For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 18 July 2014

ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိသော မှောင်ခိုနွားများအား ဒေသခံများကို လေလံတင်ရောင်းချရာတွင် ပွင့်လင်းမြင်သာမှု မရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

    စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ
ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမဝင်
တရုတ်နိုင်ငံသို့ တင်ပို့မည့် နွားများကို
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်
ဒေသခံတောင်သူများထံသို့ လေလံတင်
ရောင်းချခဲ့ရာတွင် တာဝန်ရှိသူများက
ပွင့်လင်းမြင်သာမှု မရှိဘဲ လေလံတင်ခဲ့
ကြသည်ကို အဆိုပါ လေလံပွဲ၌ စာရင်း
ပေး ဝယ်ယူခွင့်လျှောက်ထားကြသော
တောင်သူများက ပြောကြပါသည်။
      ဖမ်းဆီးထိန်းသိမ်းထားသည့် နွားများ
ကို လေလံတင်ရောင်းချခြင်းကို ယခုလ
ဇူလှိုင်(၆) ရက်နေ့က စစ်ကိုင်းဒေသကြီး၊
ကန့်ဘလူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ နွား
ကောင်ရေ(၂၆၈)ကောင်ကို မြို့နယ်တရား
ရုံးမှ ကြီးမှူးကာ လေလံတင်ရောင်းချခဲ့
ခြင်း ဖြစ်သည်ဟု သိရပါသည်။
      အဆိုပါ လေလံတင်ရောင်းချမှု
လျှောက်ထားရာတွင် တောင်သူများအနေ
ဖြင့် လယ်ယာမြေ လုပ်ကိုင်ခွင့်ပုံစံ(၇)ဖြင့်
လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ထန်းတ
ပင်ကျေးရွာမှ တောင်သူလယ်သမား ကွန်
ယက်မှ ပြောပါသည်။ လေလံရောင်းချရာ
တွင် ကန့်ဘလူမြို့ရှိ ကျေးရွာ (၉၁)အုပ်စု
ရှိ ကျေးရွာများကို မဲစနစ်ဖြင့် ရွေးချယ်
ကာ လေလံတင်ရောင်းချခဲ့ပြီး ဒေသခံ
တောင်သူများ၏ မဲစာရင်းအရေအတွက်
အားလုံး ပါဝင်မှုမရှိဘဲ ယင်းကဲ့သို့ မဲအရေ
အတွက်အားလုံး ပါဝင်မှုရှိ/မရှိကို ပြန်
လည်စစ်ဆေးခဲ့ရာမှ သိရှိရခြင်းဖြစ်သည်။
    ယင်းကဲ့သို့ မဲနှိုက်ရာတွင် တရားမျှတ
မှုရှိသော်လည်း မဲစာရင်းမှာ အားလုံးမပါရှိ
ကြောင်းနှင့် ယခင်အခါ ပြုလုပ်ခဲ့ရာ၌
တောင်သူ(၃)ဦး မဲပေါက်ခဲ့ပြီး ယခုအခါ
(၃)ရွာ ပေါင်းလို့မှ တစ်ဦးတစ်ယောက်မျှ
မဲမပေါက်ခဲ့ကြောင်း လေလံတင်လျှောက်
ထားကြသည့် တောင်သူများက ပြောပါ
သည်။ထိုကိစ္စနှင့်ပတ်သတ်၍ ထန်းတပင်
ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားရာ
တွင် လက်ကျန်မဲလိပ်မှာ ၎င်း၏ အုပ်စု
တောင်သူများ၏ စာရင်းမပါခဲ့ကြောင်းနှင့်
၎င်း၏အုပ်စုမှာ တောင်သူ(၈၁)ဦးတင်
ထားသည်မှာ တစ်ယောက်မှ မဲမပေါက်ခဲ့
ကြောင်းနှင့် လက်ကျန်မဲလိပ်များကို ဖြေ
ကြည့်သော်လည်း စာရင်းပျောက်နေ
သည်ဟု ဆိုပါသည်။
      လေလံတင်ရောင်းချရာတွင်း လေလံ
တင်နွားများမှာ အမျိုးအစား(၃)မျိုးခွဲခြား
ထားပြီး နံပတ်(၁)မှ နံပတ်(၁၈)ထိ နွား
များကို  တန်ဖိုးငွေကျပ် (၅)သိန်း၊ နံပတ်
(၁၈)မှ နံပတ်(၁၇၀)ထိ နွားများကို ငွေ
ကျပ်(၄)သိန်း၊ နံပတ်(၁၇၀)မှ နံပတ်
(၂၆၈)ထိ နွားများကို ကျပ်(၃)သိန်းခန့်
သတ်မှတ် ရောင်းချခြင်း ဖြစ်ပြီး နွားများ
၏ပေါက်ဈေးမှာ အပြင်နွားဈေးထက်(၃၀)
ခန့် သက်သာခြင်းကြောင်း တောင်သူ
အများစုအနေဖြင့် ဝယ်ယူလိုကြခြင်း
ဖြစ်သည်။
      အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး လေလံ
ပွဲစီစဉ်မှုတွင် တာဝန်ရှိသည့် ကန့်ဘလူမြို့
နယ် စီမံခန့်ခွဲမှု ကော်မတီရုံးသို့ ဖုန်းဖြင့်
ဆက်သွယ်စုံစမ်းမေးမြန်းရာတွင် စီမံခန့်ခွဲ
မှု ကော်မတီရုံးနှင့် မသက်ဆိုင်ကြောင်း
လေလံတင်ရောင်းချရာတွင် အဓိက ကိုင်
တွယ်သည့်ရုံးမှာ ကန့်ဘလူမြို့နယ် တရား
ရုံးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို
သိရှိရသည်။
               ထန်းကုန်းသား(ကန့်ဘလူ)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment