြသီတာရွာမှတဆင့် အင်းတော်
မြို့လည်းကောင်း၊အင်းတော်မှတဆင်
့ နဘားလမ်းဆုံ
သို့လည်းကောင်း၊ မိုးဒါးလမ်းသို့လည်းကောင်း၊ ကသာ
မြို့မှ တဆင့် ဧရာဝတီမြစ်ကြောင်း ဖြစ်သည့် ဒေသ
အခေါ် ယမ်းဖောင်များဖြင့်လည်းကောင်း၊ တဘက်ကမ်း
ကူးလုပ်ကိုင်ကြသည်။ မဲဇာ မော်မတန်သစ်ကွင်းမှ
ထွက်ရှိသော ကားများသည် သံပရာခြံ၊ ညောင်ခြေ
ထောက်၊ နဘားလမ်းဆုံ၊ မိုးဒါး၊ ကသာမြို့မှတဆင့်
မြစ်ကြီးနားဘက်သို့ သွားကြသည်။
     တရားမဝင်သစ်ကားများ ဖြတ်သန်းသွားလာချိန်
ကို အကျင့်ပျက်လူတစ်ချို့မှ စီစဉ်ပေးသလို၊ ကားကြီး၊
ကားငယ်၊ ဆိုင်ကယ်အသွယ်သွယ်ဖြင့် လမ်းကြောင်း
ရှင်း၊ မရှင်းဖုန်များဖြင့် ဆက်သွယ်လုပ်ကိုင်လျှက်ရှိ
သည်။ကောလင်းမြို့နယ်မှ ထွက်ရှိသော သစ်ကားများ
သည် ကောလင်းမြို့ထဲမှ နေ၍ ကျောက်တန်းလမ်းဆုံ
မှ မန္တလေးသို့ လည်းကောင်း၊ မြစ်ကြီးနားသို့ လည်း
ကောင်းမေးကြသည်။ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဂျိုတောင်
ဘက်မှ ထွက်ရှိသော သစ်ကားများမှ ဝန်းသိုမြို့မှနေ၍
ကောလင်းမြို့နယ် ၊ကျောက်တန်းလမ်းဆုံမှ တဆင့်
မြစ်ကြီးနားသို့ သွားရသည်။ပင်လည်ဘူးမြို့နယ်မှ
ထွက်ရှိသော သစ်ကားများသည် မြေလင်း၊ ဒေါ်စီ၊
ဝဲလာ၊ ပေကုန်း၊ (၅)မိုင်လမ်းဆုံ ဂိတ်များမှ  တဆင့်
ဝန်းသိုမြို့နယ်သို့လည်းကောင်း ကောလင်းမြို့မှတဆင့်
ကျောက်တန်းလမ်းဆုံမှ နေ၍ လိုရာခရီးကို သွားကြ
သည်။
      ကျောက်တန်းလမ်းဆုံနှင့် (၁)မိုင်ခန့်အကွာတွင်
ခံသာရဲစခန်းရှိပြီး ကျောက်တန်းလမ်းဆုံတွင်လည်း
ဂိတ်ရှိသည်။ တရားမဝင်သစ်ကားများ ဖြတ်သန်းရာ
လမ်းတစ်လျှောက်တွင် သစ်တောဌာန ဂိတ်များရှိသလို
နယ်မြေခံ ရဲတပ်ဖွဲ့ ရဲကင်း(စခန်း)များပါရှိသော်လည်း
ယနေ့အချိန်ထိ ဆက်လက်လုပ်ကိုင် နေကြသည်။
အကြောင်းတစ်စုံတရာကြောင့် စုံစမ်းစစ်ဆေးရေးယူမှု
များရှိသော်လည်း သစ်တောဝန်ထမ်းများသာ အရေးယူ
ခံရမှုများသည်။သစ်တောဝန်ထမ်းများထက်ဆိုးသော
အကျင့်ပျက်လူ အချို့မှာ အရေးယူခံရမှု နည်းသည်
(၂၀၁၄)ခုနှစ် (၃)လပိုင်းမှစ၍ တမလန်းသစ်များ
ဈေးကောင်းရချိန်တွင် အကျင့်ပျက်လူအချို့မှာလည်း
ကိုယ်ပိုင်ခြံ၊မြေ၊ အိမ်၊ တိုက်၊ကား၊ရွှေ ၊ ငွေများဖြင့်
ပိုင်ဆိုင်ခဲ့ကြပါသည်။
      ဘယ်သူတွေ ဘယ်လောက်တိုင်တိုင်၊ဘယ်မီဒီယာ
တွေ ဘယ်လောက်ရေးရေးဟု ဆိုသူများလည်း ရှိကြ
သည်။ မှန်ပေသည် ဖမ်းပိုင်ခွင့်မှ မရှိပေ တရားဝင်သစ်
ကားများ ထွက်မည်ဆိုလျှင် ဖမ်းပိုင်ခွင့်ရှိသူတစ်ချို့
အလုပ်ရှုပ်နေသည်။တစ်ချို့ပျောက်နေသည်။ တစ်ချို့
ဖုန်းတွေပိတ်ထားသည်။တစ်ချို့ဖုန်းများမကိုင်ဘဲ ရှိကြ
သည်။ သမ္မတကြီးဘယ်လောက်စွမ်းစွမ်း အောက်ခြေ
ကလိမ်တာခံနေရတယ်။ပြည်သူတွေ အော့နှလုံးနာနေ
ကြသည်။ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်
ဆိုတာလည်း ရှိသည်။ကသာခရိုင် (၇)မြို့နယ်တွင်
တရားမဝင်သစ်ခိုးသည့် ကားများအများဆုံး ထွက်သည်
မှာ ခရိုင်မြို့တော်ဖြစ်သည့် ကသာမြို့ ဖြစ်သည်။
     တရားမဝင်သစ်များနှင့် ပတ်သတ်၍ အမှန်တကယ်
ထိရောက်စွာ တားဆီးအရေးယူမည်ဆိုလျှင် ခွင့်ပြုသူ
မှာ အဓိကကျသည်။ ခွင့်ပြုသူရှိလျှင် ပြုလုပ်သူရှိသည်။
တရားမဝင်တမလန်းသစ်များနှင့် ပတ်သတ်၍ လုပ်ငန်း
ရှင် ပြည်သူအပေါ်တွင် သစ်တောပုဒ်မ(၄၂-ခ)မှ ယခု
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ပုဒ်မ-
(၆-၁)သို့ ကြီးလေးသည့် ပြစ်ဒဏ်ပြောင်းသလို ပါဝင်
ပတ်သတ်သည့် အကျင့်ပျက်ဝန်ထမ်းကိုလည်း ထိ
ရောက်စွာ အရေးယူသွားဖို့ လိုအပ်ပါသည်။ ကသာ
ခရိုင်တွင် နဘားလမ်းဆုံ ၊မိုးဒါလမ်းသစ်၊မြသီတာရွာ၊
ထီးချိုင့်နှင့်ကသာဇက်ဆိပ်၊ကျောက်တန်းလမ်းဆုံ
ကောလင်းမြို့ဝင်မြို့ထွက် (၅)မိုင်လမ်းဆုံးများတွင်
စုပေါင်းစစ်ဆေးရေးဂိတ်များ ထားရှိမည်ဆိုလျှင် ထိ
ရောက်နိုင်သည်။ညွှန်ကြားချက်တွင် ဘယ်လိုထုတ်
ထုတ်၊ဘယ်သူတွေတိုက်တိုင်၊ ဘယ်မီဒီယာတွေ ဘယ်
လောက်ရေးရေး၊ ခေတ်စနစ်ဘယ်လိုပြောင်းပြောင်း၊
သမ္မတကြီးဘယ်လို စွမ်းစွမ်း ကသာခရိုင်မှ တမလန်း
မျာခိုးထုတ်မှုကတော့ အရှိန်ကောင်းနေဆဲ ဖြစ်သည်။
                                     နန္ဒ(တစ်ကိုယ်တော်)    
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment