For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 20 July 2014

"နှလုံးသားထဲက ဗိုလ်ချုပ်" by မောင်မေတ္တာမိုး, “သွေးမော်ကွန်း” by .လသာဖြိုးအောင်. ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”




"နှလုံးသားထဲက  ဗိုလ်ချုပ်"

ဗိုလ်ချုပ်အောင်ဆန်း

စကားထွက်ကြမ်းပေမယ့်
အရမ်းချစ်တတ်တဲ့  သူ့နှလုံးသား
မြန်မာပြည်သူများအတွက်
"ကျောင်းသားဘဝ
မစခင်ကလေး ဘဝကတည်းက
မ တရားတာမြင်ရင်
အမေဖြစ်သူ ဒေါ်စုကို
ပြည်သူတွေ အပေါ် မတရားတာမလုပ်ပါနဲ့"
ပြောဝံ့သူ   
ဗိုလ်ချုပ်အောင်ဆန်း
သူလျှောက် မဲ့လမ်း
ပန်းခင်းလမ်း မဟုတ်တာ
ကြိုတင်ကာသိပေမယ့်
ပြည်သူပြည်သား
ကောင်းစားရေးအတွက်
သူ့အသက်ကိုတောင်
ရဲရဲဝံ့ဝံ့  စွန့်လွှတ်ပေးခဲ့သူ ။
ပြည်သူအတွက်
လွတ်လပ်ရေး
အသက်စွန့်ပေးကြိုးပမ်း
မျော်မှန်းထားသည့် ပန်းတိုင်
လှမ်းကိုင်ကာရောက်လုနီး
သွေးစီးခဲ့ရတဲ့အဖြစ်
မနေ့ကလို့တောင်ထင်မိ
ဒါပေသည့်..,...
ပြည်သူများ  နှလုံးသားမှာ
မမေ့နိုင်တာ( ၆၇)နှစ်တောင်
ရှိပြီနော်   
       မောင်မေတ္တာမိုး
>>>>>>>>>>>>>>>


“သွေးမော်ကွန်း”


*ကမ္ဘာ့ မြေပုံပေါ်မျာပေါ့ 

မြန်မာဆိုတဲ့ နိုင်ငံဖြစ်စေဖို့ 

ဆုံးရှုံးခဲ့ တဲ့ မြေ၊လက်လွတ်ခဲ့ တဲ့ မြေ

မြန်မာ့ မြေကိုမြန်မာသာပိုင်ဆိုင်ကြောင်း

တိုင်းရင်းသားညီအစ်ကိုအပေါင်းရဲ့ 

အသွေးအသား၊နှလုံးသားထဲက

လွတ်လပ်မှုဆာလောင်ခြင်းတွေမှာ

သူ့ ကိုမွေးဖွားပေးခဲ့ ရတယ်

ခေတ်ရဲ့ တောင်းဆိုတဲ့ လူပေါ့ ။

*အမျိုးဂုဏ်ကြီးမြတ်လှခဲ့ 

အဘိုးရဲ့ သွေးမျိုးဆက်မို့ 

နယ်ချဲ့ ဆိုမကြားလို၊မမြင်လို

ကျွန်မခံလိုတဲ့ စိတ်ကပို......

ဆွေကြီးမျိုးကြီးသူဌေးသား

အညာဇာတိနတ်မောက်၊မကွေးသား

နှစ်ရာချီပြီးမှုန်ဝါးခဲ့ တဲ့ ပန်းချီကားကို

မြန်မာ့ သမိုင်းတစ်ခေတ်ရဲ့ သားက

အသက်သွင်းလို့ လှုပ်နိုးစေခဲ့ ပေါ့ ။

*လူငယ်လေးတစ်ဦးပါ......

ကျောင်းသားလူငယ်လေးတစ်ဦးပေါ့ 

ဆရာကောင်းအပေါင်းရဲ့ ဝန်းရံမှုနဲ့ 

သမဂ္ဂကိုဦးဆောင်ခဲ့ ဖူးတယ်

အစည်းအရုံးမှာလှုပ်ရှားခဲ့ ဖူးတယ်

သူ့ အတွေးထဲကလွတ်လပ်ရေး

သူ့ အသွေးထဲကဇာတိမာန်

သူ့ နှလုံးထဲကအမျိုးဂုဏ်

သူ့ အသိဥာဏ်ထဲကသတ္တိခွန်အား

ဒါတွေကိုပေါင်းစပ်မိချိန်ပေါ့ 

မှုန်ဝါးတဲ့ ပန်းချီကားဆေးပြန်ချယ်သဖို့ 

သူ့ သွေးနဲ့ ဆေးရောင်စပ်ခဲ့ ပေါ့ ။

*သူ့ စည်းရုံးရေးမှာအာဏာမလို

သူ့ စည်းရုံးရေးမှာအမျိုးဇာတ်မခွဲ

သူ့ စည်းရုံးရေးမှာခေါင်းစဉ်မကွဲ

ဝင်သက်ထွက်သက်တိုင်း..လွတ်လပ်ရေး...တဲ့ 

ပြည်သူတွေတိုင်းရဲ့ ရင်တွင်းက

ဇာတိမာန်မျိုးစေ့ တွေကိုမှ

သူ့ နှလုံးသွေးမိုးနဲ့ ပက်ဖြန်းရှင်သန်စေခဲ့ 

ဆန္ဒနဲ့ ဘဝထပ်တူကျစေခဲ့တာပေါ့ ။

*မျက်ကန်းမျိုးချစ်မဟုတ်သလို

ပညာဥာဏ်ဦးစီးတဲ့ သူမို့ 

စစ်ပညာကိုပါးထိုးရင်းပြီးသင်ဖို့ 

လူသုံးဆယ်ရဲ့ အရှေ့ ကျွန်းခရီး

ဆင်းရဲအသားနာဒဏ်ထက်

အမျိုးမနာအောင်ထားတဲ့ စေတနာတွေပေါ့ ။

*အသက်သေမှာထက်....

လူမျိုးနဲ့ နိုင်ငံမသေအောင်လေ

ကွဲပြားမှုနဲ့ တိုင်းရင်းသားတွေကို

အရိုးရှင်းဆုံးနှလုံးသားအခံနဲ့ စည်းရုံးခဲ့ 

အားလုံးရဲ့ တိမ်မြုပ်နေတဲ့ ဇာတိမာန်ကို

သူ့ လက်ရုံး၊နှလုံးနဲ့ မောင်းတီးခဲ့ 

သူ့ ဖွဲ့ စည်းမှုအောက်မှာ

ပေါက်တူးကိုင်တဲ့ လက်တွေပါတယ်

လွှကိုင်တူကိုင်တဲ့ လက်တွေပါတယ်

သပိတ်လွယ်ဆွမ်းခံတဲ့ လက်တွေပါတယ်

ဘွဲ့ ဝတ်စုံအစားစစ်ဝတ်စုံရွေးသူတွေပါတယ်

ထမ်းပိုးအစားသေနပ်ပြောင်းထမ်းသူတွေပါတယ်

လက်ဖက်တောထဲကစော်ဘွားတွေပါတယ်

ရေခဲတောင်ပေါ်ကဒူးဝါးတွေပါတယ်

ဖားစည်တီးတဲ့ ဖရိုတွေပါတယ်

ပင်လယ်ပျော်တဲ့ ကိုရှည်တို့ ပါတယ်

သစ္စာသမားရာမညသားတွေပါတယ်

သမိုင်းချစ်တဲ့ သူအကုန်ပါဝင်ခဲ့ ကြတယ်။

*လက်ရှိဘဝတွေကိုစွန့် လို့ 

တော်လှန်ရေးတစ်ရပ်မှာညီညွတ်တဲ့ စိတ်တစ်ခုထဲပေါ့ 

သူတို့ ရဲ့ ရင်ဘတ်တွေတံတိုင်းခတ်လို့ 

သေခြင်းကိုမမှုညီညွတ်ခဲ့ ကြတာပါ

နေမဝင်အင်ပါယာကိုဖြိုခဲ့ တာ

နေဝန်းနီကိုမောင်းထုတ်တာ

ဒီနေ့ လူတွေ........

ခင်ဗျားတို့ ...........ဆန္ဒထုတ်ဖော်သလိုများလား

ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ 

ခင်ဗျားတို့ ...........ဒို့ တာဝန်အရေးဟန်လုပ်ရွတ်သလိုလား

ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ 

ခင်ဗျားတို့ တိုက်နေတဲ့ ပြည်တွင်းစစ်လိုလား

ထွီး!........ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ ။

*အသက်တွေပေးပြီးတိုက်ခဲ့ ကြတာ

အလောင်းတွေထပ်ပြီးတက်ခဲ့ ကြတာ

တူညီတဲ့ ဆန္ဒတစ်ခုထဲပါ

ဒီလူတွေတိုက်မပေးခဲ့ ရင်

ဒီသွေးတွေမြေမခခဲ့ ကြရင်

ဒီလူတွေမှာဒီခေါင်းဆောင်မရှိခဲ့ ရင်

ဒီနေ့ ဒေါင်းတစ်ကောင်လိုလှပါတယ်ဆိုတဲ့ 

ရှည်မျောမျောမြေပုံတစ်ခု

ကမ္ဘာမှာမြန်မာလို့ ခေါ်ကြပါ့ မလားဗျာ။

သူတို့ သာဂျပန်ကိုမသွားခဲ့ ကြရင်

သူသာအင်္ဂလန်ကိုသွားအရေးမဆိုခဲ့ ရင်

သူသာသူဌေးသားအရာရှိလုပ်နေခဲ့ ရင်

သူသာ.....................................

မတွေးဝံ့ စရာ.........မတွေးဝံ့ စရာပါ။

“တောက်”(ပြင်းပြင်းခေါက်ပါ)

*မြန်မာ့ ကိုယ်ပိုင်အလံပြန်တင်တဲ့ နေ့ 

မြန်မာပြည်မြန်မာအုပ်ချုပ်တဲ့ နေ့ 

သူအတောင့် တဆုံးနေ့ ......

အဲဒီနေ့ မှာသူရှိမနေခဲ့ ဘူး...ကွာ...

ဘယ်လောက်ကြေကွဲစရာကောင်းလိုက်သလဲ။

*လူငယ်လေးတစ်ယောက်ပါ

အသက်သုံးဆယ်စွန်းရုံလေးပေါ့ 

ဒါတို့ ရဲ့ ဝန်ကြီးချုပ်....

ဒါတို့ ရဲ့ မူလပထမဗိုလ်ချုပ်

ဒါမြန်မာတို့ ရဲ့ အဓိပတိ

ဒါမြန်မာအပေါင်းရဲ့ ဥသျှောင်

လူမျိုးကွဲရန်သူအနိုင်ယူခဲ့ သူ

အရှေ့ ကိုဇွတ်တက်ထက်မြက်တဲ့ အမိန့် နဲ့ 

တိုက်ပွဲအပွဲပွဲကိုဖွင့် ခဲ့ သူ

အားလုံးရဲ့ အပူတွေလွဲယူတတ်သူ

သူ......အမောတွေမပြေသေးခင်

နောက်ကျောကပြောင်းသစ္စာကိုဖောက်

ခွေးသဘောက်စိတ်နဲ့ လူ

အာဏာကိုမှဆာလောင်တတ်သူတွေပေါ့

ကိုယ်နေတဲ့ အကိုင်းကိုခုတ်ဖို့ 

ပုဆိန်ကိုအရိုးတတ်ပေးခဲ့ သူတွေပေါ့ 

ဇူလိုင်လ.....၁၉......ရက်က

၁၉၄၇မှာမြန်မာ့ သမိုင်းကိုရိုင်းစေခဲ့ 

အစည်းအဝေးခန်းထဲက

လွင့် ကြွေရတဲ့ ကြယ်ကိုးပွင့် ပေါ့ 

ဇူလိုင်မှာရွာတဲ့ မိုးက..

တစ်ပြည်လုံးလူတွေရဲ့ ပါးပြင်နံရံတွေပေါ်မှာပါ

သူယုံကြည်စွာတပ်ဆင်ပေးခဲ့ တာ

သူယုံကြည်စွာသင်ကြားပေးခဲ့ တာ

သူယုံကြည်စွာစီမံခဲ့ တာအားလုံးက

သူ့ ခန္ဒာကိုဖောက်တဲ့ ကျည်ဆံတွေလား...ကွာ။

*အခွင့် ထူးမယူခဲ့ တဲ့ လူ

ယူနီဖောင်းသုံးစုံနဲ့ လူ

မိန်းမမပိုးတတ်ခဲ့ တဲ့ သူ

နံပြားနဲ့ ပဲပြုတ်ကြိုက်တတ်သူ

ခရိုနီကိုမုန်းတဲ့ သူ

ကားပျက်လို့ လမ်းလျှောက်ရုံးတက်တဲ့ သူ

လမ်းဘေးအကြော်တဲဧည့် ခန်းလုပ်ခဲ့ သူ

ဒါဟာ...တို့ ရဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ကွ။

*နေမဝင်တွေလက်မြောက်ခဲ့ တဲ့ 

နေဝန်းနီတွေဒူးထောက်ခဲ့ ရတဲ့ သူ

လုံခြုံရေးတပ်ဖွဲ့ ကိုငြင်းခဲ့ တာဟာ

မြန်မာထဲမှာခွေးတွေပါမှန်းမသိခဲ့ လို့ ပါ

ကိုယ့် ခြံကခွေးကိုယ့်ပြန်ကိုက်ခံရ

သမိုင်းမလှစေခဲ့ တာများကွာ.....

ဒီစာမျက်နှာလှန်ကြည့် မိတိုင်း

ဒီနေ့ ပြန်ရောက်တိုင်းအလွမ်းမပြေဘု

သူ့ ရဲ့ ထက်မြတ်ခြင်းတွေနဲ့ အတူ

သူနဲ့ တူညီစွာညီညွတ်ခဲ့ တဲ့ 

တို့ တတွေရဲ့ အဓိပတိကြီးတွေ

သူတို့ ထာဝရလဲလျောင်းရာ

မြန်မာပြည်ရဲ့ ကမ္ဘာ့ အဦးဆုံးစေတီမြတ်

ရွှေတိဂုံရဲ့ မြောက်ဖက်မှာပေါ့ 

မြင့် မိုလ်တောင်ရှိတဲ့ မြောက်အရပ်

မြင့် မြတ်တဲ့ အနန္တောအနန္တအရပ်

သန်းခြောက်ဆယ်ရဲ့ ကျေးဇူးရှင်များ

အိပ်စက်နားပေါ့ ..............

သမိုင်းကပေးခဲ့ တဲ့ လက်ဆောင်

မြန်မာပြည်မြေပုံတည်နေသမျှ

သူတို့ ကိုအမှတ်ရစေဖို့ ပါ....။


                   
...လသာဖြိုးအောင်.........

No comments:

Post a Comment