For Users

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday, 25 July 2014

ကသာမြို့တွင်အောင်ဇေယျ(၄)တန်ဘိုးနည်းအိမ်ယာစီမံကိန်း၌စစ်မှုထမ်း ဟောင်းမဟုတ်သူများအားနေရာချ ထားသဖြင့် စစ်မှုထမ်းဟောင်းများ မကျေနပ်ကြမှုဖြစ်ပေါ်နေ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
ကသာမြို့နယ်ရှိစစ်မှုထမ်းဟောင်း
တန်း
ဖိုးနည်းအောင်ဇေယျ (၄)  မြေအိမ်စီမံ
ကိန်းမြေနေရာတွင်စစ်မှုထမ်းဟောင်းမဟုတ်သူများအားနေရာချထားမှုရှိနေသဖြင့်ကောင်းမွန်စွာနုတ်ထွက်ခဲ့ကြသော
စစ်မှုထမ်းဟောင်းများမှမကျေနပ်မှု
ှု ဖြစ်ပေါ်နေလျှက်ရှိကြောင်းသတင်း
သိရှိရသည်။
ယင်းမှာ ၂၀၀၉- ၂၀၁၀မှာ စစ်မှုထမ်း
ဟောင်းအဖွဲ့မ(ှ၅၀ x ၆၀' )ပေ မြေကွက်
များပေါ်ရှိ နှစ်ခန်းတွဲ အိမ်ယာ (၁ )လုံး
အားတန်ဘိုးငွေ(၁၈၅၀၀၀၀/ိ)ကျပ်ဖြင့်
စစ်မှုထမ်းဟောင်းများအဖွဲ့အပြင် အရပ်
ဘက်ဝန်ထမ်းများ အရပ်သားများအား
၃ ရစ်ခွဲစနစ်ဖြင့်ရောင်းချခဲ့ရာမြေယာ
ပိုင်ဆိုင်မှု မြေယာလျှောက်ထားမှုအခြေ
အနေမှာ လန (၃၉) အမှုတွဲအား ခရိုင်
အုပ်ချုပ်ရေးမှူးရုံးမှ တိုင်းဒေသကြီးအ
စိုးရအဖွဲ့သို့တင်ပြထား ရှိကြောင်းသိရ်
ပါသည်။
ထိုနောက်မြေယာလုပ်ထုံးဥပဒေပြောင်း
လဲသွားပြီးလက်ရှိ အမှုဆောင်အဖွဲ့မှ
လန( ၃၀. ခ)ရရှိရေးပြန်လည်ဆောင်
ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းမြေစာရင်း
ဦးစီးဌာနမှ မြေစာရင်းပုံစံ (၁၀၅/၁၀၆)
ရေးကူးခွင့်အား ၂၀၁၄  ခုနှစ်ဧပြီလ
တွင်ခွင့်ပြုမိန်ရရှိခဲ့၍မြေယာလုပ်ထုံး
လုပ်နည်းဥပဒေနှင့်အညီလက်ရှိစစ်မှု
ထမ်းဟောင်းအဖွဲ့တာဝန်ယူနေသူများ
မှဆောင်ရွက်လျှက်ရှိ
ကြောင်းသိရသည်။
ယခင်အမှုဆောင်အဖွဲ့မှ အောင်ဇေယျ(၄)စီမံကိန်း၌အိမ်ယာများအပြင် (၄)သိန်းကျပ်တန်မြေယာ၂၀၁၀ ခုနှစ်အောင်တိုဘာလတွင်စတင်
နေရာချထားပေးခဲ့ရာ အီးအေ (၁)စစ်မှု
ထမ်းဟောင်းများ သတင်းပို့လျှောက်
ထားခဲ့သော်လည်းနေရာချပေးမှုမရှိ
ခဲ့ပဲ စစ်မှုထမ်းဟောင်းများနှင့်မသက်
ဆိုင်သည့် အရပ်သား/အရပ်ဘက်ဝန်ထမ်းများ
အား အခမဲ့ပေးခြင်း ရောင်းချခြင်းများ
ရှိခဲ့သဖြင့် အီးအေ (၁)မသန်စွမ်းသူ
တစ်ဦးမှအထက်သို့တိုင်ကြား
သွားမည့်ဟုသတင်းသိရသည်။
ထြို့ပင်၂၀၁၄ ခုနှစ်ဇူလိုင်လ (၁၇)နေ့
တွင်စစ်မှုထမ်းဟောင်းမဟုတ်သူများ
မှ(၄)သိန်းတန်မြေကွက်အားရရှိထား
သည့်ဟုပြောကာအတင်းအဓ္ဓမ
ခြံကာခြင်းများ ဆောင်
ရွက်နေသည့်အတွက် မြို့နယ်စစ်မှု
ထမ်းဟောင်းအဖွဲ့တာဝန်ရှိသူများ စီစစ်
တားမြစ်ခဲ့ရာ မခြေမငံပြောဆို၍မထေ
မဲ့မြင်ပြုမူကာ ငှင်းအထက်အရာရှိ
ခိုင်းသည့်အတိုင်းခြံပြီးစီးအောင်ကာ
မည့်ဟုပြောဆိုခဲ့်သဖြင့် မလိုလားအပ်သောပြသနာများမဖြစ်
ပေါ်စေရေးအတွက်အထက်
တာဝန်ရှိများကသာမြို့်ရှိစစ်မှုထမ်း
ဟောင်းတန်းဖိုးနည်းမြေနေရာအား
ကွင်းဆင်း၍ဥပဒေနှင့်အညီဆောင်ရွက်
ပေးပါရန်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်
တစ်ဦးမှပြောပြ၍
သတင်းသိရှိရသည်
 ကသာချစ်သူ
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
Thursday, 24 July 2014

့ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ရေကြည်အုပ်စုတွင်လယ်ယာမြေများ ကြွက်များမှဝင်ရောက်ဖျက် စီး ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်သမ္မတကြီးနှင့်လွှတ်တော်မှလူကြီးများအားလေးစားစွာဖြင့်တင်ပြအပ်ပါသည်

ကျွန်တော်တို့ ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ရေကြည်အုပ်စုတွင်လယ်ယာမြေများစိ

ုက်ပျိုး
ရာတွင်ထွန်ယက်စိုက်ပျိုးရန်အတွက်စပါးပျိုး
ရာပျိုးခင်းများအားကြွက်များမှဝင်ရောက်ဖျက်
စီးစားသုံးကြသဖြင့်လယ်သမားအများစုမှာအတော်ပင်ဒုက္ခရောက်ကြရပါတယ်
ကျွန်တော်တို့ နယ်တွင်သာမကပဲအခြားနယ်
အတော်များများတွင်လည်းတောင်သူလယ်
သမားများမှာကြွက်များ၏ပျိုးခင်းများအား
ကိုက်ဖြတ်စားသုံးမှု့ကိုတော်တော်လေးခံ
စားကြရပါသည်  သို့ ဖြစ်ပါ၍တောင်သူလယ်
သမားများအားနိုင်ငံတော်မှတနည်းတဖုံကူညီပေးပါရန်နိုင်ငံတော်သမ္မတကြီးနှင့်တကွ
လွှတ်တော်မှကြီးမင်းများအားလေးစားစွာဖြင့်
တင်ပြအပ်ပါသည်
ကျွန်တော်တို့ တောင်သူလယ်သမားများ၏
စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း''ကာလ
ရှည်'' (၁၂ လတိတိ)ချေးငွေအဖြင့်ရရှိရန်
လည်းလေးစားစွာဖြင့်တင်ပြအပ်ပါသည်
နိုင်ငံတော်ရှိဝန်ထမ်းများအားလစာအကြိမ်
ကြိမ်တိုးမြှင့်ပေးသောကြောင့်ကုန်ဈေးနှုံး
မှာလည်းအဆမတန်းမြင့်တက်လာပါတယ်
ဒါပေမယ့်တိုးမြင့်လာသည့်ကုန်ဈေးနှုံးကို
တောင်သူလယ်သမားများမှာခံနိုင်ရည်နည်း
လှပါတယ် ဒါ့အပြင်သဘာဝဘေးအန္တရာယ်
များဖျက်စီးခြင်းခံကြရသဖြင့်နစ်သထက်နစ်
မည့်ဘေးအားနိုင်ငံတော်မှငဲ့ညှာပေးပါရန်
လေးစားစွာဖြင့်တောင်းပန်အပ်ပါသည်ခင်ဗျား
                   တောသားလေး
                         ရေကြည်အုပ်စု
                               လက်ပံတန်းမြို့နယ်
                                   ပဲခူးတိုင်းဒေသကြီး
                            
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

မိထ္ထီလာခရိုင် သာစည်မြို့နယ် ပြန်/ဆက်ရုံးတွင်အများပြည်သူသုံးစွဲနိုင်ရန်အင်တာနက်Wifiတပ်ဆင်ပေးပါရန်အကြံပြုခြင်း။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပြန်ကြားရေးပြည်ထောင်စု/တိုင်းေ
ဒသကြီး
ဝန်ကြီးများ နှင့် တိုင်း/ခရိုင်/သာစည်မြို့နယ်
ပြန်ဆက်အရာရှိများခင်ဗျား-
နိုင်ငံသားအားလုံးစာပေဗဟုသုတ
ရရှိစေရန်ရည်ရွယ်ပြီးပြန်ဆက်ရုံများကို
သားသားနားနားဖွင့်လှစ်ထားရှိသော်လည်း
အများပြည်သူစိတ်ဝင်စားမှုနည်းလွန်းနေ
သေးသည်ကိုတွေ့ ရှိနေရပါသည်။သာစည်
ပြန်ဆက်ရုံဆိုလျင်မြို့၏အလယ်ဗဟိုရ်
အများပြည်သူများဝင်ထွက်နိုင်ရန်အလွန်
ကောင်းသောနေရာဖြစ်သော်လည်းပြည်သူ
ဝင်ထွက်လေ့လာမှုအလွန်ပင်နည်းပါးနေ
သည်ကိုနေ့ စဉ်မြင်တွေ့ နေရပါသည်။
အခြားခရိုင် မြို့နယ်များရှိပြန်ဆက်ရုံးများ
တွင်အများပြည်သူသုံးစွဲနိုင်ရန်အင်တာနက်
Wifi တပ်ဆင်ထားသည့်အတွက်သတင်း
ကြည့်သူစာဖတ်သူများနှင့်စည်ကားေ
သည်ကိုတွေ့ ရှိနေရပါသည်။ကျနော်အပါ
အဝင်မြို့ရှိလူကြီးလူငယ်များမှာဗဟုသုတ
ရရှိနိုင်ရန်အခမဲ့Wifi ရှိသောလဘက်ရည်
ဆိုင်များတွင်သွား၍အင်တာနက်Wifiကို
သုံးစွဲနေရပါသည်။တာဝန်ရှိသူများအနေဖြင့်
ပြည်သူများဗဟုသုတတိုးပွားစေရန်စိတ်စေ
တနာကောင်းဖြင့်ရည်ရွယ်ပါလျင်မိထ္ထီလာ
ခရိုင် သာစည်မြို့ရှိပြဆက်ရုံးတွင်ပြည်သူ
များသုံးစွဲနိင်ရန်အခမဲ့ အင်တာနက် Wifi
အမြန်ဆုံးတပ်ဆင်ပေးစေလိုကြောင်းအကြံ
ပြုတင်ပြအပ်ပါသည်။
ဗဟုသုတရှာမှီးလိုသူသာစည်သါး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
Tuesday, 22 July 2014

ကောလင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော နမဝတန်းကျောင်းသားတစ်ဦးကို ကျောင်းနေခွင့်တားမြစ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ အခြေခံ
ပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေ
သော ကျောင်းသားတစ်ဦးကို ကျောင်းအုပ်ဆရာမကြီး
မှ ကျောင်းခေါ်ချိန် မပြည့်မှီသဖြင့် ကျောင်းတက်ခွင့်
တားဖြစ်ခဲ့ကြောင်း သိရသည်။အဆိုရာ အကြောင်းအ
ရာကိစ္စနှင့် ပတ်သတ်၍(၁၄.၇.၂၀၁၄) ရက်နေ့ ညနေ
(၅)နာရီ အချိန်ခန့်တွင် ကျောင်းသား၏မိခင်ဖြစ်သူ
ဒေါ်ရွှေနှင်းရီမှ အတန်းပိုင်ဆရာမ ဒေါ်မိုးမိုးထံသို့
ဖုန်းဖြင့် ကလေးရဲ့ပညာရေး အခြေအနေ မေးမြန်းစုံ
စမ်းကြည့်ရာ အတန်းပိုင်ဆရာမ ဒေါ်မိုးမိုးမှအစ်မသား
ကျောင်းမတက်တ တစ်လခန့်လောက် ကြာမြင့်နေပြီ
ဖြစ်ကြောင်း အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်မိုးမိုးမှ ဖုန်း
ဖြင့် ပြန်လည်ပြောကြားခဲ့သဖြင့် မိခင်ဖြစ်သူမှာ သား
ဖြစ်သူ ကျောင်းမတက်မှန်း အဲ့ဒီအချိန်ကျမှ သိရှိလိုက်
ရပါသည်။
      မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ သားဖြစ်သူကို ဘာ
ကြောင့် ကျောင်းမတက်တာလဲလို့ မေးမြန်းကြည့်ရာ
ကျွန်တော်ကျောင်းတက်ပါတယ်။ကျော
င်းတက်တဲ့
အချိန်အချိန်မှာလည်း ကျောင်းပျက်သူရှိ/မရှိ သိရှိစေ
နိုင်သည့် နာမည်စာရင်းကို ခေါ်သည့်အခါ ကျွန်တော့်
နာမည်ကိုခေါ်ဆိုခြင်း မရှိဘဲ တစ်ခြားကျောင်းသူ/သား
များရဲ့နာမည်များကိုသာ ခေါ်ဆိုပြီး ကျွန်တော့်နာမည်ကို
မခေါ်ပါဘူး။ကျွန်တော်ကတော့ ဆရာမက ကျွန်တော့်ရဲ့
နာမည်ကို ကျော်သွားတာ ဒါမှမဟုတ် ကျွန်တော့်
နာမည်ကို ခေါ်ဆိုဖို့ မေ့နေခဲ့တာလို့ ကျွန်တော့်ထင်ပြီး
နေခဲ့ပါတယ်။နောက်ရက်တွေမှာလည်း ထိုနည်းတူစွာ
ကျွန်တော့်နာမည်ကိုမခေါ်ပါဘူး။အခြားကျောင်းသူ/
သားများကိုသာ ခေါ်ဆိုသွားပြီး ကျွန်တော့်နာမည်ကို
မခေါ်ဘဲနေတာ(၄.၅.၆)ရက်လောက် ကြာလာတော့
ကျွန်တော်လည်း ရှက်တာနဲ့ ကျောင်းမတက်ဘဲ အခြား
တနေရာမှာ သွားနေလိုက်ပါတယ် ဟု ကျောင်းသားက
မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီအား ပြန်လည်ပြောပြပါသည်။
     မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ သားဖြစ်သူကို မင်း"ဆ
ရာ/မတွေကို ဘာတွေပြောဆိုထားတာလည်း ဆရာ/မ
တွေကတော့ မင်းကိုးခါးခါးသီးသီးဘာလို့ ဒီလောက်
ဖြစ်နေတာလဲလို့ မေးတော့(၂၄.၈.၂၀၁၃)ရက်နေ့
ညနေ(၄)နာရီခွဲ အချိန်ခန့်တွင် ပညာအကယ်ဒမီ
ကျူရှင်ဝိုင်းတွင် ဓါတုဗေဒဘာသာရပ် သင်ကြားပေး
သော ဆရာမဒေါ်သန်းနွဲ့အေး(အ.ထ.က)မှ ဆရာမက
သားသူငယ်ချင်းနှင့် စကားပြောတာကို ဟဲ့ကောင်လေး
တွေ အဲ့ဒီကလေကချေနဲ့စကးပြောမနေနဲ့ ကိုယ့်ဟာ
ကိုယ် ရေးစရာရှိတာကိုရေး အဲ့ဒီကလေကချေရေးချင်
ရေး မရေးချင်နေဟု ဆရာမဒေါ်နွဲ့အေးက သားတို့
ကျူရှင်လာတက်တဲ့ ကျောင်းသားတွေကြားထဲမှာ
အဲ့ဒီလိုပြောတော့ ကျွန်တော်က ဆရာမ အဲ့ဒီလိုမပြော
ပါနဲ့ဟု ပြန်ပြောတော့ ပြောတော့ဘာဖြစ်သလဲ မင်း
ငါ့ကို ဘာလုပ်ချင်သလဲ မင်းငါ့အကြောင်းကောင်း
ကောင်းသိစေရမယ်ဟု ကျွန်တော့်ကို ကြိမ်းသွားတယ်။
      ၂၅.၈.၂၀၁၃ ရက်နေ့ ကျွန်တော်ကျောင်းကို
ရောက်တော့ ရောက်တော့ နမဝတန်း အထွေထွေ
ဘာသာရပ်ကို သင်ကြားပေးသော ဆရာမ ဒေါ်သန်းနွဲ့
အေး နှင့်ဒေါ်သီတာကြင်တို့ဆရာမနှစ်ဦးမှ ဝိဇ္ဇာခန်းနှင့်
သိပ္ပံခန်းရှိ ကျောင်းသား/သူများကို ကျွန်တော်နဲ့မခေါ်ရ
ဘူး မဆော့ရဘူး ကျွန်တော်နဲ့ ခေါ်တဲ့သူ ဆော့တဲ့သူ
တွေရှိရင် ထိုဆရာမနှစ်ဦးမှ ရိုက်မည်ဟု ပြောဆိုခဲ့
ကြောင်းကို ကျွန်တော်၏ သူငယ်ချင်းများက ပြန်ပြော
ပြသဖြင့် ကျွန်တော်သိရှိခဲ့ရပါသည်။တကယ်ဆိုရင်
ကျွန်တော်တို့ ၂၀၁၃ခုနှစ်ကျူရှင်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ
ဟာ၂၀၁၄ကျောင်းဖွင့်ချိန်ထိ ကျွန်တော့််ကို အဲ့ဒီဆရာမ
များမှ ကျောင်းမနေချင်အောင် အမျိုးမျိုးပေးနေသဖြင့်
ကျွန်တော်လည်း ကျောင်းမတက်ဘဲ အခြားတနေရာ
မှာ သွားနေနေလိုက်တာပါဟု ကျောင်းသားမှ မိခင်ဖြစ်
သူ ဒေါ်ရွှေနှင်းရီအား ပြန်လည်ပြောပြပါသည်။
       တကယ်ဆိုရင် ဆရာနှင့်တပည့်ဘဲ အငြိုးအတေး
အာဃာသတွေမထးသင့်ပါဘူး။ကလေးကျေိာင်းပျက်
ကွက်နေတာတောင်မှ ကျွန်မတို့ မိဘအုပ်ထိန်းသူထံ
သို့အကြောင်းကြားစာ၊ တိုင်စာ တစ်စုံတစ်ရာပေးပို့
တိုင်ကြားခဲ့ခြင်းမရှိပါဘု၊ ကျွန်မက သားသားရဲ့ပညာ
ရေးအခြေအနေကို သိချင်လို့ အတန်းပိုင်ဆရာမထံ
ဖုန်းဆက်မေးကြည့်ရာမှ ကလေးကျောင်းပိက်တာကို
ကျွန်မသိလိုက်သည်။နောက်မောင် ယခုကဲ့သို့ မဖြစ်စေရပါဘူး ကျွန်မတို့သားကို ကျွန်မတို့ကိုယ်တိုင်
ကျောင်းအကြိုအပို့လုပ်ပေးပါ့မည်ဟု ပြောဆိုသော်
လည်း ၊ကျောင်းအုပ်ဆရာမကြီးက ကျောင်းရွှေ့လာ
တာရက်ပိုင်းဘဲရှိသေးတယ်။သူ့အတန်းပိုင် ဆရာမတွေ
ကို မေးကြည့်ပါဦးမည် ဆိုပြီး နောက်ရက်မှ လာခဲ့ဖို့
ပြောဆိုခဲ့ပါသည်။
        ၁၅.၇.၂၀၁၄ ရက်နေ့တွင် ကျွန်တော်တို့
ကျောင်းအုပ်ဆရာမကြီးထံသို့ သွားခဲ့ပါသည်။ကျောင်း
အုပ်ဆရာမကြီး ရုံးခန်းရောက်ရောက်ခြင်းဘဲ ကျောင်း
အုပ်ဆရာမကြီးမှ ရှင်တို့သား ကျွန်မတို့ကျောင်းမှာ
လက်မခံနိုင်တော့ဘူး ဒါမှမဟုတ် ဒီကျောင်းမှာဘဲ
ဆက်လက်ပြီး ထားမယ်ဆိုရင်လဲ နမဝတန်း အတန်း
တင်စာမေးပွဲကိုလည်း လုံးဝဖြေဆိုခွင့်မပြုန်ုင်ကြောင်း
ကို ပြောသဖြင့် ကျောင်းသားမိဘများမှ ကျောင်းအုပ်
ဆရာမကြီးဆုံးဖြတ်တာ တစ်ဖက်သတ်ဆန်ကြောင်း
ကလေးကျောင်းပျက်တာကို မိဘအုပ်ထိန်းသူထံ တိုင်စာ၊အကြောင်းကြားစာများ ပေးပို့ခြင်း လုံးဝ
မရှိပါကြောင်း၊တကယ်ဆိုရင် ကလေးကျောင်းပျက်တာ
ကို မိဘအုပ်ထိန်းသူထံသို့ အကြောင်းကြားစာ ပို့သင့်
ကြောင်း တစ်ကြိမ်တစ်ခါမှားတာကို ဆရာမအနေဖြင့်
အုပ်ထိန်းသူကို ခေါ်ယူသတိပေးသင့်ကြောင်း ပုဂ္ဂိုလ်
ရေးအရ ဒီလိုမဆုံးဖြတ်သင့်ကြောင်း ကျောင်းအုပ်ဆရာ
မကြီးနှင့်အတန်းပိုင်ဆရာတို့ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်
အနာဂတ်မှာ ထွန်းလင်းတောက်ပလာမဲ့ မျိုးဆက်သစ်
လူငယ်များ ပေါ်ထွန်းလာအောင် မပြုစုမပျိုးထောင်
ဲနဲ့ ကလေးတွေလမ်းမှားရောက်အောင် တွန်းပို့သလို
မျိုးကတော့ မကောင်းပါဘူး ။ကျွန်မတို့ မိဘတ်ုင်းဟာ
ကိုယ့်သားသမီးအပေါ်ကို မျော်လင့်ချက်ကြီးကြီး မား
မားထားကြတယ်။ နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက်
တစ်ဒေါင့်တနေရာကလေ အကျိုးပြုနိုင်မည့် သားရတ
နာ/သမီးရတနာ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မသိနိုင်
သလိုဘယ်သူမှလည်းမပြောနိုင်ပါဘူး။ အခုတော့
ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို တစစီ ရိုက်ချိုး
ဖျကိဆီးရုံတင်မကဘူး ကလေးရဲ့အနာဂတ်ကိုပါ ဖျက်
ဆီးပစ်လိုက်တယ် ကျောင်းပျက်တာကို  ကျောင်းစည်း
ကမ်းနှင့်အညီ မိဘအုပ်ထိန်းသူထံသို့  အကြောင်းကြား
စာကို အချိန်နှင့် တပြေးညီ ပေးပို့ရမှာကို မပေးပို့ဘဲနဲ့
ထားတဲံဆရာ၊ဆရာမများဟာ သူတို့ကိုယ်တိုင်က
ကျောင်းစည်းကမ်းကို လိုက်နာမှုမရှ်ဘူးဆိုတာကို ပေါ်
လွှင်နေပါတယ်။နိုင်ငံတော် အစိုးရက ပေးတဲ့လစာကို
လိမ်စားနေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
       ဒါကြောင့် နာသုံးနာနှင့်မပြည့်စုံသော ဆရာ/မ
တွေရယ် ၊နိုင်ငံတော်အစိုးရ၏ လစာကိုလိမ်စားနေ
သော ဆရာ/မတွေကိုသက်ဆိုင်ရာဌာနမှ အမြန်ဆုံး
စီစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးစေလို
ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့လည်း
ဆက်လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း နမဝတန်း
ကျောင်းသား၏မိခင်ဖြစ်သူ ဒေါ်ရွှေနှင်းရီမှ ပြောပြ
သဖြင့် သိရသည်။
                                 ကောလင်းသားလေး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

သို့ ဝန်ကြီးချုပ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့။ ကလောမြို့နယ်မြေယာကော်မရှင်များ၏် တစ်ဖက်သတ်ဆုံးဖြတ်ချက် သိစေရန်တင်ပြခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
      ဝန်ကြီးချုပ်။
      ရှမ်းပြည်နယ်အစိုးရအဖွဲ့။
       ရှမ်းပြည်နယ်၊တောင်ကြီးမြို့။

    ဝန်ကြီးချုပ်ခင်ဗျ ကျွန်တော်တို့
သည်ကလောမြို့နယ်၊ဟဲဟိုးကျေးရွာ
အုပ်စုအတွင်းနေထိုင်ကြသောတောင်သူများဖြစ်ကြပါသည်။ယခုအစိုးရသည်သန့်ရှင်းသောအစိုးရဖြစ်ရမည်ဟုပြောကြားထားသော်လည်းအုပ်ချုပ်ရေးပိုင်းအောက်ခြေများတွင်မမှန်မကန်လုပ်ဆောင်မှု့များရှိနေပါသည်။ကလောမြို့နယ်ဟဲဟိုးကျေးရွာအုပ်စုမှကျေးရွာမြေယာကော်မတီဝင်များဖြစ်သောစာရေးမဒေါ်ခင်စိုးဝေ၊မြေစာရင်းတာဝန်ခံကိုအောင်ဇော်တို့သည်မြို့နယ်မြေယာကော်မရှင်များနှင့်ပေါင်းကာမမှန်မကန်ပြု လုပ်နေ၍ အမှန်တကယ်နစ်နာသောတောင်သူများမှာမြေများပြန်မရဘဲမမှန်မကန်ညှိနှိုင်း၍လုပ်ကြံတိုင်ကြားသောသူများကိုသာ မြေများကို လုပ်ပိုင်ခွင့်ချ
ပေးနေပါသည်။ထိုအကြောင်းကို
မြို့နယ်မြေယာကော်မရှင်ကသိသော်လည်း ကျွန်တော်တို့တောင်သူ(၅)ဦး
၏ခိုင်လုံသောထောက်ထားများကို
မသိကျိုးကျွန်ပြုကာတဘက်သတ်လုပ်ကြံတင်ပြသောသူများကိုသာလုပ်ပိုင်ခွင့်များချပေးရန်အတည်ပြုခဲ့လေသည်။ထို့ကြောင့်လုပ်ပိုင့်ခွင့်ကိုအလွဲသုံးစားပြုလုပ်နေသောကလောမြို့နယ် မြေယာကော်မရှင်အဖွဲ့ဝင်များ၊
ဟဲဟိုးမှဒေါ်ခင်စိုးဝေနှင့်ဦးအောင်ဇော်တို့၏လုပ်ဆောင်ချက်များကိုပြန်လည်စစ်ဆေးပေးပါရန်အသနားခံ
တင်ပြအပ်ပါသည်ခင်ဗျ။

>>>>နစ်နာသူတောင်သူ(၅)ဦး<<<<

ဦးကြည်ဝင်း(ငြိမ်း)
၈/တတက(နိုင်)၀၃၁၄၀၂
ဦးခင်မောင်အေး
၁၃/ကလန(နိုင်)၀၂၈၃၇၅
ဦးမောင်ဆိုင်
၁၃/ကလန(နိုင်)၀၃၀၁၅၂
ဦိးကျော်ဆန်း
၁၃/ကလန(နိုင်)၀၅၃၂၈၃
ဦးသိန်းလွင်
၁၃/ကလန(နိုင်)၀၄၀၈၁၉
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
ခေတ်ပြောင်းသော်လည်း လုပ်ထုံးလုပ်နည်း မ ပြောင်းတဲ့ ဖျာပုံမြို့မှတရားရုံးများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ခေတ်ပြောင်းသော်လည်း လုပ်ထုံးလုပ်နည်း
မ ပြောင်းတဲ့ ဖျာပုံမြို့မှတရားရုံးများ   
       နိုင် ငံတော်မှ တရားဥပ ဒေ စိုးမိုးရေး   
အဂတိလိုက်စားမှု ပ ပျောက်ရေးကို အလေး   
ထားဆောင် ရွက်နေချိန်တွင် ဧရာဝတီတိုင်း
ဒေသကြီး ဖျာပုံမြို့နယ်မှ တရားရုံးများသည်  
တရားစီရင်ရေးတွင် အမှုသည်များအပေါ်   
စာနာစိတ်ကင်းမဲ့စွာပြုမူဆောင် ရွက်နေပါသည် 
       အ ကြောင်းအမျိုးမျိုးကြောင့် တရားရုံးကို
ရောက် ရှိလာရတဲ့ အမှုသည် (ပြည်သူ)များမှာ  
တရားရုံး၏ပညာပြမှုအောက်တွင် ရုန်းမထွက်  
နှိုင်အောင် ခံစားကြရ တော့သည် ရိုးသားတဲ့  
ပြည်သူများမှာ တရားရုံးဆိုတာကိုအလွန်ဘဲ  
ကြောက် ရွံ့သွားကြသည်  
       နိုင် ငံတော်၏ လူဦးရေအများစု နေထိုင်  
ရာ ကျေးလက်ဒေသသည် တရားရုံးရှိရာမြို့နှင့်
ဝေးကွာလှပြီး သွားလာရေးအခက်အခဲကြောင့် 
ရုံးချိန်း တစ်ခေါက်တက် ရလျှင် အချိန်အားဖြင့်
နှစ် ရက် သုံးရက် ခန့်ကြာမြင့်ပြီး သွားစရိပ်စားစ်ရိပ် တည်းခိုနေထိုင် မှုစာရိပ်များနှင့် ဆိုလျှင် အ  
နည်းဆုံး ကျပ်သုံးသောင်း မှ ငါးသောင်းခန့် ထိ
ကုန်ကျ ၍ ရုံးချိန်းမပျက်အောင် တက်လာကြရ
သော်လညှ်း ရုံးချိန်းခေါ်သည့်အခါတွင် တစ်  
ဘက်အမှုသည်များရောက်မလာ၍(သို့)မစုံ၍   
(သို့)တစ်ဘက်မှရှေ့နေခရီးလွန်၍ စသဖြင့်  
ရီမာန် နောက်တစ်ပါတ်ချိန်းလိုက်ပြန်ပါသည်  
ထို့အပြင် တရားသူကြီးခွင့်ယူထားလို့ .သင် တန်း 
သွားနေလို့ .အစည်းအ ဝေးသွားနေလို့ .နောက်  
တရားသူကြီးအသစ်ရောက်တော့မှာမို့ .စသည့်  
အပြင် ထိုတရားသူကြီးအသစ်ဆိုတာကလည်း  
နှစ်လ သုံးလ ကြာတာတောင် ရောက်မလာသ 
ဖြင့် နောက်တစ်ပါတ် တဖန် နောက်တစ်ပါတ်   
တရားသူကြီး .ရှေ့ဘက်စာရေး .နှင့် ရှေ့နေတို့
၏ စီမံရာကိုသာ စောဒကမတက် ရဲဘဲလိုက်နာ
လျှက်ပြန်ချိန်း အကြိမ်ကြိမ် ပြန်တက် ရ ထိုသို့
တက်နေရ ပေမဲ့ အမှုကပြီးပြတ်ဘို့အ ဝေးကြီိးု 
လို သေးသည် ရှိစုမဲ့စုသားသမီးများနားထဲမှရွှေ   
တို ရွှေစအပြင် အိမ်ပေါင် ရ ခြံရောင်းရနဲ့ အလုပ် အကိုင် လဲပျက်ပြီး နောက်ဆုံးမှာတော့ အမှုက      
ရှုံးတာ နိုင် တာထားလို့ မိသားစုဘဝက တော့        
ပျက်ပြီ သားသမီးတွေရဲ့ပညာရေး ကျန်းမာရေး  
နဲ့ကလေးတွေရဲ့အနာဂတ်ကိုလျှစ်လျှူရှုထာရဲ့  
တဲ့အ ခြေအ နေကိုရောက် ရ တော့တယ်        
       လူ့သဘာဝအ လျှောက် အ ကြောင်းမညီ ညွတ်လို့တရားရုံးကိုရောက်မိပြီဆိုလျှင် တရား   
လိုရော တရားခံ(သို့)တရားပြိုင် ပါ တရားရုံးနှင့် 
တရားးရုံူးအဝန်းအဝိုင်း၏အကျဉ်းသားဘဝကို ရောက် ရှိပြီး သုံလေးငါး နှစ်နဲ့အမှုကမပြတ်တော့ဘဲ စီးပွားပျက် ဘဝပျက်နဲ့နလံမထူနှိုင် တော့ပါ အ ကြောင်းသိပြီးသူတွေက တော့
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မိမိကိုမတရား
လုပ်နေလည်းကျိတ်မှိတ် ခံရုံသာရှိတော့သည်       
တရားမျှတမှုဆိုတာဘယ်မှာလဲ တရားဥပ ဒေ     
ရဲ့အကာအကွယ်အကူအညီဆိုတာဘယ်သူ့           
အတွက်လဲလို့မေးခွန်းထုတ်စရာဖြစ်နေပါသည်
       သမ္မတကြီးက တော့ ကျေးလက်ဒေသ    
ဖွံ့ဖြိုးရေး ဆင်းရဲနွမ်းပါးမှု လျှော့ကျ ရေးကို
အ လေးထားဆောင် ရွက်ဘို့ ပြောနေတယ်
ုသမ္မတ ရဲ့ဝန်ထမ်းပုဂ္ဂိုလ်များက တော့လုပ်ပိုင်ူ
ခွင့်ကိုအပြည့် သုံးပြီးပြည်သူတွေရဲ့ဘဝကို စာ  
နာမှုကင်းမဲ့စွာ အောက်မေးလေးလှုပ်ပြီးလုပ်ထုံး
လုပ်နည်း ဥပဒေကိုသူတို့ အတွက်သာ ယူ၍ူ
သုံးနေကြပါတယ် ပြည်သူတွေအတွက်တော့      
ဥပ ဒေက ပေးတဲ့အကာအကွယ် အခွင့်အလန်း
ဆိုတာ နတ္ထိပါ တစ်စုံတစ် ရာပျက်ကွက်မှု    
လွဲချော်မှု ဖြစ်မိလျှင် ပင် ဆူငေါက် တာကိုခံရ   
ပါသည်            
       ယခုလိုဒီမိုကရေစီနိုင် ငံကိုထူထောင်နေ
ချိန်တွင် တရားရုံးများ၏ တရားစီရင်ရေး ကဏ္ဍ သည်ဖေါ်ပြပါအခြေအနေမျိုးတွေလုံးဝမဖြစ်သင့်   
တော့ပါသဖြင့် နိုင် ငံတော်အကြီးအကဲလူကြီး  
မင်းများအ နေဖြင့် အလေးထား၍စီစစ်ကြပ်မတ် 
ဆောင် ရွက်ပေးသင့်ပါကြောင်း ဖြစ် ရပ်မှန်  
အ ခြေအ နေမှန်များကို လေးစားစွာ တင်ပြ်  
အပ်ပါသည်
ွ
      ငွေမောင်း ဖျာပုံ
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

ဆင်ပေါင်ဝဲမြို့ အ.ထ.က(၁)ကျောင်းရှိ ကျောင်းဆရာမတချို့၏အကျင့်ပျက်မှုများကြောင့် ကလေးငယ်များပညာသင်ကြားရာတွင် အခက်အခဲဖြစ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဆင်ပေါင်ဝဲ     ဇူလိုင်      ၂၀

    မကွေးတိုင်းဒေသကြီး  ဆင်ပေါင်ဝဲမြို့ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားကြသည့်ကျောင်သား၊ကျောင်သူ
ကလေးငယ်များကို စာသင်ကြားပေသော ဆရာမတချို့၏ရိုင်းပြသောအပြုအမူများကြောင့်ကလေးငယ်များဆက်လက်ပညာ
သင်ကြားရန်အခက်အခဲဖြစ်သည့်အပြင် ကျောင်းသားကျောင်းသူကလေးငယ်များ မိဘများလည်းရင်သွေးငယ်များ၏ပညာရေး
အတွက်စိတ်အနှောက်အယှက်ဖြစ်နေကြောင်း ဆင်ပေါင်ဝဲမြို့မှကျောင်းသားမိဘတဦးကပြောပြသည်။
  ဆင်ပေါင်ဝဲမြို့ အ.ထ.က(၁)ကျောင်း ဒုတိယတန်းတွင်ပညာသင်ကြားပေးသောဆရာမဒေါ်မြင့်မြင့်ကြည်သည်  ကျောင်း
ပြင်ပသူမ၏ကျူရှင်၌တက်ရောက်သင်ကြာခြင်းမရှိသည့် ကျောင်းသား ကျောင်းသူကလေးငယ်များကိုနည်းအမျိုးမျိုးဖြင့် ခြောက်
လှန့်ခြင်း၊ကြိမ်းမောင်းဆူခြင်း၊ပိုက်ဆံရှိသူ ပိုက်ဆံမရှိသူ ခွဲခြားဆက်ဆံခြင်းနှင့်သူသင်ကြားပေးသောစာများကိုကလေးငယ်များ
ကူးယူပါက စာသူခိုးဟုစွတ်ဆွဲ၍ပြစ်ဒဏ်အမျိုးမျိုးပေးခြင်းတို့ကြောင့်ငယ်ရွှယ်နုနယ်သောကလေးငယ်များစိတ်ဓာတ်ပိုင်းဆိုင်ရာ
ပျက်စီးသွားနိုင်သဖြင့်လမ်းမှားရောက်သွားမည်ကိုကျောင်းသား ကျောင်းသူများ၏မိဘများ ရင်တထိတ်ထိတ်စိုးရိမ်နေကြကြောင်း
သိရသည်။  "သူမ၏ကျူရှင်တက်သူ မတက်သူနှင့်ပိုက်ဆံရှိသူ မရှိသူ သိသိသာသာခွဲခြားပြီးမျက်နှာလိုက်နေတယ်။၎င်းထိုင်တဲ့
စားပွဲခုံအနီးမှာ သူကျူရှင်တက်တဲ့ကလေးတွေနဲ့ပိုက်ဆံရှိတဲ့ကလေးတွေကိုသာကပ်ထားတယ်။စာသင်ချိန်နဲ့ပြင်အချိန်တွေမှာ
တစ်ယောက်နဲ့တစ်ယောက်စကားများကျရင်လည်းသမာသမတ်မျှတစွာ ဆုံးဖြတ်မှုမရှိတဲ့အပြင်အားနည်းသူကိုသာတစ်ဘက်
စောင်နှင်းငေါက်ငမ်းနေတယ်။ကလေးတွေတစ်ယောက်နဲ့တစ်ယောက်ခိုက်ရန်ဒေါသဖြစ်လို့သွေးထွက်သံရိုဖြစ်တာတောင် မှန်ကန်
စွာဖြန်ဖြေမပေးဘူး။မိဘခြင်းရှင်းကြဆိုပြီးပြောလွတ်တယ်။ဒီအတိုင်းတာဆက်သွားနေရင်ကလေးတွေအတွက်ပညာရေးရင်လေးမိ
တယ်။နိုင်ငံတော်ကလည်း စာမတတ်သူပပြောက်ရေး၊ဆင်းရဲသားပပြောက်ရေး၊အသက်ပြည့်တဲ့ကလေးများပညာသင်ကြားနိုင်
အောင်ထောက်ပံပေးနေတဲ့အပြင်ဆရာ ဆရာမတွေကိုလည်း လခတွေတိုးပေးထားပါတယ်။ကျောင်းအတွက် လှူရေး တန်းရေး
ဘာကြေး ညာကြေးဆိုလည်းအများ တန်းတူပေးဆောင်နေတယ်။အခုတော့ ခွဲခြားဆက်ဆံရုံတင်မကဘူး ကလေးတွေကျောင်း
မတက်နိုင်အောင်အထိ ပြောဆိုဆက်ဆံနေတော့ကလေးတွေဆိုကျောင်းမတက်ခြင်ပါဘူး ကျောင်းမသွားခြင်ပါဘူးဖြစ်နေတော့
ပညာရေးအတွက်များစွာ စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်"ဟုဆင်ပေါင်ဝဲမြို့မှဒေသခံတစ်ဦးကပြောပြ၍သိရှိရသည်။

မောင်မေတ္တာမိုး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

သို့ ညွှန်ကြားရေးမှူးချုပ် အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန မန္တလေးမြို့ နှင့် တာဝန်ရှိသူများသို့ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
              နိုင်ငံတော်သမ္မတကြီး
              နေပြည်တော်
              တိုင်းဒေသကြီးညွှန်ကြားရေးမှူး
              တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
              စစ်ကိုင်းတိုင်ဒေသကြီ,မုံရွာမြို့
             ညွှန်ကြားရေးမှူးချုပ်
             အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန
             မန္တလေးမြို့
အကြောင်းအရာ။    ။ ငွေကြေးလိမ်လည်ကောက်ခံမှု နှင့် ငွေကြေးအလွဲသုံးစားအကျင့်ပျက် ချစား ပြုလုပ်နေမှုအား  သိရှိနိုင်ရန်ကိစ္စ။
                အထက်အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး  ဦးမြင့်စိန်မှ  မြန်မာ့အလင်းသို့ ပြောကြားခဲ့သည်မှာ '' ကျွန်တော်တို့ ယခုနှစ်ကစပြီး အလယ်တန်းအခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်စီမံချက်ဖြင့် လုပ်ဆောင်ပေးနေပါပြီ။ ကျောင်းအပ်ခ ဖတ်စာအုပ်ဖိုးကအစ မည်သည့်ငွေမှ တစ်ပြားတစ်ချပ်မှ မပေးရပါဘူး, ဒါ့အပြင် အားကစားကြေး,ကျောင်းစာကြည့်တိုက်ကြေး,  စာမေးပွဲကြေး အာစရိယကြေးကအစ ကျောင်းသားနဲ့ ကျောင်းသားမိဘထံက ဘာဆိုဘာမှ ကောက်ခံမှု  မပြုရတော့ပါဘူး။  ကောက်ခံရင် တစ်ဦးတစ်ယောက်က တိုင်လို့ပဲ ဖြစ်ဖြစ်, သိလို့ပဲဖြစ်ဖြစ် ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြို့ကနေ နယ်တွေပြောင်းတာတို့ , ရာထူးလျော့တာတို့ မလုပ်တော့ပါဘူး။ အနည်းဆုံး ပင်စင်ပေးလို့ရရင် ပင်စင်ပေးမယ်, အပြစ်ပေါ် မူတည်ပြီးတော့ လုံးဝဖြုတ်သင့်ရင် ဖြုတ်,  အပြစ်ကြီးငယ်ပေါ် မူတည်ပြီးတော့ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ကင်းစင်ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေပါတယ် '' ဟု ဇွန်လ (၁) ရက်နေ့ ထုတ် သတင်းစာ၌ ဤကဲ့သို့ ဖတ်ရှုသိရှိခဲ့ပြီးဖြစ်ပါသည်။
               သို့ဖြစ်ပါ၍ တမူးမြို့ - နန်းဖာလုံ အလက (၁) ကျောင်းမှ ကျောင်းများစတင်ကျောင်းအပ်လက်ခံခဲ့စဉ်က မူကျောင်းအုပ် ဒေါ်ရီရီမြင့် (ယခု. ချောင်းနက်ကြီး  - မူအုပ်) မှ ကျောင်းသားမိဘများထံမှ  ရေသန့်ဖိုး   ၂၀၀၀ိ/-ကျပ် နှင့် စာသင်ခန်းကြေး ၁၀၀၀ိ/-
ကျပ်  စုစုပေါင်း ၃၀၀၀ိ/- ကျပ်  ဟူ၍  ကောက်ခံပြီး, ရွှေ ၅ မူးသားလက်စွပ်တစ်ကွင်း ကိုယ်ကျိုးအတွက်  အသုံးပြု ၀တ်ဆင်ဝယ်ယူခဲ့ကြောင်း ၇.၆.၂၀၁၄ ရက်နေ့ ဥုံ ပေးစာ , တိုင်စာ, ရင်ဖွင့်စာ ကဏ္ဍမှ ဖတ်ရှုသိရှိခဲ့ပြီးဖြစ်ပါသည်။ ပညာရေးဦးစီးဌာန၏ ၀န်ကြီးများ, ဦးစီးမှူး  များနှင့် ညွှန်ကြားရေးမှူးများ    ၎င်းသတင်းအား မသိလေသလား။
          ထပ်မံ၍လည်း အလက (၁) တမူးမြို့ -  နန်းဖာလုံကျောင်းသို့. ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအတွက် အသေးသုံး သုံးစွဲရန် နိုင်ငံတော်မှ ချထားပေးသည့်  ငွေကြေးများထဲမှ  ဒေါ်ရီရီမြင့်သည် လယ်ကျောင်းအုပ်နှင့် လုပ်ငန်းတာဝန်လွှဲပြောင်းပေးအပ်ရာတွင် အသေးသုံးငွေများထဲမှ အသေးသုံးမဟုတ်သည့် ပုံသေပိုင်ပစ္စည်းစာရင်းများထဲမှ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင် ထုတ်ယူသုံးစွဲခဲ့ပြီးသော ကျောင်းစာသင်ခုံများ ( ၁၅ ) ခုံ အတွက်  ၁၅၀၀၀၀ိ/-ကျပ် နှင့် နားနေစားပွဲ (၁ ) လုံးအတွက် ၅၀၀၀၀ိ/-ကျပ်  စုစုပေါင်း  ကျပ်  ၂၀၀၀၀၀ိ/- (ကျပ်နှစ်သိန်း )တိတိ/- အား  ၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် ပြုလုပ် ထားသော ခုံများနှင့် စားပွဲသာဖြစ်ကြောင်း စာရင်းပြေစာ(ငွေပေးငွေယူ) ပြုလုပ်ကာ ငွေကြေးများလိမ်လည်ထုတ်ယူထားသည့်အတွက် နိုင်ငံတော်၏ ပညာရေး စနစ်တိုးတက်ကောင်းမွန်ရန် အရှိန်အဟုန်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတော်၏ ပညာရေးဘဏ္ဍာငွေများ ကိုယ်ကျိုးအတွက်  လိမ်လည်သုံးစွဲမှုများကြောင့်  တစ်စိမ့်စိမ့်ယိုစီးနေသည့် ပညာရေးဘဏ္ဍာငွေများ အား အကျိုးရှိစွာ  အသုံးပြုနိုင်ရေးတို့အတွက် ရှေ့ရှု၍  ယခု အကျင့်ပျက်ချစားပြုလုပ်နေမှုတို့အား သိရှိနိုင်ပါရန်နှင့် လိုအပ်သည်များဆက်လက်ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
မိတ္တူ  -
         - ခရိုင်ညွှန်ကြားရေးမှူး
            ခရိုင်ညွှန်ကြားရေးမှူးရုံး
            ကလေးခရိုင်,ကလေးမြို့
         - မြို့နယ်ပညာရေးမှူး
            မြို့နယ်ပညာရေးမှူးရုံး
            တမူးမြို့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

Sunday, 20 July 2014

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ်အတွင်းမှ ကျုံကဒွန်း-အမာ ဆက်သွယ်ရေးကားလမ်း အကြောင်း သမ္မတကြီးနှင့် သက်ဆိုင် ရာဝန်ကြီးတို့ သိရှိနှိုင် ပါ ရန် အ ခြေအ နေမှန်တင်ပြခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ကျွန်တော်တို့ဧရာဝတီတိုင်းေ
ဒသကြီး       
ဖျာပုံ မြို့နယ်အတွင်းမှ ကျုံကဒွန်း-အမာ ဆက်
သွယ်ရေးကားလမ်းသည် အစိုးရ ဘဏ္ဍာငွေဖြင့်
ပြည်သူ့ဆောက်လုပ်ရေးဌာနမှ အဆင့်ဆင့်
သောဆောက်လုပ်ရေးဝန်ထမ်းများကို တာဝန်  
ပေးပြီးလုပ်ကိုင် ခဲ့ကြောင်းသိရှိရပါသည်              
      အဆိုပါလမ်းမှာ ၂၀၁၃-၂၀၁၄ လုပ်ငန်းရာ်
သီကမှ ကျောက်ချော ခပ်ပါးပါးတစ်လွှာခင်းတာ  
၇၀%ရာခိုင်နှုံးခန့် ရောက် ရှိလာကာ ထိုလမ်း   
ကိုအားထားပြီး ယဉ်မျိုးစုံဖြင့် သွားလာနေကြ
သောဒေသခံပြည်သူတွေမှာ များစွာအစဉ်ပြေ
ချောမွေ့လျှက် ရှိသော်လည်း ယခုလို မိုးရာသီ
ရောက်လာချိန်တွင် ကုန်တင် ကားများနှင့်လိုင်း 
ကားများကို ဆက်လက်ပြေးဆွဲခွင့်ပြုထားခြင်းကြောင့် နဂိုကမှ ကျောက်ကိုပါးပါးလေးခင်းထာ့းသဖြင့်  
လမ်းတစ်လျှောက်တွင် ကားဘီးရာ မြောင်းကြီး
များနှင့် ချိုင့်ခွက်ကြီးတွေဖြစ်ပြီးဗွက်များထကာ   
မော်တော်ဆိုင် ကယ်များပင် မောင်းလို့မရ အောင်    
ပျက်စီးနေပါသည်      
      ယခုလိုဖြစ် ရခြင်းသည်လုံးဝမဖြစ့်သင့်ပါ   
လမ်းအ ကြောင်းမြေအ ကြောင်းကို လမ်းပိုင်း   
ကိုတာဝန်ယူဆောက်လုပ်နေ သော ဆောက်  
လုပ်ရေးဝန်ထမ်းများ နားလည်ပါသည် ဒီအချိန်   
မျိုးမှာကားကြီးတွေမောင်းနေရင် လမ်းဟာ ဒလို  
ပျက်စီးမယ်ဆိုတာ သူတို့ခင်းထားတဲ့လမ်းရဲ့အ  
ခြေအနေသူတို့အသိဆုံးပါ ဒါပေမဲ့? ဒါပေမဲ့ပေါ့  
ယခု. ဝင် ထွက်မောင်းနှင်နေတာကလုပ်ငန်းရှင်
(ပိုက်ဆံရှိသူ)တွေရဲ့ကားများဖြစ်ပါသည် …
     တကယ်တန်းဖြစ်သင့်တာက မေလ အတွင်း
မှာထဲက ကားကြီးတွေကို ပိတ်လိုက်မယ်ဆိုရင်   
အခုလိုမျိုးပျက်စီးမှာမဟုတ်ပါ ဒေသတွင်းမှပြည်
သူတွေလဲ အကြောင်းရှိလို့ မြို့ကိုသွားမယ်ဆိုရင်
အိမ်စီးကားလေးများ ဆိုင် ကယ် လေးများဖြင့်   
အလွယ်တစ်ကူသွားရောက်နှိုင် မှာဖြစ်ပါတယ်  
     အခုတော့ ဒေသခံပြည်သူများအဖို့ မဖြစ်မ
နေအ ရေးအကြောင်းရှိလို့သွားလာရသည့်အခါ  
ဗွက်ထပျက်စီးနေတဲ့လမ်းမှာ အသက်စွန့်ပြီးသွား
နေရကာ လမ်းချော် တိမ်းမှောက်လို့ဆေးရုံကို
ရောက် ရ ထိခိုက်ဒဏ် ရာရပြီး မိသားဘဝ တွေ
ပျက်ကြရ နဲ့ မကြာခနဆိုသလို ဝမ်းနဲစရာအဖြစ်
ဆိုးတွေကြုံနေကြရပါတယ်  
     နောက်နှစ်ရောက်တော့လည်း ဒီလမ်းကိုဘဲ  
ထပ်မံခင်းရ ပြုပြင် ရနဲ့ နိုင် ငံတော်ဘဏ္ဍာငွေတွေ
ထပ်ထုပ် ရ ဦးမယ် ဘယ်တော့မှလညှ်းလမ်းက
ကောင်းလာမှာမဟုတ်သလို ဘဏ္ဍာငွေတွေလည်း 
အပိုကုန်ကျနေရမှာပါဘဲ…သမ္မတကြီးက တော့     
ကျေးလက်ဒေသ တွေကို ဖွံ့ဖြိုးတိုးတက်စေချင်  
တယ် သန့်ရှင်းတဲ့အစိုးရဖြစ်ဘို့ ပြောနေတယ်  
တကယ်တန်းဖြစ်နေတာက တော့???ကျွန်တော်
တို့ကျေးလက်ကစကားပုံလေးတစ်ခုလိုပဲ ပလိုင်း 
ပေါက်နဲ့ဖါးကောက်ဆိုသလိုမျိုးဘဲဖြစ်နေမှာပါ့ 
      ယခုတင်ပြတာဟာ ကျွန်တော်တို့ဒေသ လေး
တစ်ခုရဲ့ဖြစ်နေပုံအကျဉ်းမျှသာရှိပါသေးသည်  
ယ နေ့ ဇွန်လ ၁၂ ရက်နေ့ မိုးဖြိုင်ဖြိုင် ရွာချနေ  
သည့် ရက်အထိ အဆိုပါ ကားကြီးများ ပြေးဆွဲ   
မောင်းနှင်နေတုံးဖြစ်၍ လမ်များမှာလည်းမြင်၍
မ ကောင်းအောင် ပျက်စီးနေပြီဖြစ်ပါကြောင်း    
သမ္မတကြီးနှင့် တကွ သက်ဆိုင် ရာ တာဝန် ရှိ လူကြီးမင်းများအ ခြေ နေမှန်ကိုသိ ရှိနှိုင် ပါရန်  
သတင်းပေးတင်ပြအပ်ပါသည်                          
      ငွေမောင်း ဖျာပုံ                                     
အုန်းငွေ ဆိပ်မကျေးရွာ Ph 0931396121
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

"နှလုံးသားထဲက ဗိုလ်ချုပ်" by မောင်မေတ္တာမိုး, “သွေးမော်ကွန်း” by .လသာဖြိုးအောင်. ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

"နှလုံးသားထဲက  ဗိုလ်ချုပ်"

ဗိုလ်ချုပ်အောင်ဆန်း

စကားထွက်ကြမ်းပေမယ့်
အရမ်းချစ်တတ်တဲ့  သူ့နှလုံးသား
မြန်မာပြည်သူများအတွက်
"ကျောင်းသားဘဝ
မစခင်ကလေး ဘဝကတည်းက
မ တရားတာမြင်ရင်
အမေဖြစ်သူ ဒေါ်စုကို
ပြည်သူတွေ အပေါ် မတရားတာမလုပ်ပါနဲ့"
ပြောဝံ့သူ   
ဗိုလ်ချုပ်အောင်ဆန်း
သူလျှောက် မဲ့လမ်း
ပန်းခင်းလမ်း မဟုတ်တာ
ကြိုတင်ကာသိပေမယ့်
ပြည်သူပြည်သား
ကောင်းစားရေးအတွက်
သူ့အသက်ကိုတောင်
ရဲရဲဝံ့ဝံ့  စွန့်လွှတ်ပေးခဲ့သူ ။
ပြည်သူအတွက်
လွတ်လပ်ရေး
အသက်စွန့်ပေးကြိုးပမ်း
မျော်မှန်းထားသည့် ပန်းတိုင်
လှမ်းကိုင်ကာရောက်လုနီး
သွေးစီးခဲ့ရတဲ့အဖြစ်
မနေ့ကလို့တောင်ထင်မိ
ဒါပေသည့်..,...
ပြည်သူများ  နှလုံးသားမှာ
မမေ့နိုင်တာ( ၆၇)နှစ်တောင်
ရှိပြီနော်   
       မောင်မေတ္တာမိုး
>>>>>>>>>>>>>>>

“သွေးမော်ကွန်း”

*ကမ္ဘာ့ မြေပုံပေါ်မျာပေါ့ 

မြန်မာဆိုတဲ့ နိုင်ငံဖြစ်စေဖို့ 

ဆုံးရှုံးခဲ့ တဲ့ မြေ၊လက်လွတ်ခဲ့ တဲ့ မြေ

မြန်မာ့ မြေကိုမြန်မာသာပိုင်ဆိုင်ကြောင်း

တိုင်းရင်းသားညီအစ်ကိုအပေါင်းရဲ့ 

အသွေးအသား၊နှလုံးသားထဲက

လွတ်လပ်မှုဆာလောင်ခြင်းတွေမှာ

သူ့ ကိုမွေးဖွားပေးခဲ့ ရတယ်

ခေတ်ရဲ့ တောင်းဆိုတဲ့ လူပေါ့ ။

*အမျိုးဂုဏ်ကြီးမြတ်လှခဲ့ 

အဘိုးရဲ့ သွေးမျိုးဆက်မို့ 

နယ်ချဲ့ ဆိုမကြားလို၊မမြင်လို

ကျွန်မခံလိုတဲ့ စိတ်ကပို......

ဆွေကြီးမျိုးကြီးသူဌေးသား

အညာဇာတိနတ်မောက်၊မကွေးသား

နှစ်ရာချီပြီးမှုန်ဝါးခဲ့ တဲ့ ပန်းချီကားကို

မြန်မာ့ သမိုင်းတစ်ခေတ်ရဲ့ သားက

အသက်သွင်းလို့ လှုပ်နိုးစေခဲ့ ပေါ့ ။

*လူငယ်လေးတစ်ဦးပါ......

ကျောင်းသားလူငယ်လေးတစ်ဦးပေါ့ 

ဆရာကောင်းအပေါင်းရဲ့ ဝန်းရံမှုနဲ့ 

သမဂ္ဂကိုဦးဆောင်ခဲ့ ဖူးတယ်

အစည်းအရုံးမှာလှုပ်ရှားခဲ့ ဖူးတယ်

သူ့ အတွေးထဲကလွတ်လပ်ရေး

သူ့ အသွေးထဲကဇာတိမာန်

သူ့ နှလုံးထဲကအမျိုးဂုဏ်

သူ့ အသိဥာဏ်ထဲကသတ္တိခွန်အား

ဒါတွေကိုပေါင်းစပ်မိချိန်ပေါ့ 

မှုန်ဝါးတဲ့ ပန်းချီကားဆေးပြန်ချယ်သဖို့ 

သူ့ သွေးနဲ့ ဆေးရောင်စပ်ခဲ့ ပေါ့ ။

*သူ့ စည်းရုံးရေးမှာအာဏာမလို

သူ့ စည်းရုံးရေးမှာအမျိုးဇာတ်မခွဲ

သူ့ စည်းရုံးရေးမှာခေါင်းစဉ်မကွဲ

ဝင်သက်ထွက်သက်တိုင်း..လွတ်လပ်ရေး...တဲ့ 

ပြည်သူတွေတိုင်းရဲ့ ရင်တွင်းက

ဇာတိမာန်မျိုးစေ့ တွေကိုမှ

သူ့ နှလုံးသွေးမိုးနဲ့ ပက်ဖြန်းရှင်သန်စေခဲ့ 

ဆန္ဒနဲ့ ဘဝထပ်တူကျစေခဲ့တာပေါ့ ။

*မျက်ကန်းမျိုးချစ်မဟုတ်သလို

ပညာဥာဏ်ဦးစီးတဲ့ သူမို့ 

စစ်ပညာကိုပါးထိုးရင်းပြီးသင်ဖို့ 

လူသုံးဆယ်ရဲ့ အရှေ့ ကျွန်းခရီး

ဆင်းရဲအသားနာဒဏ်ထက်

အမျိုးမနာအောင်ထားတဲ့ စေတနာတွေပေါ့ ။

*အသက်သေမှာထက်....

လူမျိုးနဲ့ နိုင်ငံမသေအောင်လေ

ကွဲပြားမှုနဲ့ တိုင်းရင်းသားတွေကို

အရိုးရှင်းဆုံးနှလုံးသားအခံနဲ့ စည်းရုံးခဲ့ 

အားလုံးရဲ့ တိမ်မြုပ်နေတဲ့ ဇာတိမာန်ကို

သူ့ လက်ရုံး၊နှလုံးနဲ့ မောင်းတီးခဲ့ 

သူ့ ဖွဲ့ စည်းမှုအောက်မှာ

ပေါက်တူးကိုင်တဲ့ လက်တွေပါတယ်

လွှကိုင်တူကိုင်တဲ့ လက်တွေပါတယ်

သပိတ်လွယ်ဆွမ်းခံတဲ့ လက်တွေပါတယ်

ဘွဲ့ ဝတ်စုံအစားစစ်ဝတ်စုံရွေးသူတွေပါတယ်

ထမ်းပိုးအစားသေနပ်ပြောင်းထမ်းသူတွေပါတယ်

လက်ဖက်တောထဲကစော်ဘွားတွေပါတယ်

ရေခဲတောင်ပေါ်ကဒူးဝါးတွေပါတယ်

ဖားစည်တီးတဲ့ ဖရိုတွေပါတယ်

ပင်လယ်ပျော်တဲ့ ကိုရှည်တို့ ပါတယ်

သစ္စာသမားရာမညသားတွေပါတယ်

သမိုင်းချစ်တဲ့ သူအကုန်ပါဝင်ခဲ့ ကြတယ်။

*လက်ရှိဘဝတွေကိုစွန့် လို့ 

တော်လှန်ရေးတစ်ရပ်မှာညီညွတ်တဲ့ စိတ်တစ်ခုထဲပေါ့ 

သူတို့ ရဲ့ ရင်ဘတ်တွေတံတိုင်းခတ်လို့ 

သေခြင်းကိုမမှုညီညွတ်ခဲ့ ကြတာပါ

နေမဝင်အင်ပါယာကိုဖြိုခဲ့ တာ

နေဝန်းနီကိုမောင်းထုတ်တာ

ဒီနေ့ လူတွေ........

ခင်ဗျားတို့ ...........ဆန္ဒထုတ်ဖော်သလိုများလား

ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ 

ခင်ဗျားတို့ ...........ဒို့ တာဝန်အရေးဟန်လုပ်ရွတ်သလိုလား

ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ 

ခင်ဗျားတို့ တိုက်နေတဲ့ ပြည်တွင်းစစ်လိုလား

ထွီး!........ဝေးသေးရဲ့ .....ဝေးပါသေးရဲ့ ။

*အသက်တွေပေးပြီးတိုက်ခဲ့ ကြတာ

အလောင်းတွေထပ်ပြီးတက်ခဲ့ ကြတာ

တူညီတဲ့ ဆန္ဒတစ်ခုထဲပါ

ဒီလူတွေတိုက်မပေးခဲ့ ရင်

ဒီသွေးတွေမြေမခခဲ့ ကြရင်

ဒီလူတွေမှာဒီခေါင်းဆောင်မရှိခဲ့ ရင်

ဒီနေ့ ဒေါင်းတစ်ကောင်လိုလှပါတယ်ဆိုတဲ့ 

ရှည်မျောမျောမြေပုံတစ်ခု

ကမ္ဘာမှာမြန်မာလို့ ခေါ်ကြပါ့ မလားဗျာ။

သူတို့ သာဂျပန်ကိုမသွားခဲ့ ကြရင်

သူသာအင်္ဂလန်ကိုသွားအရေးမဆိုခဲ့ ရင်

သူသာသူဌေးသားအရာရှိလုပ်နေခဲ့ ရင်

သူသာ.....................................

မတွေးဝံ့ စရာ.........မတွေးဝံ့ စရာပါ။

“တောက်”(ပြင်းပြင်းခေါက်ပါ)

*မြန်မာ့ ကိုယ်ပိုင်အလံပြန်တင်တဲ့ နေ့ 

မြန်မာပြည်မြန်မာအုပ်ချုပ်တဲ့ နေ့ 

သူအတောင့် တဆုံးနေ့ ......

အဲဒီနေ့ မှာသူရှိမနေခဲ့ ဘူး...ကွာ...

ဘယ်လောက်ကြေကွဲစရာကောင်းလိုက်သလဲ။

*လူငယ်လေးတစ်ယောက်ပါ

အသက်သုံးဆယ်စွန်းရုံလေးပေါ့ 

ဒါတို့ ရဲ့ ဝန်ကြီးချုပ်....

ဒါတို့ ရဲ့ မူလပထမဗိုလ်ချုပ်

ဒါမြန်မာတို့ ရဲ့ အဓိပတိ

ဒါမြန်မာအပေါင်းရဲ့ ဥသျှောင်

လူမျိုးကွဲရန်သူအနိုင်ယူခဲ့ သူ

အရှေ့ ကိုဇွတ်တက်ထက်မြက်တဲ့ အမိန့် နဲ့ 

တိုက်ပွဲအပွဲပွဲကိုဖွင့် ခဲ့ သူ

အားလုံးရဲ့ အပူတွေလွဲယူတတ်သူ

သူ......အမောတွေမပြေသေးခင်

နောက်ကျောကပြောင်းသစ္စာကိုဖောက်

ခွေးသဘောက်စိတ်နဲ့ လူ

အာဏာကိုမှဆာလောင်တတ်သူတွေပေါ့

ကိုယ်နေတဲ့ အကိုင်းကိုခုတ်ဖို့ 

ပုဆိန်ကိုအရိုးတတ်ပေးခဲ့ သူတွေပေါ့ 

ဇူလိုင်လ.....၁၉......ရက်က

၁၉၄၇မှာမြန်မာ့ သမိုင်းကိုရိုင်းစေခဲ့ 

အစည်းအဝေးခန်းထဲက

လွင့် ကြွေရတဲ့ ကြယ်ကိုးပွင့် ပေါ့ 

ဇူလိုင်မှာရွာတဲ့ မိုးက..

တစ်ပြည်လုံးလူတွေရဲ့ ပါးပြင်နံရံတွေပေါ်မှာပါ

သူယုံကြည်စွာတပ်ဆင်ပေးခဲ့ တာ

သူယုံကြည်စွာသင်ကြားပေးခဲ့ တာ

သူယုံကြည်စွာစီမံခဲ့ တာအားလုံးက

သူ့ ခန္ဒာကိုဖောက်တဲ့ ကျည်ဆံတွေလား...ကွာ။

*အခွင့် ထူးမယူခဲ့ တဲ့ လူ

ယူနီဖောင်းသုံးစုံနဲ့ လူ

မိန်းမမပိုးတတ်ခဲ့ တဲ့ သူ

နံပြားနဲ့ ပဲပြုတ်ကြိုက်တတ်သူ

ခရိုနီကိုမုန်းတဲ့ သူ

ကားပျက်လို့ လမ်းလျှောက်ရုံးတက်တဲ့ သူ

လမ်းဘေးအကြော်တဲဧည့် ခန်းလုပ်ခဲ့ သူ

ဒါဟာ...တို့ ရဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ကွ။

*နေမဝင်တွေလက်မြောက်ခဲ့ တဲ့ 

နေဝန်းနီတွေဒူးထောက်ခဲ့ ရတဲ့ သူ

လုံခြုံရေးတပ်ဖွဲ့ ကိုငြင်းခဲ့ တာဟာ

မြန်မာထဲမှာခွေးတွေပါမှန်းမသိခဲ့ လို့ ပါ

ကိုယ့် ခြံကခွေးကိုယ့်ပြန်ကိုက်ခံရ

သမိုင်းမလှစေခဲ့ တာများကွာ.....

ဒီစာမျက်နှာလှန်ကြည့် မိတိုင်း

ဒီနေ့ ပြန်ရောက်တိုင်းအလွမ်းမပြေဘု

သူ့ ရဲ့ ထက်မြတ်ခြင်းတွေနဲ့ အတူ

သူနဲ့ တူညီစွာညီညွတ်ခဲ့ တဲ့ 

တို့ တတွေရဲ့ အဓိပတိကြီးတွေ

သူတို့ ထာဝရလဲလျောင်းရာ

မြန်မာပြည်ရဲ့ ကမ္ဘာ့ အဦးဆုံးစေတီမြတ်

ရွှေတိဂုံရဲ့ မြောက်ဖက်မှာပေါ့ 

မြင့် မိုလ်တောင်ရှိတဲ့ မြောက်အရပ်

မြင့် မြတ်တဲ့ အနန္တောအနန္တအရပ်

သန်းခြောက်ဆယ်ရဲ့ ကျေးဇူးရှင်များ

အိပ်စက်နားပေါ့ ..............

သမိုင်းကပေးခဲ့ တဲ့ လက်ဆောင်

မြန်မာပြည်မြေပုံတည်နေသမျှ

သူတို့ ကိုအမှတ်ရစေဖို့ ပါ....။

...လသာဖြိုးအောင်.........