For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 July 2014

ဥပဒေ၏နောက်ကွယ်(အပိုင်း-24) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၇.၇.၂၀၁၄ရက်နေ့ ညနေ ၄နာရီခန့်
အချိန်တွင် 7ခ/7915 နံပတ်ပြားနှင့် အနီ
ရောင်ပုံပြောင်း ၁၂ဘီးကားတစ်စီးသည်
အစိမ်းရောင်မိုးကာအုပ်လျှက်ဖြင်
့ တမ
လန်းစကွဲယား ၁၂တန်ခန့်တင်ဆောင်ပြီး
၅မိုင်ဂိတ်မှနေ၍ ဖြတ်သွားကြောင်းကို
အချိန်မှီ မသိလိုက်ရသဖြင့် ကသာခရိုင်
သစ်တောAD အားည၉နာရီအချိန်ခန့်မှ
သတင်းပို့နိုင်ခဲ့ပါသည်။ လိုက်ပါပို့ဆောင်
သူ သစ်တောရဲမှူးနှင့် ရဲတပ်ဖွဲ့မှ ရဲမှူးတို့
မှ ရှေ့မှလမ်းရှင်းပေးခဲ့ကြောင်းပါ အသိ
ပေး အကြောင်းကြားပေးခဲ့ပါသည်။ လွန်ခဲ့
သောသုံးရက်ခန့်ကလဲ လာကာအိုင်ကြီး
ဘက်တွင် စကွဲယားကားနှစ်စီး တင်
ဆောင်နေကြောင်း သတင်းရှိသဖြင့် သွား
ရောက်ဖမ်းဆည်းခဲ့ရာတွင် ပစ္စည်းများ
ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း မြို့နယ်
သစ်တောဌာနမှ သတင်းရရှိခဲ့ ပါသည်။
    ယခုအချိန်တွင် သစ်တောအထူးအဖွဲ့မှ
လမ်းတစ်လျှောက်ကြပ်မတ်နေ၍ တမ
လန်းကားများအား ကောလင်းမြို့နယ်
ရဲမှူးကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးနေ
ကြောင်း သိရှိရသည်။လွန်ခဲ့သော ရက်သ
တ္တပတ်ခန့်က ယားတောင်ကျေးရွာအနီး
တွင် ရဲမှူးကိုယ်တိုင် လိုက်ပါပြီး ယာဉ်
ထိမ်းရဲကြပ်ကြီး ဦးသန်းမိုး မောင်းနှင်
သောကားဖြင့် ရှေ့မှလမ်းရှင်း ပို့ဆောင်
ပေးကြောင်း သိရှိရသည်။ ရရှိသောလစာ
ဖြင့်မလောက်၍လား?။
     မြို့နယ်ရဲတပ်ဖွဲ့ဝင်များလည်း ငွေကြေး
ရလိုမှုသာ အာရုံများနေသဖြင့် အခြား
သော လောင်းကစားများ မူးရစ်ဆေးဝါး
များ ကိစ္စရပ်နှင့်ပတ်သတ်၍ အရေးယူ
ဆောင်ရွက်မှု နည်းပါးနေသလောက် ဖြစ်
နေပါသည်။လွန်ခဲ့သော ၄ရက်ခန့်က
ကောလင်းမြို့လောကတန်ဆောင် ဘုရား
ဝင်းအတွင်းတွင် မူးရစ်ဆေးဝါးရှော့ဖြစ်၍
မြို့ပေါ်မှ အသက် ၃၀ ဝန်းကျင်လူငယ်
တစ်ဦး သေဆုံးမှုဖြစ်ပါသည်။ ရဲတပ်ဖွဲ့မှ
သေဆုံးမှု ဓမ္မတာအတိုင်း ဟုတ်မဟုတ်
အမှုဖွင့်အရေးယူ ဆောင်ရွက်မှုတော့
ရှိပါသည်။ မည်သို့မှ မထူးခြားပါ။
     မြို့ပေါ်ရှိ အနောက်ကျောင်းကြီးဘုရား
ဝငိးသည် အတော်ပင်အေးချမ်း၍ မြို့ပေါ်ရှိ
ဘုရားဝန်းများတွင်လည်း အကျယ်ဆုံးဖြစ်
သည်။ ယခင်က ဥပုသ်သီတင်းရက်များ
တွင် တရားအားထုတ်သူများဖြင့်စည်ကား
သိုက်မြိုက်စွာ ရှိသော်လည်း ယခုအခါ
တွင် နေ့ခင်းဘက်တွင် တိတ်ဆိတ်၍နေ
သည်မှာ အတော်ကြာပြီဖြစ်သည်။ မူးယစ်
ဆေးဝါးသုံးစွဲသူများကြောင့် နေ့ခင်းဘက်
တွင် ဥပုသ်သီလဆောက်တည်ရန် မဝံ့ရဲ
ကြောင်းကို အနီးရှိ ဒေသခံအချို့မှ ပြော
ကြားသည်ကို စာရေးသူယခင်ကလည်း
သတိပေးခဲ့ဖူးပါသည်။ဆိုင်ကယ်ခိုးမှုအား
ရဲသားမိုးသူလင်း နှင့်ဆက်သွယ်ပြီး လမ်း
ညွှန်ပေးခဲ့၍ နယ်ထိန်းခေါင်းဆောင်
ရဲအုပ်ဟုန်းထန်းမှ ကြီးကြပ်ပြီး ပူးပေါင်း
အဖွဲ့နှင့် ဖမ်းဆည်းခဲ့၍ တဖြေးဖြေးနှင့်
ဖော်ထုတ်ခဲ့ရာ ယခုအချိန်တွင် ဆိုင်ကယ်
အစီးရေ ၂၇စီးခန့် ရှိပြီ ဖြစ်ကြောင်း သိ
ရသည်။
     ထိုကဲ့သို့ ဖော်ထုတ်ပြီး မကြာမှီ မူးရစ်
ကိစ္စအား ဆက်၍သတင်းပို့ပေးခဲ့သော်
လည်း ရဲတပ်သား မိုးလင်းသူမှာ ပြောင်း
ရွေ့သွားခဲ့၍ သူ၏ ရဲမှူးအား တင်ပြခဲ့
သည်လား မတင်ပြခဲ့သည်လား စာရေးသူ
နှင့် အဆက်သွယ်မရခဲ့ပါ။ ဆိုင်ကယ်ခိုးမှု
အား စွမ်းစွမ်းတမံဖြင့် ဖော်ထုတ်ခဲ့သော်
ရဲအုပ်ဟုန်းထန်းအား ကျေးဇူးတင်ပါသည်
။သို့သော် လက်ရှိစစ်ဆေးလျှက်ရှိသူ
တရားခံမြင့်သိန်းမှ သူ၏အဖွဲ့ဝင်များက
သူတစ်ဦးတည်းခံရန် အတွက်တစ်ဦးလျှင်
တစ်သိန်းခွဲနှုန်းဖြင့် သူ၏ဇနီးထံ သွား
ရောက်ပို့ပေးခဲ့ရကြောင်းကိုတော့ ရဲအုပ်
ကြီးကိုဟုန်းထန်း တစ်ယောက်သိမည်
မထင်ပေ။
                  နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment