For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 July 2014

ဥပဒေ၏နောက်ကွယ်(အပိုင်း-25) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   တွေးကြည့်ရင် တော်တော်ဒေါသ ဖြစိ
စရာကောင်းပါတယ်။ကျွန်တော်တို့ ပကာ
လေးတိုက်ပြီး ရောင်းစားနေတဲ့သူကျ
တော့ ပြုံးပြုံးနဲ့ ခွင့်ပြုထားတယ် ဒီတော့
ကျွန်တော်ဒေါသဖြစ်မိတာ လွန်မယ်မထင်
ပါဘူး။
     ၇.၇.၂၀၁၄ရက်နေ့က ကျွန်တော်
ပကားတစ်စီးတိုက်လာခဲ့တယ်။ အသွား
တုန်းက ပြောသွားပါတယ်။ ဖြတ်ကြေးပို
ပေးတဲ့ အချိန်ဆိုတော့ ရပါတယ်ပေါ့
တကယ်လာတော့မရဘူး ရှုပ်တယ်ပေါ့
ကားက ၅မိုင်ကို ၈နာရီလောက်ရောက်
တော့ ဖြတ်မရဘူး ညနေစောစောပိုင်း
၎နာရီလောက်က စကွဲယားတစ်စီးဖြတ်
သွားပြီး ၇/ခ ၇၉၁၅ ဆိုလား နောက်မှာ
နောက်မှာက စကွဲယား ၂စီး ကျန်နေသေး
တယ် ဒီကြားထဲက ဝင်လာတဲ့ ပကာကား
ကို သွားခွင့်မပေးဘူး ရှုပ်လို့ ဒါနဲ့ပဲ နေ့ဦး
ပေါ့ကွာလို့ စိတ်ထဲမှတ်ထားပြီး ၈.၇.
၂၀၁၄ ရက်နေ့ ညထိစောင့်နေပြီး ည၂နာ
ရီမှာ ထွက်လာတဲ့ ၁၀ဘီးကား ၂စီး
နောက်က လိုက်လာပြီး ၅မိုင်သစ်တော
ရုံးရှေ့ရောက်တော့ တိုင်တယ်ကွာ မဖမ်း
ဘူးလားဆိုတော့ ဘာမှမပြောကြဘူး
သူတို့ရှေ့မှာဘဲ ခရိုင်A/Dဦးမင်းထွဋ် ဆီကို
ဖုန်းဆကိပြီးအကြောင်းကြားထားတယ်
ကား၂စီးကိစ္စကို ကောလင်းသစ်တောရုံး
ဖုန်းဆက်တယ်မကိုင်ဘူး။
     ကျွန်တော်တို့လို မရှိလို့ အင်/ကညင်
ပကာခွဲသားတို့ရောင်းဝယ်လုပ်ကို
င် စား
သောက်ရတဲ့  သူတွေက စကွဲယားလို
ပေးနိုင်တာမဟုတ်တော့ မျက်နှာငယ်ပြီး
လူရာမဝင်ပါဘူး အင်ခွဲသားဆိုတာက
လည်း ဘယ်မှရောင်းရတညမျိုးမဟုတ်ဘဲ
မရှိတဲ့လူလေးတွေကဘဲ အိမ်ဆောက်ကျ
တာမျိုးပဲရှိတာပါ ဒီအလုပ်ဆိုတာကလည်း
ငွေရင်းငွေနှီးမလိုဘဲ လုပ်ကိုင်ရတဲ့အတွက်
ကြောင့်သာ လုပ်နေဖြစ်တာပါ တောကို
သွားချိန်းဆောတွေနဲ့ ခွဲထားတဲ့ ခွဲသား
တွေကို ဟိုနေရာ၁တန် ဟိုနေရာတန်ဝက်
နဲ့ စုပြီးတင်လာရောင်းချပြီးမှ ငွေပြန်ပေး
လုပ်ရလို့ပါ။
      အခြားလုပ်ငန်းမလုပ်တတ်လို့သာ
လုပ်နေရတာ မလုပ်ပျော်ပါဘူး ပြီးခဲ့တဲ့
နှစ်ကဘဲ သူငယ်ချင်းနဲ့ စပ်တူလုပ်တာ
ဖမ်းခံရလို့ ထောင်၆လစီကျခံခဲ့ရပြီး ပါပြီ
ဒီနားက မြို့နယ်မှာ အင်ခွဲသားလုပ်ပြီး
ထောင်ကျတာ မင်းတို့ပထမဆုံးလို့ ပြော
ကြပါတယ်။ သူများတွေလဲ ခဏခဏဖမ်း
ခံရတာပဲ ဘယ်သူမှ ထောင်ကျတာ မတွေ့
ဖူးပါဘူး။ ထွက်လာပြီးပြန်တော့လဲ ဘာမှ
မလုပ်တတ်တော့ ဒီအလုပ်ကလေးပဲ ပြန်
လုပ်ဖြစ်ပါတယ်။
     ပြီးခဲ့တဲ့တလောလေးကပဲ စ.ရ.ဖ
ဖိုးသားကတိုင်လို့ဆိုပြီး ဝန်းသိုမှာ အင်ခွဲ
သား ၆တန်နီးပါး ဖမ်းခံရသေးတယ်။ အဲ့
ဒီနေ့က အမှန်ဆို ဒီလိုမဖြစ်သင့်ပါဘူး ငွေ
တောင်းလို့ စ.ရ.ဖ အတွက်ဆိုပြီး ၃သိန်း
တောင်းတယ် ဒ.န ကြေးဆိုပြီး ၆သောင်း
စုစုပေါင်း ၃သိန်း ၆သောင်း ပေးလိုက်ရပါ
တယ် နံနက်မလင်းမှီ သစ်တောတိုင်လို့
ဖမ်းခံရတယ် ပေးလဲပေးရသေးတယ် တစ်
ဖက်ကလည်းတိုင်သေးတယ် စ.ရ.ဖ က
ဘယ်လိုလူတွေခေါ်မွေးထားသလဲ မသိ
ဘူး မခံနိုင်လို့ သွားပြောတော့ ဘာမှ
တော့ မပြောလိုက်ဘူး။
    ကျွန်တော်တို့လို လူတွေအတွက် အ
ခွငိ့အလမ်းနဲပါတယ် ဟိုလူကဟောက်
လိုက်တောင်းလိုက်ဒီလူကဟောက်လိုက်တောင်းလိုက် အဆင်ပြေလို့သာ လုပ်နေရ
တာ ဘာမှမကောင်းပါဘူး အော်
ကျွန်တော်နာမည်ကတော့ ဖိုးနီပါ မှတ်ပုံ
တင်နံပတ်အမှတ် ၅/ကလတနိုင်၁၀၇၄၂၄
ပါ။သိချင်တာရှိရင် မေးလို့ရပါတယ်။ ဒီနေ့
၉.၇.၂၀၁၄ ရက်နေ့တောင်မှ ၁၀ဘီးကား
၉/ခ ၈၄၇၉ ခေါင်းဝါ ကိုယ်ထည်အပြာ
ရောင်နဲ့ တမလန်းတစ်စီး ဆင်ဲးမယ့်
အကြောင်းကို ထပ်သတင်းပို့ပေးလိုက်
သေးတယ် သူတို့ဆိုင်ရာတွေ ဆက်လုပ်
မလုပ်တော့ မသိဘူးပေါ့ ဝတ္တရားရှိသည်
နှင့်အညီ လုပ်တယ်လို့ဘဲ အောက်မေ့
လိုက်ပေါ့ဗျာ။
မှတ်ချက်။     ။ ဖိုးနီ၏ Feel ကိုတင်ပြပေး
                 ပါသည်။
                     နိုင်းမရ(ကောလင်း)
             ninemaya.nmy@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment