For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 31 July 2014

သို့ / တိုင်းစည်ပင်ခရိုင်စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သိရှိနိင်ရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့ / တိုင်းစည်ပင် ခရိုင်စည်ပင်နှင့်
မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သိရှိနိင်ရန်
ပြုပြင်ပေးရန်တင်ပြပါသည်။
မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင်
သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏
လုပ်ကိုင်ဆောင်ရွက်ပုံကလေးပထမဦ
းစွာ
တင်ပြလိုပါသည်။
၂၀၁၄ခုနှစ် ဇွန်လကုန်ခါနီးတွင် မြို့နယ်စည်ပင်သာယာဝန်ထမ်းအော်နေကျ
အသံရှင် ဦးအောင်ခင် ၏အသံဖြင့်တစ်မြို့
လုံးနေရာလပ်မရှိကြေညာချက်မှာသာစည်
မြို့ပေါ်လမ်းများမပျက်စီးနိုင်ရန်နှင့်ရေစီး
ရေလာကောင်းမွန်ရေးအတွက်နေအိမ်တိုင်း
၏ပတ်ဝန်းကျင်တွင်ရေစီးနိုင်ရန်ရေစီး
မြောင်း၂ပေအကျယ်၁ပေအနက်ကိုအမြန်
ဆုံးတူးရန် ကိုယ်တိုင်မတူးနိုင်ပါကမြို့နယ်
စည်ပင်အဖွဲ့ ဘက်ဟိုးမြေတူးမြေကော်စက်
ပေါက်စကိုတူးလိုသောပြည်သူများကကုန်
ကျစရိတ်ခံပြီးတူးပေးမည်ဖြစ်ကြောင်း
၁၀-၈-၂၀၁၄ရက်နေ့ တွင်ဆောင်ရွက်ပြီး
မပြီးကိုစည်ပင်တာဝန်ရှိသူများနှင့်မြို့နယ်
စည်ပင်ကြီးကြပ်မှုကော်မတီမှလိုက်လံစစ်
ဆေးမည်ဖြစ်ကြောင်း အကယ်၍ဆောင်
ရွက်မှုမရှိပါကစည်ပင်တည်ဆဲဥပဒေအရ
အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကြေ
ညာခဲ့ပါသည်။ဒီကြေညာချက်ကိုနှစ်စဉ်နှစ်
တိုင်းကြေညာခဲ့သော်လည်းဘယ်သောအခါ
မျှစစ်ဆေးမှုမရှိပါ။ကြေညာချက်သည်အဆံ
မပါသည့်သင်္ကြန်အမြောက်ဖြစ်နေပါသည်။
ကျနော်တို့ အနေနှင့်ဥပဒေလေးစားလိုက်
နာလို့ ပြောပြော ကြောက်လို့ ပြောပြော
ကိုယ့်အိမ်ရှေ့အိမ်ဘေးကိုသူတို့ ကြေညာ
ချက်အတိုင်းတူးထားပါတယ်။ဒါပေမယ့်ဗျာ
ကိုယ့်အိမ်အထက်မတူး အောက်အိမ်က
မတူးဆိုတော့ ကိုယ်တူးထားတဲ့မြောင်းထဲ
ရေတွေမထွက်တော့ဘူးဗျာ။ဒီကြားထဲ
မြောင်းမတူးတဲ့အိမ်တွေကသူတို့ အိမ်ဝိုင်း
ထဲရေဝင်မှာစိုးလို့ ဆိုပြီးအများပြည်သူသွား
တဲ့လမ်းအလယ်ကောင်မြောင်းတွေဖေါက်
လိုဖေါက် အချို့ အိမ်ကလမ်းနယ်ကိုကျဉ်း
အောင်လုပ်သူတို့ ဝင်းခြံရှေ့ ၄ ပေလောက်
ချဲ့ ယူပြီးလူ့ တစ်ရပ်လောက်မြောင်းတူးပြီး
အဲဒီကရတဲ့မြေကိုအိမ်ဝိုင်းထဲဖို့ လိုဖို့ 
စည်ပင်ဝန်ထမ်းတွေအိမ်ကိုမြောင်းမတူးဘူး
လားလို့ မေးတော့ရယ်ပြီးတူးတယ်လေ
ဟိုမှာဆိုပြီးပြလို့ ကြည့်ပြန်တော့၆လက်မ
အကျယ်အနက်လောက်ခြစ်ထားတဲ့ရေ
မြောင်းလေးကိုပြတယ်။တစ်ချို့ စည်ပင်
ဝန်ထမ်းတွေရဲ့အိမ်တွေဆိုတူးတောင်မတူး
ဘူးဗျာ။နိုင်ငံတော်သမ္မတကြီးကိုသနားမိပါ
တယ်။သန့် ရှင်းသောအစိုးရ ကောင်းမွန်
သောအုပ်ချုပ်ရေး ဝေးပါသေးဗျာ ကိုယ်
ထုတ်တဲ့ဥပဒေကိုယ်မလိုက်နာမှတော့ဘယ်
ဒီတိုင်းပြည်ဒုံရင်းဒုံရင်းပေါ့။လမ်းပျက်အေါင်
လမ်းအလယ်မြောင်းဖေါက်လို့ သွားပြော
တော့မုန်းမှာကြောက်လို့ တဲ့ဗျာ ကောင်းပါ
ရော။ခုလဲမတူးသူကများ လေကြေညာချက်
ထုတ် လေတိုက်တော့ပါသွားဆိုတာလိုဖြစ်
နေပြီ။မကြေညာချင်မကြေညာနဲ့ ပေါ့ဗျာ
ကြေညာရင်လဲကြေညာတဲ့အတိုင်းလုပ်ပေါ့
ခုတော့တကယ့်သင်္ကြန်အမြောက်ပါ။
ဒါ့ကြောင့်လူကြီမင်းများအနေနဲ့ 
ရှက်တတ်တယ်ဆိုရင်ဘယ်ရပ်ကွက်တွေ
ရေမြောင်းတူးသလဲ ဘယ်လမ်းမှာလမ်း
အလယ်ကောင်မြောင်းတူးထားလဲ ဘယ်
ိအိမ်ကလမ်းပေါ်ချဲ့ ထားသလဲ ဆိုတာတွေ
လိုက်စစ်ဖို့ လိုပါတယ်။မြို့နယ်စည်ပင်အနေ
နဲ့ အဆံမပါတဲ့သင်္ကြန်အမြောက်ပစ်တာရပ်
ပြီး နိုင်ငံ့ဝန်းထမ်းများပီပီသတ္တိရှိရှိတာဝန်
သိသိကြေညာရင်ကြေညာတဲ့အတိုင်းအရေး
ယူစေ့ချင်ပါတယ်။ခက်တာကရပ်ကွက်
အုပ်ချုပ်ရေးမှူးများရဲ့အိမ်တွေရှေ့ ဘေးမှာ
တောင် မြောင်းတူးမထားလို့ အရေးမယူဘူး
ဆိုရင်တော့မကြေညာတာအကောင်းဆုံး
ဖြစ်ကြောင်းနဲ့ တိုင်းစည်ပင် ခရိုင်စည်ပင်
မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အနေနှင့်သါစည်
စည်ပင်ရဲ့သင်္ကြန်အမြောက်ကိုကျည်ဆံထဲ့
ပေးပါရန် ပြုပြင်ပေးပါရန်တင်ပြအပ်ပါသည်

လမ်းပျက်တာမမြင်လိုသည့်သါစည်သါး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment