For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 July 2014

ကောလင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော နမဝတန်းကျောင်းသားတစ်ဦးကို ကျောင်းနေခွင့်တားမြစ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ အခြေခံ
ပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေ
သော ကျောင်းသားတစ်ဦးကို ကျောင်းအုပ်ဆရာမကြီး
မှ ကျောင်းခေါ်ချိန် မပြည့်မှီသဖြင့် ကျောင်းတက်ခွင့်
တားဖြစ်ခဲ့ကြောင်း သိရသည်။အဆိုရာ အကြောင်းအ
ရာကိစ္စနှင့် ပတ်သတ်၍(၁၄.၇.၂၀၁၄) ရက်နေ့ ညနေ
(၅)နာရီ အချိန်ခန့်တွင် ကျောင်းသား၏မိခင်ဖြစ်သူ
ဒေါ်ရွှေနှင်းရီမှ အတန်းပိုင်ဆရာမ ဒေါ်မိုးမိုးထံသို့
ဖုန်းဖြင့် ကလေးရဲ့ပညာရေး အခြေအနေ မေးမြန်းစုံ
စမ်းကြည့်ရာ အတန်းပိုင်ဆရာမ ဒေါ်မိုးမိုးမှအစ်မသား
ကျောင်းမတက်တ တစ်လခန့်လောက် ကြာမြင့်နေပြီ
ဖြစ်ကြောင်း အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်မိုးမိုးမှ ဖုန်း
ဖြင့် ပြန်လည်ပြောကြားခဲ့သဖြင့် မိခင်ဖြစ်သူမှာ သား
ဖြစ်သူ ကျောင်းမတက်မှန်း အဲ့ဒီအချိန်ကျမှ သိရှိလိုက်
ရပါသည်။
      မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ သားဖြစ်သူကို ဘာ
ကြောင့် ကျောင်းမတက်တာလဲလို့ မေးမြန်းကြည့်ရာ
ကျွန်တော်ကျောင်းတက်ပါတယ်။ကျော
င်းတက်တဲ့
အချိန်အချိန်မှာလည်း ကျောင်းပျက်သူရှိ/မရှိ သိရှိစေ
နိုင်သည့် နာမည်စာရင်းကို ခေါ်သည့်အခါ ကျွန်တော့်
နာမည်ကိုခေါ်ဆိုခြင်း မရှိဘဲ တစ်ခြားကျောင်းသူ/သား
များရဲ့နာမည်များကိုသာ ခေါ်ဆိုပြီး ကျွန်တော့်နာမည်ကို
မခေါ်ပါဘူး။ကျွန်တော်ကတော့ ဆရာမက ကျွန်တော့်ရဲ့
နာမည်ကို ကျော်သွားတာ ဒါမှမဟုတ် ကျွန်တော့်
နာမည်ကို ခေါ်ဆိုဖို့ မေ့နေခဲ့တာလို့ ကျွန်တော့်ထင်ပြီး
နေခဲ့ပါတယ်။နောက်ရက်တွေမှာလည်း ထိုနည်းတူစွာ
ကျွန်တော့်နာမည်ကိုမခေါ်ပါဘူး။အခြားကျောင်းသူ/
သားများကိုသာ ခေါ်ဆိုသွားပြီး ကျွန်တော့်နာမည်ကို
မခေါ်ဘဲနေတာ(၄.၅.၆)ရက်လောက် ကြာလာတော့
ကျွန်တော်လည်း ရှက်တာနဲ့ ကျောင်းမတက်ဘဲ အခြား
တနေရာမှာ သွားနေလိုက်ပါတယ် ဟု ကျောင်းသားက
မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီအား ပြန်လည်ပြောပြပါသည်။
     မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ သားဖြစ်သူကို မင်း"ဆ
ရာ/မတွေကို ဘာတွေပြောဆိုထားတာလည်း ဆရာ/မ
တွေကတော့ မင်းကိုးခါးခါးသီးသီးဘာလို့ ဒီလောက်
ဖြစ်နေတာလဲလို့ မေးတော့(၂၄.၈.၂၀၁၃)ရက်နေ့
ညနေ(၄)နာရီခွဲ အချိန်ခန့်တွင် ပညာအကယ်ဒမီ
ကျူရှင်ဝိုင်းတွင် ဓါတုဗေဒဘာသာရပ် သင်ကြားပေး
သော ဆရာမဒေါ်သန်းနွဲ့အေး(အ.ထ.က)မှ ဆရာမက
သားသူငယ်ချင်းနှင့် စကားပြောတာကို ဟဲ့ကောင်လေး
တွေ အဲ့ဒီကလေကချေနဲ့စကးပြောမနေနဲ့ ကိုယ့်ဟာ
ကိုယ် ရေးစရာရှိတာကိုရေး အဲ့ဒီကလေကချေရေးချင်
ရေး မရေးချင်နေဟု ဆရာမဒေါ်နွဲ့အေးက သားတို့
ကျူရှင်လာတက်တဲ့ ကျောင်းသားတွေကြားထဲမှာ
အဲ့ဒီလိုပြောတော့ ကျွန်တော်က ဆရာမ အဲ့ဒီလိုမပြော
ပါနဲ့ဟု ပြန်ပြောတော့ ပြောတော့ဘာဖြစ်သလဲ မင်း
ငါ့ကို ဘာလုပ်ချင်သလဲ မင်းငါ့အကြောင်းကောင်း
ကောင်းသိစေရမယ်ဟု ကျွန်တော့်ကို ကြိမ်းသွားတယ်။
      ၂၅.၈.၂၀၁၃ ရက်နေ့ ကျွန်တော်ကျောင်းကို
ရောက်တော့ ရောက်တော့ နမဝတန်း အထွေထွေ
ဘာသာရပ်ကို သင်ကြားပေးသော ဆရာမ ဒေါ်သန်းနွဲ့
အေး နှင့်ဒေါ်သီတာကြင်တို့ဆရာမနှစ်ဦးမှ ဝိဇ္ဇာခန်းနှင့်
သိပ္ပံခန်းရှိ ကျောင်းသား/သူများကို ကျွန်တော်နဲ့မခေါ်ရ
ဘူး မဆော့ရဘူး ကျွန်တော်နဲ့ ခေါ်တဲ့သူ ဆော့တဲ့သူ
တွေရှိရင် ထိုဆရာမနှစ်ဦးမှ ရိုက်မည်ဟု ပြောဆိုခဲ့
ကြောင်းကို ကျွန်တော်၏ သူငယ်ချင်းများက ပြန်ပြော
ပြသဖြင့် ကျွန်တော်သိရှိခဲ့ရပါသည်။တကယ်ဆိုရင်
ကျွန်တော်တို့ ၂၀၁၃ခုနှစ်ကျူရှင်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ
ဟာ၂၀၁၄ကျောင်းဖွင့်ချိန်ထိ ကျွန်တော့််ကို အဲ့ဒီဆရာမ
များမှ ကျောင်းမနေချင်အောင် အမျိုးမျိုးပေးနေသဖြင့်
ကျွန်တော်လည်း ကျောင်းမတက်ဘဲ အခြားတနေရာ
မှာ သွားနေနေလိုက်တာပါဟု ကျောင်းသားမှ မိခင်ဖြစ်
သူ ဒေါ်ရွှေနှင်းရီအား ပြန်လည်ပြောပြပါသည်။
       တကယ်ဆိုရင် ဆရာနှင့်တပည့်ဘဲ အငြိုးအတေး
အာဃာသတွေမထးသင့်ပါဘူး။ကလေးကျေိာင်းပျက်
ကွက်နေတာတောင်မှ ကျွန်မတို့ မိဘအုပ်ထိန်းသူထံ
သို့အကြောင်းကြားစာ၊ တိုင်စာ တစ်စုံတစ်ရာပေးပို့
တိုင်ကြားခဲ့ခြင်းမရှိပါဘု၊ ကျွန်မက သားသားရဲ့ပညာ
ရေးအခြေအနေကို သိချင်လို့ အတန်းပိုင်ဆရာမထံ
ဖုန်းဆက်မေးကြည့်ရာမှ ကလေးကျောင်းပိက်တာကို
ကျွန်မသိလိုက်သည်။နောက်မောင် ယခုကဲ့သို့ မဖြစ်စေရပါဘူး ကျွန်မတို့သားကို ကျွန်မတို့ကိုယ်တိုင်
ကျောင်းအကြိုအပို့လုပ်ပေးပါ့မည်ဟု ပြောဆိုသော်
လည်း ၊ကျောင်းအုပ်ဆရာမကြီးက ကျောင်းရွှေ့လာ
တာရက်ပိုင်းဘဲရှိသေးတယ်။သူ့အတန်းပိုင် ဆရာမတွေ
ကို မေးကြည့်ပါဦးမည် ဆိုပြီး နောက်ရက်မှ လာခဲ့ဖို့
ပြောဆိုခဲ့ပါသည်။
        ၁၅.၇.၂၀၁၄ ရက်နေ့တွင် ကျွန်တော်တို့
ကျောင်းအုပ်ဆရာမကြီးထံသို့ သွားခဲ့ပါသည်။ကျောင်း
အုပ်ဆရာမကြီး ရုံးခန်းရောက်ရောက်ခြင်းဘဲ ကျောင်း
အုပ်ဆရာမကြီးမှ ရှင်တို့သား ကျွန်မတို့ကျောင်းမှာ
လက်မခံနိုင်တော့ဘူး ဒါမှမဟုတ် ဒီကျောင်းမှာဘဲ
ဆက်လက်ပြီး ထားမယ်ဆိုရင်လဲ နမဝတန်း အတန်း
တင်စာမေးပွဲကိုလည်း လုံးဝဖြေဆိုခွင့်မပြုန်ုင်ကြောင်း
ကို ပြောသဖြင့် ကျောင်းသားမိဘများမှ ကျောင်းအုပ်
ဆရာမကြီးဆုံးဖြတ်တာ တစ်ဖက်သတ်ဆန်ကြောင်း
ကလေးကျောင်းပျက်တာကို မိဘအုပ်ထိန်းသူထံ တိုင်စာ၊အကြောင်းကြားစာများ ပေးပို့ခြင်း လုံးဝ
မရှိပါကြောင်း၊တကယ်ဆိုရင် ကလေးကျောင်းပျက်တာ
ကို မိဘအုပ်ထိန်းသူထံသို့ အကြောင်းကြားစာ ပို့သင့်
ကြောင်း တစ်ကြိမ်တစ်ခါမှားတာကို ဆရာမအနေဖြင့်
အုပ်ထိန်းသူကို ခေါ်ယူသတိပေးသင့်ကြောင်း ပုဂ္ဂိုလ်
ရေးအရ ဒီလိုမဆုံးဖြတ်သင့်ကြောင်း ကျောင်းအုပ်ဆရာ
မကြီးနှင့်အတန်းပိုင်ဆရာတို့ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်
အနာဂတ်မှာ ထွန်းလင်းတောက်ပလာမဲ့ မျိုးဆက်သစ်
လူငယ်များ ပေါ်ထွန်းလာအောင် မပြုစုမပျိုးထောင်
ဲနဲ့ ကလေးတွေလမ်းမှားရောက်အောင် တွန်းပို့သလို
မျိုးကတော့ မကောင်းပါဘူး ။ကျွန်မတို့ မိဘတ်ုင်းဟာ
ကိုယ့်သားသမီးအပေါ်ကို မျော်လင့်ချက်ကြီးကြီး မား
မားထားကြတယ်။ နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက်
တစ်ဒေါင့်တနေရာကလေ အကျိုးပြုနိုင်မည့် သားရတ
နာ/သမီးရတနာ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မသိနိုင်
သလိုဘယ်သူမှလည်းမပြောနိုင်ပါဘူး။ အခုတော့
ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို တစစီ ရိုက်ချိုး
ဖျကိဆီးရုံတင်မကဘူး ကလေးရဲ့အနာဂတ်ကိုပါ ဖျက်
ဆီးပစ်လိုက်တယ် ကျောင်းပျက်တာကို  ကျောင်းစည်း
ကမ်းနှင့်အညီ မိဘအုပ်ထိန်းသူထံသို့  အကြောင်းကြား
စာကို အချိန်နှင့် တပြေးညီ ပေးပို့ရမှာကို မပေးပို့ဘဲနဲ့
ထားတဲံဆရာ၊ဆရာမများဟာ သူတို့ကိုယ်တိုင်က
ကျောင်းစည်းကမ်းကို လိုက်နာမှုမရှ်ဘူးဆိုတာကို ပေါ်
လွှင်နေပါတယ်။နိုင်ငံတော် အစိုးရက ပေးတဲ့လစာကို
လိမ်စားနေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
       ဒါကြောင့် နာသုံးနာနှင့်မပြည့်စုံသော ဆရာ/မ
တွေရယ် ၊နိုင်ငံတော်အစိုးရ၏ လစာကိုလိမ်စားနေ
သော ဆရာ/မတွေကိုသက်ဆိုင်ရာဌာနမှ အမြန်ဆုံး
စီစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးစေလို
ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့လည်း
ဆက်လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း နမဝတန်း
ကျောင်းသား၏မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ ပြောပြ
သဖြင့် သိရသည်။
                                 ကောလင်းသားလေး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment