For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 20 July 2014

ကသာမြို့၌ အင်းလုပ်သားများဆန္ဒပြ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို

၌် ၁၈.၇.၂၀၁၄ နေ့မနက်၁၀ နာရီတွင်
အင်းလုပ်သားများကဆန္ဒပြခဲ့ကြောင်
သိရသည်။
ကသာမြို့နယ်အတွင်းဧရာဝတီမြစ်ဖြတ်စီး
သွားပြီးအင်း၊အိုင်၊ချောင်း၊မြောင်းပေါများ
ခြင်းကြောင့်ငါးဖမ်းလုပ်ငန်းကိုအဓိကစီး
ပွားရေးအဖြစ်လုပ်ကိုင်ကြ၍မြို့နယ်၏အဓိကထွက်ကုန်တစ်ခုလည်းဖြစ်သည်။
အင်းလုပ်သားအများစုမှာဆင်းရဲမွဲတေ
ကြ၍အင်းလုပ်ပိုင်ခွင့်ကို အင်းလုပ်သား
များမရကြသောအခြေအနေများကြောင့်
ဆန္ဒပြကြခြင်းဖြစ်ကြောင်းဆန္ဒပြပွဲကိုဦး
ဆောင်သူကိုမင်းမင်းကပြောကြားသည်
ဟုသိရသည်။
ကိုမင်းမင်းက ဆက်လက်ပြောကြားရာတွင်
ကျွန်တော်တို့အင်းတွေကိုကြေးတိုင်စနစ်နဲ့
၃နှစ်ချပေးလိုက်တယ်။လေလံဆွဲလို့မရ
ဘူး။၃နှစ်လည်းပြည့်ရော၆နှစ်ကြေးတိုင်
ချပေးလိုက်ပြန်ရော။၆နှစ်ပြည့်ရင်၉နှစ်။
ဒီလိုစနစ်ဆိုတော့ကျွန်တော်တို့အင်းလုပ်
သားတွေဟာတဆင့်ပြန်ဝယ်လုပ်နေရ
တယ်။၉သိန်းတန်တဲ့အင်းကိုကြေးတိုင်ရတဲ့ခရိုနီကသိန်း၉၀နဲ့ပြန်ရောင်းတယ်။
ထပ်ဆင့်ပြန်ဝယ်လုပ်တဲ့သူကဈေးကြီး
ပေးဝယ်လုပ်တော့နစ်နာတယ်။
ကျွန်တော်တို့ဒေသကတောင်သူအလုပ်၊
အင်းအလုပ်ကိုတွဲလုပ်ကြတယ်။ရာသီဥတုမကောင်းလို့သီးနှံမထွက်ရင်အင်းလုပ်ငန်း
နဲ့ပြန်ထေရတယ်။အခုတော့ဒီစနစ်က
ကျွန်တော်တို့ကိုဆင်းရဲသထက်ဆင်းရဲပြီး
ထမင်းနပ်မမှန်အောင်လုပ်နေသလိုဖြစ်
နေလို့ဆန္ဒပြရတာဟုပြောကြားသည်။
ကသာမြို့၊မြောက်ကျောင်းရေဆိပ်မှအင်း
လုပ်သား၂၀၀ခန့်သည်ဆိုင်းဘုတ်များကိုင်
၍ကြွေးကြော်သံများဖြင့်
ကသာမြို့ငါးလုပ်ငန်းဦးစီးမှူးရုံးထိချီတက်
ကြပြီးလာလမ်းအတိုင်းပြန်၍မြောက်
ကျောင်းရေဆိပ်၌မနက်၁၁နာရီတွင်လူစုခွဲ
ခဲ့ကြောင်းသိရသည်။
ကြွေးကြော်သံများမှာ
၆နှစ်ကြေးတိုင်ဖျက်သိမ်းပေး။
၉နှစ်ကြေးတိုင်ဖျက်သိမ်းပေး။
၃နှစ်ကြေတိုင်ပြတ်ပြီးတိုင်းကြေးတိုင်ပြတ်ကြောင်းကြေငြာပေး။
အင်းလုပ်သားမဟုတ်သည့်ငါးပွဲစားများ၊
ခရိုနီများကိုကြေးတိုင်မချပေးရေး။
ခရိုနီသာတက်နိုင်သောလေလံကိုဖျက်
သိမ်း၍အခွန်စနစ်ဖြင့်လုပ်ကွက်ချထားပေး
ရေး။
အင်းလုပ်သားမစစ်မှန်သည့်ငါးပွဲစားများ
အားအင်းလေလံမတက်ဆွဲစေရေး။
တိုင်းဒေသကြီးအစိုးရ၏ငါးလုပ်ငန်းဥပဒေ
တွင်ငါးလုပ်ငန်းနှင့်ပါတ်သက်သူဟူသည့်
ဝေါဟာရအားပြင်ဆင်၍ဒေသခံကျေးရွာသားရေလုပ်သားဟုပြောင်းလဲပြင်ဆင်
ရေး။
တို့ဖြစ်ကြောင်းသိရသည်။ံ
                  အေးလွင်(ကသာ)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment