ဆင်ပေါင်ဝဲ
ဇူလိုင်
၂၀
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားကြသည့်ကျောင်သား၊ကျောင်သူ
ကလေးငယ်များကို စာသင်ကြားပေသော ဆရာမတချို့၏ရိုင်းပြသောအပြုအမူများကြောင့်ကလေးငယ်များဆက်လက်ပညာ
သင်ကြားရန်အခက်အခဲဖြစ်သည့်အပြင် ကျောင်းသားကျောင်းသူကလေးငယ်များ
မိဘများလည်းရင်သွေးငယ်များ၏ပညာရေး
အတွက်စိတ်အနှောက်အယှက်ဖြစ်နေကြောင်း ဆင်ပေါင်ဝဲမြို့မှကျောင်းသားမိဘတဦးကပြောပြသည်။
ဆင်ပေါင်ဝဲမြို့ အ.ထ.က(၁)ကျောင်း ဒုတိယတန်းတွင်ပညာသင်ကြားပေးသောဆရာမဒေါ်မြင့်မြင့်ကြည်သည်
ကျောင်း
ပြင်ပသူမ၏ကျူရှင်၌တက်ရောက်သင်ကြာခြင်းမရှိသည့် ကျောင်းသား
ကျောင်းသူကလေးငယ်များကိုနည်းအမျိုးမျိုးဖြင့် ခြောက်
လှန့်ခြင်း၊ကြိမ်းမောင်းဆူခြင်း၊ပိုက်ဆံရှိသူ ပိုက်ဆံမရှိသူ
ခွဲခြားဆက်ဆံခြင်းနှင့်သူသင်ကြားပေးသောစာများကိုကလေးငယ်များ
ကူးယူပါက စာသူခိုးဟုစွတ်ဆွဲ၍ပြစ်ဒဏ်အမျိုးမျိုးပေးခြင်းတို့ကြောင့်ငယ်ရွှယ်နုနယ်သောကလေးငယ်များစိတ်ဓာတ်ပိုင်းဆိုင်ရာ
ပျက်စီးသွားနိုင်သဖြင့်လမ်းမှားရောက်သွားမည်ကိုကျောင်းသား
ကျောင်းသူများ၏မိဘများ ရင်တထိတ်ထိတ်စိုးရိမ်နေကြကြောင်း
သိရသည်။ "သူမ၏ကျူရှင်တက်သူ
မတက်သူနှင့်ပိုက်ဆံရှိသူ မရှိသူ သိသိသာသာခွဲခြားပြီးမျက်နှာလိုက်နေတယ်။၎င်းထိုင်တဲ့
စားပွဲခုံအနီးမှာ သူကျူရှင်တက်တဲ့ကလေးတွေနဲ့ပိုက်ဆံရှိတဲ့ကလေးတွေကိုသာကပ်ထားတယ်။စာသင်ချိန်နဲ့ပြင်အချိန်တွေမှာ
တစ်ယောက်နဲ့တစ်ယောက်စကားများကျရင်လည်းသမာသမတ်မျှတစွာ ဆုံးဖြတ်မှုမရှိတဲ့အပြင်အားနည်းသူကိုသာတစ်ဘက်
စောင်နှင်းငေါက်ငမ်းနေတယ်။ကလေးတွေတစ်ယောက်နဲ့တစ်ယောက်ခိုက်ရန်ဒေါသဖြစ်လို့သွေးထွက်သံရိုဖြစ်တာတောင်
မှန်ကန်
စွာဖြန်ဖြေမပေးဘူး။မိဘခြင်းရှင်းကြဆိုပြီးပြောလွတ်တယ်။ဒီအတိုင်းတာဆက်သွားနေရင်ကလေးတွေအတွက်ပညာရေးရင်လေးမိ
တယ်။နိုင်ငံတော်ကလည်း စာမတတ်သူပပြောက်ရေး၊ဆင်းရဲသားပပြောက်ရေး၊အသက်ပြည့်တဲ့ကလေးများပညာသင်ကြားနိုင်
အောင်ထောက်ပံပေးနေတဲ့အပြင်ဆရာ ဆရာမတွေကိုလည်း လခတွေတိုးပေးထားပါတယ်။ကျောင်းအတွက်
လှူရေး တန်းရေး
ဘာကြေး ညာကြေးဆိုလည်းအများ တန်းတူပေးဆောင်နေတယ်။အခုတော့
ခွဲခြားဆက်ဆံရုံတင်မကဘူး ကလေးတွေကျောင်း
မတက်နိုင်အောင်အထိ ပြောဆိုဆက်ဆံနေတော့ကလေးတွေဆိုကျောင်းမတက်ခြင်ပါဘူး
ကျောင်းမသွားခြင်ပါဘူးဖြစ်နေတော့
ပညာရေးအတွက်များစွာ စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်"ဟုဆင်ပေါင်ဝဲမြို့မှဒေသခံတစ်ဦးကပြောပြ၍သိရှိရသည်။
မောင်မေတ္တာမိုး
No comments:
Post a Comment