For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 July 2014

နိုင်ငံတော် သမ္မတ ကြီးနှင့် တကွ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အထူးမေတ္တာရပ်ခံခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပုသိမ်မြို့ ထောင်ကုန်းလမ်း ဒိုဘီချောင်ရပ်ကွက်နေ ဦးချိုတူး (ကျန်းမာရေးမှူး ငြိမ်း)သည် အိမ်အမှတ် ၄၇၉ ၌ မိသားစုနှင့် အတူတကွ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၌ ပုသိမ်မြို့ ထောင်ကုန်း ဒိုဘီချောင် ရပ်ကွက်၌  ပုသိမ်မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်မှူး သူရမြင့်လွင် ဦးစီးသော အဖွဲ့သည် မြို့ရွာအတွင်း မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက်  လူနေထူထပ်သော ရပ်ကွက်အတွင်းရှိ  အိမ်ကြပ် အိမ်ညပ်များကို စနစ်တကျ ဖယ်ရှားကာ မြို့အတွင်းရှိ မြေနေရာ များကို ပြန်လည်သတ်မှတ်ပေးခဲ့ပါသည်။ထို အစီစဉ် အရ ကျွန်တော် ဦးချိုတူးသည် ညွှန်ကြားချက်များနှင့်အညီ သွပ်မိုးပျဉ်ကာ နေအိမ်တစ်လုံး ဆောက်လုပ်ကာ မိသားစုနှင့် အတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ပင် ကျော်ခဲ့ပြီ ဖြစ်ပါသည်။အဆိုပါ အိမ်ဆောင်လုပ်ခဲ့သောနေရာအား ဦးမောင်မောင်အေး ဒေါ်ရွှေ မိသားစု မှ ၎င်း တို့၏ မြေပိုင်နက် အတွင်း ၌ ကျရောက်နေသည်ဟုဆိုကာ နှစ်စဉ် အခကြေးငွေ များ ကို ကျွန်တော် စစ်ကိုင်းတိုင်း ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေစဉ် အချိန် အတွင်း မိသားစုထံမှ ၂၀၀၆ ခုနှစ်တိုင်အောင် ကောက်ယူခဲ့ပါသည်။ယခုနှစ် ဧပြီလ အတွင်း၌ ကျွန်တော့်အနေဖြင့်စည်ပင်သာယာ ဥပဒေ နှင့် မညီညွတ်လောက်အောင်ပျက်စီးနေသော အဆိုပါ နေအိမ်ဟောင်းအား ပြန်လည်ဖြိုဖျက်၍ သစ်ဟောင်းများဝယ်ယူကာ ပြင်ဆင်ရန် ကြိုးပမ်းခဲ့ပါသည်။သို့သော် ဒေါ်ရွှေ နှင့် သားဦးမောင်မောင်အေး မိသားစုက ၎င်းတို့၏ မြေပိုင်နက်ဖြစ်သောကြောင့် ထိုအိမ် ပြန်လည်ဆောက်လုပ်ရန် ကာလတန်ကြေး ငွေကျပ် သိန်း ၆၀ တောင်းခံခဲ့ပါသည်။ကျွန်တော့်အနေဖြင့် ပင်စင်စား အငြိမ်းစားဝန်ထမ်း တစ်ဦးမျှသာ ဖြစ်သောကြောင့် ထို ငွေကြေးပမာဏအား ပေးနိုင်စွမ်းမရှိပါ။ထိုကိစ္စအား ဧရာဝတီတိုင်း ဝန်ကြီးချုပ်ထံ စာတင်ပြ အသနား ခံခဲ့ သော်လည်း လာရောက်စစ်ဆေးပေးသေးခြင်းမရှိပါ။အဆိုပါ ဒေါ် ရွှေ ဦးမောင်မောင်အေး မိသားစု ပိုင်ဆိုင်သော မြေယာ အကျယ်အဝန်းသည် ရှေ့ ၄၅' နှင့် နောက် ပေ ၁၂၀ ' မျှသာဖြစ်ပြီး ကျွန်တော်နေထိုင်သော နေအိမ် နှင့် လွတ်ကင်းပါသည်။ယခု အခါ မိုးတွင်းကာလ ဖြစ်သော ကြောင့် ဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ် ဒေသဖြစ်သော ပုသိမ် မြို့သည် နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ကျွန်တော်၏ နေအိမ်မှာ ဖြိုဖျက်ထားသောကြောင့် ၎င်းနှင့် ဆက်စပ်ပါ ပစ္စည်းများသည် ပျက်စီး သွားနိုင်သော ကြောင့် ကျွန်တော်၏ နေအိမ်အား အမြန်ဆုံး ပြန်လည်တည်ဆောက်လိုပါသည်။ဒေါ်ရွှေ ဦးမောင်မောင်အေး မိသားစုသည် ရပ်ကွက်အတွင်း မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အသုံးပြုရန်ပေးထားသော လမ်းကိုလည်း ခြံစည်းရိုး ခတ်ခြင်း လူသွား လမ်း၌ ဆူးငြောင့်များချထားခြင်း မီးချောင်းများခွဲခြင်း  ရပ်ကွက်လမ်း ပေါ်မေးတင်၍ အဆောင်တစ်ဆောင် တည်ဆောက်ထားသော ကြောင့် ရပ်ကွက်အတွင်း မီးဘေးအန္တရယ် ပေါ်ပေါက်လာပါက တွေးဝံ့စရာပင် မရှိပါ။ အဆိုပါ မိသားစု သည် ကျွန်တော် နှင့် မိသားစု အားနေ့စဉ် ဆဲရေးတိုင်းထွာခြင်းသာမက လာရောက်စစ်ဆေးသော အရာရှိများအား မကြားဝံ့ မနာသာသောစကားလုံးများဖြင့် ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုနေမှူ့ တို့အား ကျွန်တော်နှင့်အတူ ပတ်ဝန်းကျင်ရှိ ရက်ကွက်သားများက ကျေနပ်မှူ့ လုံးဝ မရှိပါ။ ၎င်းတို့ လက်ရှိဆောက်လုပ်နေသော နေအိမ်အား အထောက်ထား အခိုင်အမာ မပြနိုင်သောကြောင့် ပုသိမ်စည်ပင်မှ တားမြစ်ထားပါသည။  သို့သော် ညအချိန် မတော် အချိန် များ၌ ၎င်း မိသားစုသည် နေအိမ်အား  ခိုး၍ ဆောက်လုပ်လျက်ရှိပြီး ညအချိန်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို  စိတ်အနှောက်အယှက် လွန်စွာဖြစ်စေပါသည်။ကျွန်တော့် အနေဖြင့် စည်ပင်မှ တားမြစ်ခဲ့သည့် နေ့ရက်မှ စ၍ အိမ်တည်ဆောက်မှူ့အား ရပ်တန့် ခဲ့ပြီး စစ်ဆေးရေး ကော်မတီ မှ ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုချက် ရမှသာ ပြန်လည်ဆောက်လုပ်ရန် စောင့်ဆိုင်းနေပါသည်။ အဆိုပါမိသားစု ၏ သက်ဆိုင်ရာ အာဏာပိုင်များ ညွှန်ကြားမှူ့အား မထီမဲ့မြင်ပြုခြင်း  ပတ်ဝန်းကျင်အား ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆိုခြင်း  တို့အား နိုင်ငံတော် သမ္မတ ကြီး နှင့်   တကွ ဧရာဝတီတိုင်း ဒေသကြီးချုပ်နှင့်  ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ သိစေရန်  လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။
ဦးချိုတူး
ကျန်းမာရေးမှူး(ငြိမ်း)
၁၄/ပသန(နိုင်)၁၅၆၂၄၉
၀၉၂၅၀၃၂၂၃၆၈
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment