For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 17 July 2014

*သို့ *ပြည်ထောင်စုဝန်ကြီး၊* *ပညာရေးဝန်ကြီးဌာန၊* အ.မ.က (၁၄)မူလွန်ကျောင်း၊ မဟာအောင်မြေမြို့နယ်၊ ကျောင်းအုပ်ဆရာမကြီး ကြောင့် နောင်လာနောင်သား ကျောင်းသား ကျောင်းသူနှင့် မိဘများမခံစား ရစေလို ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
ဒေါက်တာဒေါ်ခင်စန်းရီ၊
ပြည်ထောင်စုဝန်ကြီး၊
ပညာရေးဝန်ကြီးဌာန၊
နေပြည်တော်။
အကြောင်းအရာ။   ။အ.မ.က (၁၄)မူလွန်ကျောင်း၊ မဟာအောင်မြေမြို့နယ်၊ ကျောင်းအုပ်ဆရာမကြီးသည် အလယ်တန်းအဆင့် ပညာသင်ဆု (scholarship) ရကျောင်းသူကို (၂)နှစ်ဆက်တိုက် စိတ်ဒဏ်ရာ ခံစားရရှိအောင် ပြောဆိုခြင်း ။ မိဘကိုအရှက်ကွဲအောင်ပြောဆိုခြင်း။ ကျောင်းအုပ်သည် ပညာရည်ချွန်ဆုပေးပွဲအတွက် နှစ်စဉ် နှစ်တိုင်း ကျောင်းသားကျောင်းသူ မိဘများထံမှ ငွေများ ကောက်ခံခြင်း။ ကျောင်းအုပ်သည် မဟာအောင်မြေမြို့နယ် ပညာရေးမှုးရုံးမှ အလယ်တန်းဆင့် ပညာသင်ဆု (scholarship) အောင်စာရင်းကို (၂) ရက်ကြိုတင်သိရှိခြင်း။

(၂၀၁၂၊  ၂၀၁၃ )ပညာသင်နှစ်မှာ ကျွန်တော်၊ ကျွန်မ၏ သားဖြစ်သူကို သူငယ်တန်းအပ်ရန် နယ်မြေ မတူညီသဖြင့် ထုံးတမ်းစဉ်လာအရ ကျောင်းအုပ်ကို (၂၀- ၅-၂၀၁၂)နေ့တွင်ငွေနှစ်သောင်း (၂၀၀၀၀) ကျပ် ပေးခဲ့ရပါသည်။ ကျောင်းအုပ်လည်း သူမ၏အိမ်တွင်လက်ခံယူထားလိုက်ပါသည်။ ကျောင်းအုပ်သည် သမီးကို ပြောလိုက်သော စကားတစ်ခွန်းမှာ (ညည်းတတိယတန်းမှာ အဆင့်-၁ ရတိုင်း စတုတ္ထတန်းမှာ စကော်လားရှစ်( scholarship) ဖြေရမယ်မထင်နဲ့ ) ဟုကျွန်မတို့မိဘနှစ်ယောက်ရှေ့တွင် ဒုတိယအကြိမ်ပြောခဲ့ပါသည်။ သားကိုလည်း သမီးသင်ပေးခဲ့သည့်သူငယ်တန်းတွင် နာမည်ရသည့် ဆရာမအတန်းထားပေးမယ်လို့ ပြောခဲ့ပါသည်။ (25-5-2012) ကျောင်းစအပ်ခံသည့် နေ့ကိုလာဖို့ခေါ်လိုက်ပါသည်။
(25-5-2012)ရောက်လာသောအခါ ကျွန်မအားကျောင်းအပ်လာကြသော မိဘများရဲ့ရှေ့၊ ကျောင်းရှိဆရာမများအားလုံးရှေ့တွင် (အဆင့်-၁ ရတဲ့သူရဲ့မိဘက အမြဲ ဘရိုက်(bright) ဖြစ်နေရမှာ မသိဘူးလား၊ ၀ှိုက်ဘုတ်(white board) ကို မဖတ်ဘူးလား၊ စိတ်ပျက်စရာကြီး တစ်ကယ်စိတ်ပျက်စရာကောင်းလိုက်တာဟု) အပြစ်တင်ဆူပူအရှက်ခွဲ ခဲ့ပါသည်။ ကျောင်းအုပ်၏ အညှိုးကြီးစွာ အရှက်ခွဲမှု့ကြောင့် လူအများရဲ့ရှေ့တွင် ကျွန်မ များစွာအရှက်ရခဲ့ပါသည်။ သမီးကိုသူငယ်တန်းကျောင်းအပ်စဉ်က နယ်မြေ မတူí လက်သင့်မခံပါသဖြင့် ထုံးတမ်းစဉ်လာအရ ပထမအကြိမ် မုန့်ပုံး၊ ဒုတိထအကြိမ် ငွေနှစ်သောင်း (၂၀၀၀၀) ကျပ်ပေးခဲ့ရပါသည်။ ထို့ကြောင့် သားကိုလည်း အဆင်ပြေမယ်လို့ထင်ခဲ့ပါသည်။ သားဖြစ်သူကို(25-5-2012) ချိန်းíလာခဲ့သော်လည်း (28-5-2012) ရက်နေ့တွင် ထပ်ချိန်းí လာခဲ့ပါသည်။ ကျွန်မအားရုံးခန်းထဲတွင် ခေါ်íသားအတွက် ပေးထားသော ပိုက်ဆံကိုဆရာမတစ်ဦးရဲ့ ရှေ့စားပွဲပေါ်တွင် ပစ်ပြီးပေးခဲ့ပါသည်။ ပစ်ပေးခဲ့သောငွေမှာ တစ်သိန်း (၁၀၀၀၀၀) ကျပ်အုပ်ဖြစ်နေသဖြင့် ကျွန်မမှာ မထိရဲ၊ မကိုင်ရဲ စိုးရိမ်ထိန့်လန့်စွာဖြင့် ဒုတိယအကြိမ် အရှက်ကွဲခဲ့ရပါသည်။ ကျောင်းအုပ်က ကျွန်မပေးထားသောငွေ နှစ်သောင်း(၂၀၀၀၀) ကျပ်ကို ပြန်ပေးပြီး လက်မှတ်ထိုးခိုင်းပါသည်။ ကျောင်းသားတစ်ဦး၏ မိဘကိုလည်း ကျွန်မနှင့်အတူ ရုံးခန်းထဲခေါ်ပြီး ယူထားသောငွေပြန်ပေးမပေး လက်မှတ်ထိုးမထိုး ကျွန်မ မသိရှိခဲ့ရပါ။ အကြောင်းမှာ ကျွန်မကိုငွေပြန်ပေးပြီး ရုံးခန်းထဲမှ အရင်ထွက်ခိုင်းပါသည်။ ဆရာမတစ်ဦးကို အသိသက်သေ နေရာမှာ ကျောင်းအုပ်က လက်မှတ်ထိုးခိုင်းပါသည်။ အကြောင်းအရင်းမှာ ငွေပေးထားသူမှန်သမျှကို သူငယ်တန်းတွင် နာမည်ရသည့် ဆရာမအတန်းမှာ ထားပေးတယ် ဟု ကျောင်းအုပ်က အထင်မခံနိုင်ပါကြောင်းပြောပါသည်။ ဒါကြောင့် ငွေပြန်ပေးပြီး သူငယ်တန်းဆရာမ လေးဦး၏ ကျတဲ့ အတန်းမှာ နေပါမည်ဟု ကျွန်မ၀န်ခံကတိလက်မှတ် ထိုးခဲ့ရပါသည်။ ကျန်ရှိသော သူငယ်တန်းအပ်မည့် မိဘများထံမှ ငွေယူထားသည်မှန်သမျှကို လက်မှတ်ထိုးမထိုး ငွေပြန်ပေးမပေး ကျွန်မ မသိရှိခဲ့ရပါ။ ကျောင်းအုပ်က ငွေပြန်ပေးပြီး (ရုံးခန်းရှေ့တွင် ခါးထောက်ပြီး မည်သူမျှ သူငယ်တန်းတွင် နာမည်ရသည့် ဆရာမအတန်း နေချင်သည်ဟု သူမကိုလာမပြောရန် အကုန်အသင်ကောင်းကြောင်း၊ ငါ့ကိုငွေယူတယ်ဆိုပြီး မဟုတ်တာတွေပြောကြည့် အဲဒီမိဘကို ရေဆုံးမြေဆုံးလိုက်မည် ကလေးကိုလည်းကျောင်းထုတ်ပစ်မည်) ဟု (28-5-2012) နေ့ ကျောင်းအပ်လာတဲ့ မိဘများရှေ့တွင် ကျွန်မအား သွယ်ဝိုက်သော စကားဖြင့် အော်ဟစ်ခြိမ်းခြောက်စကားပြောခဲ့ပါသည်။
(၂၀၁၂-၂၀၁၃) ပညာသင်နှစ်ကျောင်းဖွင့်သောအခါ အလံတိုင်အသစ်လဲရန်ဆိုပြီး အတန်းခွဲတစ်ခုလျှင် နှစ်ယောက်နှုန်း ငွေကောက်ခံရာ သားသားအခန်းမှာသားတစ်ယောက်ထဲကိုသာ ငွေကောက်ခံသည့် အတွက် ကျွန်မကိုပြန်ပေးထားသောငွေနှစ်သောင်း(၂၀၀၀၀) ကျပ်ကို အလံတိုင်ပြုပြင်ရန်ဆိုပြီး ကောက်ခံသွားပါသည်။ အလံတိုင်မှာ တစ်ဦးတည်း အလှူရှင် တတိယတန်းမှကျောင်းသားမိဘ တစ်ဦး(၂၀၁၂-၂၀၁၃) ခုနှစ်တွင်လှူဒါန်းပါသည်။
သမီးသည် (၂၀၁၂-၂၀၁၃) စတုတ္ထတန်းပညာသင်နှစ် စကောလားရှစ်(scholarship) မဖြေဆိုခင်ကတည်းက စိတ်ဒဏ်ရာရရှိနေခဲ့ပါသည်။ ကျောင်းအုပ်သည် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း တန်းတူမဆက်ဆံပဲ ခွဲခြားနှိမ့်ချဆက်ဆံ ခဲ့ပါသည်။ သမီးသည် သူငယ်တန်းမှပဉ္စမတန်း အထိ နှစ်စဉ်
 နှစ်တိုင်း အဆင့်တစ်ဖြင့် ပထမဆုကိုရယူခဲ့ပါသည်။ သို့သော်လည်းတတိယတန်းအဆင့်တစ် ရတိုင်း စကောလားရှစ်(scholarship) ဖြေဆိုရမယ်မထင်နဲ့ ဟု ကျောင်းအုပ်ရဲ့ပြောကြားထားသော အညှိုးတွေကြောင့် သမီး စတုတ္ထတန်း တစ်နှစ်ပတ်လုံးမှာမျက်နှာသာ မရရှိခဲ့ပါ။ ကျောင်းအုပ်ရုံးခန်းထဲ တွင်အဆင့်တစ် ကနေ ငါးအထိ ခေါ်ပြီးစာကျက်ခိုင်းပါသည်။ ကျောင်းအုပ်သည် အဆင့်တစ်ရတဲ့ သမီးကို မခေါ်ပဲ အဆင့်နှစ်ကနေ ငါးအထိ နာမည်များနှင့် အတူခေါ်ပြီး ရုံးခန်းထဲတွင် သူမကကိုယ်တိုင် စာကျက်ခိုင်းပါသည်။ သမီးလေးမှာ အဆင့်တစ်ရပြီး သူ့ကိုအခေါ်ခံချင်သော်လည်း အခေါ်အပြောမခံရသဖြင့် စိတ်ဒဏ်ရာများစွာ ရရှိခဲ့ပါသည်။ စတုတ္ထတန်းမှာလည်း ကျောင်းအုပ်ကိုယ်တိုင်သင်ခဲ့သောအတန်းဖြစ်သဖြင့် သမီးနှင့်အကြည့်ချင်းဆုံတဲ့ အခါမှာလည်း မျက်စောင်းထိုး အကြည့်လွှဲ မျက်နှာအမူအရာ ပျက်စွာဖြင့် ကလေးကိုဆက်ဆံခဲ့လို့ သမီးက ၀မ်းနည်းစွာ စိတ်ဒဏ်ရာများခံစားခဲ့ရကြောင်း၊ ကျောင်းသွားရမှာကိုလဲ စိုးရိမ်ကြောက်ရွံ့နေကြောင်း ၊ စတုတ္ထတန်းကျောင်းတက်နေစဉ်ကတည်းက ကျောင်းပြောင်းပေးပါ သမီးကျောင်းနေရတာ မပျော်တော့ကြောင်း စကောလားရှစ်(scholarship) လည်းမဖြေချင်တော့ကြောင်း အမြဲတမ်းပြောခဲ့ ပါသည်။ စတုတ္ထတန်းတွင်စိတ်ဒဏ်ရာများဖြင့် မပျော်ရွှင်ပဲ ကျောင်းအုပ်က စိတ်ဖြင့် ညှင်းပန်းပြီး မိဘများ၏အားပေးမှု့ကြောင့် စကောလားရှစ်(scholarship) ကိုသမီးလေးကဖြေဆိုခဲ့ပါသည်။ တကယ်ဆိုရင် ကျောင်းအုပ်၏ဂရုစိုက်မှု့ ကြင်နာစာနာမှု့ အားပေးမှု့ မြေတောင်မြောက်ပေးမှု့ တွေနဲ့ဖြေဆိုခဲ့ ရမယ်ဆိုရင် သမီးအတွက် အရမ်းပျော်ရွှင်ခဲ့ရမှာပါ အခုတော့သနားစရာကောင်းသည့် သမီးလေးအတွက် ကျွန်မတို့ ခံစားခဲ့ရပါသည်။
(2013-2014) ပညာသင်နှစ်တွင် အင်္ဂလိပ်စာ မြို့နယ်ထူးချွန်အတွက် ပဉ္စမတန်းအဆင့် သမီးကို ကျောင်းအုပ်က ရွေးချယ်ခဲ့ပါသည်။ မြို့နယ်ထူးချွန်အတွက် ကျောင်းမှာကျပ်မှတ်ဖြေဆိုရန် ပေးခဲ့သော အင်္ဂလိပ်စာ (Eassy) ၆ပုဒ်ကိုလည်း တာဝန်ကျေစွာကျက်မှတ်ခဲ့ပါသည်။ သမီးသည် ကျောင်းအတွက် ထပ်မံဂုဏ်ဆောင်ရန် အားထုတ်ကြိုးပမ်းနေချိန်တွင် (14-11-2013) ရက်ညနေ ၃နာရီအချိန်မှာ ကျောင်း၏ရုံးခန်းထဲသို့ခေါ်ပြီး (ညည်းလှေနံနှစ်ဖက်မနင်းနဲ့၊ တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသားနင်း အပြင်ကိုအားကိုးမှာလား ဒီကျောင်းကဆရာမကိုအားကိုးမှာလား ဒီကဆရာမက အလကားသင်ပေးတာကို ညည်းအပြင်ဆရာမကိုအားကိုးရင် ဒီအက်ဆေး(Eassy) ၆ပုဒ်ကို အပြင်ဆရာမကို တာဝန်ယူခိုင်း လက်မှတ်ထိုးခိုင်း ညည်း တစ်ခါတည်းဆုံးဖြတ်) ဟုရဲဝန်ထမ်း တစ်ဦးက တရားခံစစ်သည့် အတိုင်း ကျောင်းအုပ်က ကလေးနှင့် မတန်အောင် ညည်း ညည်း နှင့်ဆူပူကြိမ်းမောင်းငေါက်ငမ်း ပြောဆိုခဲ့ပါသည် သမီးမှာ ကျောင်းအုပ်၏ဆူပူုခြိမ်းခြောက် ပြောဆိုမှု့ကြောင့်ကျောင်းဆင်းပြီး အိမ်ရောက်သောအခါ ကြောက်လန့်ငိုယိုပြီး သမီးကျောင်းဂုဏ်ဆောင် အောင်ကြိုးစားခဲ့သော်လည်း အလကားပါဟု ပြောပါသည်။ ကျောင်းအုပ်၏ ခြိမ်းခြောက်မှု့ကြောင့် စိတ်ဒဏ်ရာများရရှိပြီး (2014-2015)ပညာသင်နှစ်တွင် ယခုကျောင်းမှလွဲပြီး မည်သည့်ကျောင်း ပညာသင်ရ သင်ရ ကျောင်းပြောင်းပေးပါဟု ခဏခဏပြောဆိုနေပါသည်။ ကျွန်တော်ကျွန်မတို့သည် သားငယ်ရှိသဖြင့် ထိုကျောင်းကို ဆက်ထားချင်ခဲ့သော်လည်း သမီးမှာ စိတ်ဒဏ်ရာရရှိပြီး ကျောင်းပြောင်းချင်နေပါသဖြင့် ကျောင်းအုပ်ရဲ့ လုပ်ဆောင်မှု့တွေကြောင့် ကျွန်တော်တို့မှာ အခက်ကြုံနေရပါသည်။ သမီးရဲ့ ဆန္ဒကို အဓိကထားပြီး (2014-2015)ပညာသင်နှစ်တွင် ကျောင်းပြောင်းပေးခဲ့ရပါသည်။
အ.မ.က(၁၄) မူလွန် ၊မဟာအောင်မြေမြို့နယ်၊ ကျောင်းအုပ်သည် ပညာရည်ချွန်ဆုပေးပွဲအတွက် နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူ မိဘများထံမှ ငွေများကောက်ခံခဲ့ပါသည်။ ကျွန်တော် ကျွန်မတို့၏ သမီး (အလယ်တန်းအဆင့် ပညာသင်ဆု) ရကိုလည်း သူငယ်တန်းမှ ပဉ္စမတန်းအထိ ငွေများကောက်ခံခဲ့ပါသည်။ ကောက်ခံခဲ့သောငွေများမှာ (၂၀၀၈-၂၀၀၉) ပညာသင်နှစ် သူငယ်တန်းတွင် ငွေတစ်သောင်း (၁၀၀၀၀) ကျပ်၊ (၂၀၁၀-၂၀၁၁) ပညာသင်နှစ် ဒုတိယတန်းတွင် ငွေနှစ်သောင်း (၂၀၀၀၀) ကျပ်၊ (၂၀၁၁-၂၀၁၂) ပညာသင်နှစ် တတိယတန်းတွင် ငွေတစ်သောင်း (၁၀၀၀၀) ကျပ်၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ် စတုတ္ထတန်းတွင် ငွေငါးထောင် (5000)ကျပ် ၊(၂၀၁၃-၂၀၁4) ပညာသင်နှစ် ပဉ္စမတန်းတွင် သမီး နှင့်သား (ဆုမရပါ) နှစ်ယောက်ပေါင်း ငွေတစ်သောင်း (၁၀၀၀၀) ကျပ်၊ ၊(၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် ကျန်ဆုမရသည့် ကျောင်းသား ကျောင်းသူ များမှာလည်း ငွေများကောက်ခံ ခဲ့ပါသဖြင့် မိဘများမှာ များစွာနစ်နာခဲ့ရပါသည်။ ၊(၂၀၁၃-၂၀၁4) ပညာရည်ချွန်ဆုပေးပွဲအတွက် ကောက်ခံသောငွေများကို ဆရာမတစ်ဦးမှ လက်ခံခဲ့ပါသည်။ ကောက်ခံရရှိသောငွေများမှာ စုစုပေါင်း ငွေဆယ်သိန်း(၁၀၀၀၀၀၀) ကျော် ရရှိကြောင်း ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ က (20-1-2014) ရက်မနက်ပိုင်း ပေါင်းလဲတိုက်တောင်ပေါက် ကွမ်းယာဆိုင်တွင် ပြောခဲ့ပါသည်။ ကောက်ခံရရှိသောငွေမှာ ဆယ်သိန်းကျော် ရရှိပါသော်လည်း စကောလားရှစ် (scholarship) ကျောင်းသူကို ၊(၂၀၁၃-၂၀၁4) ပညာရည်ချွန်ဆုပေးပွဲတွင် အလယ်တန်းပညာသင်ဆုရ (scholarship) အတွက် ငွေကျပ်ငါးထောင် (5000)ကျပ်ကို ဆုပေးခဲ့ပါသည်။ ကျွန်တော် ကျွန်မတို့၏သမီးလေးမှာ ဒီစကောလားရှစ်(scholarship)ဆုကို အရှက် အသက် ဦးနှောက် နှင့်ရင်းပြီး ဖြေဆိုခဲ့ရတာပါ ကျောင်းဂုဏ်ဆောင်ပေးခဲ့တဲ့ တပည့်ကောင်းတစ်ယောက်ကို သမီးဘ၀ရဲ့ ပညာရေးမှတ်တိုင် အနာဂါတ်မျှော်လင့်ချက် ရောင်ခြည် ဆက်လက်ကြိုးစားချင်စိတ်ကို ဖြစ်ပေါ်စေမဲ့ သမီးရဲ့ စိတ်ဓါတ်တက်ကြွစေရန်သမီးအတွက် အမှတ်တရဖြစ်စေနိုင်တဲ့ ဒိုင်းဆု(သို့မဟုတ်) စလွယ်ဆုကို ပိုပြီးသဘောကျနှစ်သက်ခဲ့ပါသည်။ သို့သော် ကျောင်းအုပ်တစ်ယောက်ဖြစ်ပြီး သမီးအပေါ်မှာ စေတနာ သဒ္ဒါတရား ခေါင်းပါးစွာ နှိမ့်ချဆက်ဆံတာကိုတွေ့မြင်ရပါသည်။ သမီးလေးကို စံပြတပည့်အဖြစ် (သူ့လို ကြိုးစားရင် သူလို ဒိုင်းဆုကြီးရမည်)ဟု နောင်လာနောင်သားများလည်း ကြိုးစားချင်စိတ်ရှိအောင် အားကျအောင် စံနမှုနာအဖြစ် ထားပြီးဆုချခြင်း ဂုဏ်ယူခြင်း ချီးကျူးခြင်း မရှိခဲ့ပါ။(မှတ်ချက် ။။။။။ ငွေသားကိုပြောဆိုခြင်းမဟုတ်ပါ) ကျောင်းတွင်း ဆုရသူများကိုသာ ဒိုင်းဆုပေးပြီး မဟာအောင်မြေမြို့နယ် တစ်မြို့နယ်လုံးတွင် အလယ်တန်း ပညာသင်ဆုရရှိပြီး ကျောင်းဂုဏ်ဆောင်သော ထူးချွန်ထက်မြက်သော ကျောင်းသူအား ဒိုင်းဆုချီးမြှင့်ချင်းမပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သမီလေးအပေါ် အညှိးကြီးစွာပြုလုပ်ထားသည်မှာထင်ရှားစေခဲ့ပါသည်။

ကျောင်းသား ကျောင်းသူ မိဘများထံမှ ကောက်ခံရရှိသော ငွေများကို ကျောင်းအုပ်မှ ကောက်ခံရရှိငွေ၊ ကုန်ကျစရိတ်ငွေ၊ ပိုသောငွေဟူပြီး နှစ်စဉ်နှစ်တိုင်းမိဘများထံသို့ အတိအလင်း စာရင်းရှင်းတမ်းများကို မပြုလုပ်ခဲ့ပါ၊ (2013-2014)ပညာသင်နှစ်အတွက် မိဘများထံမှ (ငွေကောက်ခံဖို့ အစည်းအဝေးကို ဖိတ်စာဖြင့် မပျက်မကွက် ကြွရောက်ပါရန်) ဟုဖိတ်ကြားခဲ့ပါသည်။ ကျောင်းအစည်းအဝေးတွင် ကျောင်းအုပ်က(2013-2014)ပညာရည်ချွန်ဆုပေးပွဲအတွက် ကျောင်းရံပုံငွေမရှိကြောင်း မိဘများထံမှ ငွေကောက်ခံမှသာ ပညာရည်ချွန်ဆုပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျောင်းသား ကျောင်းသူ မိဘများသည် ငွေကောက်ခံရာတွင် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ မိမိ၏သားသမီးများကို ကျောင်းအုပ်၏အညှိုးကြီးစွာပြောဆိုခံရမည်ကို ကြောက်ရွံ့သောကြောင့် ငွေထည့်ခဲ့ရခြင်းဖြစ်ပါသည်။ ကျောင်း၏ရံပုံငွေမရှိဟုဆိုသော ကျောင်းအုပ်သည် ကျောင်းတွင်မူကြိုကျောင်းဖွင့်လွှတ်ထားသည်မှာ ကြာပြီဖြစ်ပါသည်။ ကျောင်းတွင်ရှိသောမူကြိုကျောင်းမှာ ကျောင်းသား ကျောင်းသူ အယောက်(50)ဦးရှိပါသည်။ တစ်ယောက်လျှင်မူကြိုလခငါးထောင်(5000)ကျပ်ပေးရပါသည်။ ကျောင်းသားကျောင်းသူ အယောက်(50)ဦးအတွက် တစ်လလျှင် ကျောင်းအုပ်မှ နှစ်သိန်းငါးသောင်း(250000)ရရှိပါသည်။ မူကြိုကျောင်းမှရရှိသော ငွေများသည် မည်သည့်နေရာတွင်အသုံးပြုပါသနည်း????ကျောင်းအတွက် ပွင့်လင်းမြင်သာမှု့ ရှိစေချင်ပါသည်။ ကျောင်းအုပ်သည်အစည်းအဝေးဖိတ်စာတွင် ကျောင်းအုပ်၏ထိုးမြဲလက်မှတ်မပါရှိခြင်း၊ ကျောင်းအုပ်ကြီးနေရာတွင် ကော်ရပ်ရှင် (correction) နှင့် ဖျက်ထားခြင်းကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ပြုလုပ်ထားခြင်းသည် ကျောင်းအုပ်၏ မရိုးသားခြင်း၊ ပြóနာတစ်စုံတစ်ရာဖြစ်ခဲ့လျှင် ကျောင်းအုပ်နှင့်မသက်ဆိုင်ပါကြောင်း ကျောင်းအကြိုးတော်ဆောင်နှင့် ကျောင်းရှိဆရာမများမှ ငွေကောက်ခံခြင်း ဖြစ်ကြောင်းဆိုပြီး ကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါသည်

(၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် သမီး စတုတ္ထတန်းမှာ အ.မ.က (၁၄)မူလွန်ကျောင်းအတွက် မဟာအောင်မြေမြို့နယ်တွင် အလယ်တန်းဆင့် ပညာသင်ဆု(scholarship) ကိုဝင်ရောက်ဖြေဆိုခဲ့ပါသည်။သမီးမှာ ဖြေဆိုခဲ့သည့်အတိုင်း (၂၀၁၂-၂၀၁၃) အ.မ.က (၁၄) မူလွန်အတွက် အလယ်တန်းဆင့် ပညာသင်ဆုရရှိပြီးကျောင်းဂုဏ်ဆောင်ခဲ့ပါသည်။ ကျောင်းအုပ်သည် အလယ်တန်းဆင့်ပညာသင်ဆု အောင်စာရင်းမထွက်ခင် (4-5-2013)ရက်တွင် ကျွန်တော်ကျွန်မတို့ကို ဖုန်းဆက်ပြီး သမီးစကောလားရှစ်ဆု ရရှိကြောင်းဖုန်းဖြင့် အကြောင်းကြားပါသည်။ ကျွန်တော်ကျွန်မတို့ကလည်း အားရ၀မ်းသာစွာဖြင့် အောင်စာရင်းထွက်ပြီလားဟုမေးလိုက်သောအခါ ကျောင်းအုပ်က စကောလားရှစ် အောင်စာရင်းမထွက်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရေးမထံမှ လျှို့ဝှက် စုံစမ်းသိရှိရပါကြောင်း ဖုန်းဖြင့် ပြောကြားပါသည်။ အလယ်တန်းအဆင့် ပညာသင်ဆု အောင်စာရင်းကို (6-5-2013) ရက် ယနေ့ထွက်ရှိကြောင်း ကျောင်းအုပ်မှ ဖုန်းမှတဆင့်ပြောပြီး သူ့မအိမ်သို့လာရောက်ရန်ခေါ်ပါသည။ ကျွန်တော် ကျွန်မတို့သည်လည်း ကျောင်းအုပ်အိမ်သို့သွားပါသည်။ အိမ်ရောက်သောအခါ မြို့နယ်ပညာရေးမှူးရုံးကို ဂုဏ်ပြုရမည်ဖြစ်ကြောင်း စာရေးမကို အောင်စာရင်းကြိုသိရသဖြင့် ရှယ်ကျွေးမည်ဟု အာမခံခဲ့ရကြောင်းပြောပါသည်။ ဒါကြောင့် အာမခံထားသည့်အတွက်မိဘများမှ မနက်ဖြန်(7-5-2013)နံနက် (၁၀း၃၀) အချိန်တွင် ကိန်ကြည် ခေါက်ဆွဲကြော်ကြွေးရမည်ဟု ကျောင်းအုပ်မှ ကျွန်တော် ကျွန်မတို့ကို ပြောပါသည်။ ကိန်ကြည်ခေါက်ဆွဲကြော်ဖြင့်ဂုဏ်ပြုရာတွင် စာရေးမက ခေါက်ဆွဲကြော်မကြိုက်သဖြင့် ကြာဇံကြော်တစ်ပွဲ သီးသန့်လာဘ်ထိုးသည့်အနေဖြင့် ကျောင်းအုပ်မှဝယ်ခိုင်းပါသည်။ ကျွန်တော် ကျွန်မတို့သည်လည်း ကျောင်းအုပ်၏စေခိုင်းချက်ဖြင့် မြို့နယ်ပညာရေးမှူးရုံးကို ဂုဏ်ပြုခဲ့ပါသည်။ ထို့အပြင်ကျောင်းအုပ်သည်ပြóနာတစ်စုံတစ်ရာဖြစ်လို့ မြို့နယ်ပညာရေးမှူးကိုတိုင်ခဲ့လျှင် ကျောင်းအုပ်အတွက် အကာအကွယ်ရရှိရန် နေ့စဉ်ကျောင်းတွင်းရှိဈေးသည်ကို အကြော်အလှော် အသီးအနှံမျိုးစုံ ပန်းမျိုးစုံ တို့ကိုရက်ခြားစီ မြို့နယ်ပညာရေးမှူးထံသို့ ပို့ခိုင်းခဲ့ပါသည်။ ကျောင်းအုပ်သည် မြို့နယ်ပညာရေးမှူးနေမကောင်းပါသဖြင့် တိုင်းရင်းဆေးဆရာမဒေါ်ခင်ခင်ကြီး၏ ဆေးခန်းသို့ ဆေးဖိုးအကုန်အကျခံပြီး ပို့ပေးခဲ့ရာ ဒါမှပြóနာတစ်ခုခု ဖြစ်ခဲ့လျှင် (ငါ့ဘက်ကရပ်တည်မှာ)ဟုကျောင်းတွင်းရှိဈေးသည်အား ကျောင်းအုပ်ကိုယ်တိုင်ပြောခဲ့ပါသည်။


အထက်ပါအကြောင်းအရာကိစ္စရပ်များကို (11-2-2014)ရက်တွင် မဟာအောင်မြေမြို့နယ် ပညာရေးမှူးရုံးသို့ အသိပေးတိုင်ကြားခဲ့သော်လည်း ကျေနပ်အားရမှု့မရှိခဲ့ပါ။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ကို အကောင်ထည်ဖော်ဆောင်ရွက်နေစဉ်မှာ အ.မ.က (၁၄) မူလွန်မဟာအောင်မြေမြို့နယ် ကျောင်းအုပ်သည် ပညာရေးဝန်ကြီးဌာန၏ ချမှတ်ထားသောစည်းမျည်း စည်းကမ်း ၊ ကျောင်း၏ စည်းမျည်း စည်းကမ်း၊ ကျောင်းအုပ်တစ်ယောက်အနေဖြင့် လိုက်နာစောင့်ထိန်းရမည့် စည်းမျည်း စည်းကမ်းများကို ချိုးဖောက်ဆန့်ကျင် ကျူးလွန်နေကြောင်းတွေ့ရှိရပါသဖြင့် ပြည်ထောင်စုပညာရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးလူမှု့ရေးဝန်ကြီး၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အထက်မြန်မာပြည် ၊ မန္တလေးတိုင်း တိုင်းပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးတို့ကို (22-5-2014)ထပ်မံအဆင့်ဆင့် တင်ပြပြီး အမြန်ဆုံး စီစစ်အရေးယူဆောင်ရွက်ပေးပါရန် ယုံကြည်အားကိုးလေးစားစွာဖြင့် တိုင်ကြားထားသော်လည်း ယနေ့ထိပြီးဆုံးအောင်ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်း မရှိခဲ့ပါသဖြင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ ကျွန်တော် ကျွန်မတို့၏ သမီးကဲ့သို့စိတ်ဒဏ်ရာ ခံစားရရှိခြင်းနှင့် ကျွန်တော် ကျွန်မတို့ မိဘများ ရဲ့ရှေ့တွင် အရှက်ခွဲပြောဆိုခံရမှု့တို့ကို နောင်လာနောင်သား အ.မ.က(၁၄) မူလွန်ကျောင်းတွင် ပညာသင်ကြားနေသောကျောင်းသား ကျောင်းသူနှင့် မိဘများမခံစား ရစေလိုသောကြောင့် ယခုလိုတင်ပြရခြင်းဖြစ်ပါသည်။
(တိုင်းကြားပေးပို့သူ)


ကိုအောင်နိုင်ဦး
၉/မရတ(နိုင်)-(105462)
အကွက်(425)၊ မာလကာခြံရပ်၊ သံလျှက်မော်အရှေ့ ၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment