မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုအရ အင်/ကညင် အပေါက်
များပြီး သစ်အမျိုးအစားအုပ်စုဖြစ်တဲ့ ပိတောက်၊တမလမ်း၊
သင်းဝင်လိုသစ်မျိုးက ရှားပါးပြီး ဈေးကွက်ဈေးကွက်ဝင်
ဖြစ်သလို ကျွန်းသစ်ကတော့ ထိပ်တန်းသစ်စာရင်းဝင် ဖြစ်ခဲ့
ပါတယ်။ အများအားဖြင့် သစ်လုပ်ငန်းကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
တရုတ်နိုင်ငံက အထူးစိတ်ဝင်စားစွာ ၀ယ်ယူမှုများခဲ့ပါသည်။
တရားဝင်ဈေးကွက်ထက်တရားမ၀င်ဈေး
ကွက်မှာ ပိုပြီး
ရောင်းအားဝယ်လိုအား ပိုများပြီး တရားမ၀င်ဈေးကွက်ဖြစ်ခြင်း
ကြောင့်လည်း ၀ယ်သူရဲ့ စိတ်ချရောင်းချပေးရပြီး ရောင်းသူက
လိုက်လျောညီထွေ ရောင်းချရတဲ့ သဘောဖြစ်ပါတယ်။၁၉၉၅
ခုနှစ်ဝန်းကျင်လောက်ကစပြီး ကျွန်းရှယ်ဆိုပြီး ဈေးကွက်စဖွင့်ပြီး
တရုတ်က အ၀ယ်လိုက်လာပါတယ်။ အဲ့ဒီအချိန်မှာ တမလန်းက
ဈေးကွက်ထဲမှာ ရောက်နေပင်မဲ့ တရားမ၀င် ကုန်သွယ်မှု မရှိသေး
ပါဘူး တရားမ၀င်ကုန်သွယ်တာ ဆိုတော့ ၀န်ထမ်းများ အကျင့်ပျက်
မှုနည်းပါးခဲ့ပါတယ်။
၁၉၉၂ခုနှစ်လောက်က ပိတောက်တွေ အရမ်းခေတ်စားခဲ့ပါတယ်
နိုင်ငံတော်က တန်၅၀ တံဆိပ်တုံးတွေ ချပေးခဲ့စဉ်က သစ်လုပ်ငန်း
လုပ်သူတွေမလည်မ၀ယ်သေးတော့ ဘယ်လိုအသုံးချရမလဲ မသိခဲ့
ကြလို့ အချို့ဆို ၅၀၀၀ိ/၁၀၀၀၀ိနဲ့ တံဆိပ်တုံးတွေကို ရောင်းစားခဲ့ကြ
ရပါတယ်။ ပထမဦးဆုံး ပိတောက်ကိုအိန္ဒိယဘက်က စ၀ယ်ပါတယ်
တံဆိပ်တုံးမှာ ပစ္စည်း အမျိုးအမည်တပ်မထားတော့ ဈေးကွက်ကို စသိသူ
တွေက ပိတောက်တွေကို အိန္ဒိယဘက်ကို စပို့ခဲ့ပါတယ် နောက်ပိုင်း
ပိတောက်ဈေးကွက်ပေါ်လာမှ တံဆိပ်တုံးရဲ့ တန်ဖိုးကို နားလည်ပြီး
ဈေးတက်လာခဲ့ကြပါတယ်။
ပထမစပြီး အရောင်းအ၀ယ်ဖြစ်ခဲ့တာက သစ်လုံးတွေဖြစ်ပြီး
နောက်မှ စကွဲယားတွေဖြစ်လာခဲ့ကြပါတယ်။ ပိတောက်သစ်ကို ၁၂"
ပတ်လည်ဝယ်ခဲ့ကြပြီး သင်းဝင်ကိုတော့ ၁၄"ပတ်လည်ဝယ်ယူ
ခဲ့ကြပါတယ်။ ပိတောက်နဲ့သင်းဝင် ဈေးကွက်ပျက်သွားတဲ့ အချိန်မှာ
ကျွန်းသစ်က ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့ပါတယ်။ တရားမ၀င်
လမ်းကြောင်းနဲ့ ၀င်လာတာဆိုတော့ စည်းကမ်းမဲ့ ခုတ်လှဲခဲ့ကြလို့
ရွှေဘို-မြစ်ကြီးနားကားလမ်းနဲ့ မင်းဝံတောင်ရိုးကြားမှာ ကျွန်းသစ်
တွေ ကုန်သလောက်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီ အချိန်လောက်က တည်နှစ်
တွေ ခေတ်ထလိုက်လို့ စာရေးသူတို့ဘက်မှ ခုဆို တည်သီးဆိုတာ
မမြင်ဘူးတာ့ပါဘူး။
ကျွန်းသစ်ကတော့ မိန်းလမ်းမကြီးနဲ့ နဲနဲဝေးလို့ ကျန်သေး
ပေမဲ့ မြို့နဲ့နီးတဲ့ ကျွန်းတော စိုက်ခင်းမှာတော့ ကျွန်းသစ်တွေ
ကုန်သွားပါပြီ။ ဒီအချိန်မှာတော့ ဈေးကောင်းနေတဲ့ တမလန်း
သစ်တွေက ပေါနေသေးတော့ တောရောမြို့မှာ လုပ်ကိုင်
ဆောင်ရွက်နေသူတွေ ငွေရွှင်နေသေးတဲ့ အချိန်ကာလတစ်ခု
ဖြစ်နေတုန်းပါပဲ။ ရောင်းပန်းလှနေတဲ့ ဈေးကွက်ကို အခြေခံပြီး
လူတွေရဲ့ လောဘအလိုက် အကျင့်ပျက်မှုတွေလည်း များခဲ့
ပါတယ်။အနည်းဆုံး ဘောင်းဘီရှည်ဝတ်၊ဖုန်းခါးချိတ်ြ ပီး ကားရပ်
လိုက်ရင်ပဲ သောင်းဂဏာန်းရတဲ့ ငွေကြေးအပေါ်မှာ လူတွေက
မကောင်းတဲ့ စိတ်ဝင်လာခဲ့ပါတယ်။
မကောင်းမှုဟာ ကူးစက်တတ်တဲ့သဘောရှိတော့ ရှေ့လူက
ဒီလိုလုပ်ရင် နောက်လူကလဲ ဒီလိုလုပ်ဖို့ကြိုးစားလာပါတယ်။
ဝန်ထမ်းများအနေနဲ့ အပြစ်ကင်းစင်သူတွေ မဟုတ်ခဲ့လေတော့
ဒီလိုငပွကြီးတွေကို လိုက်ပြီး မျက်နှာချိုသွေးရတဲ့ ဘ၀ကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီး အဆင့်မြင့်အရာရှိတွေတောင်
ဒီလိုလူတွရဲ့ ငေါက်ငမ်းမှုကို ခံယူခဲ့ကြရပါတယ်။
သစ်လုပ်ငန်း၏ တရားမ၀င်လုပ်ဆောင်မှုအပေါ်မှာ
လူတွေရဲ့ လွဲမှားတဲ့ အတ္တတွေကို ရှေ့တန်းတင်ပြီး
တိုင်တောခြိမ်းခြောက်ငွေညစ်ဖို့ ကျိုးစားကြသလို ၀င်ထမ်းတွေ
ကလည်း ကြုံတဲ့နေရာက နိုက်ယူစားဖို့ ကြံနေကြတာ မြင်နေ
ရပါတယ်။ သက်ဆိုင်ရာဌာနတွေရဲ့ အကြီးအကဲတွေကလည်း
အောက်ခြေက ဆူညံနေတဲ့ အသံတွေကို လှစ်လှူရှုပြီး ဆက်သ
လာတဲ့ ဆက်ကြေးပကာာတွေအပေါ် အနည်းအများကို သုံးသပ်
ပြီး ခံစားနေကြတာပဲရှိတော့ ဟိုးအောက်ခြေအနိမ့်ဆုံးက
လက်လုပ်လက်စားတွေကတော့ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းနဲ့
အပြိုင်သောက တောတောင်လို မြင့်တက်လာရင်း တစ်နေ့စာ
အတွက် ခက်ခဲပင်ပန်းကြီးစွာ ရုံးကန်နေကြရပါသည်။
အင်/ကညင် ခွဲသားပကာတွေကိုတော့ မြို့နယ်သစ်တောတွေက
ငွေအနည်းငယ်နဲ့ ခွင့်ပြုပေးပါတယ်။ မြို့တွင်း/ပြင် ဂိတ်တွေက
ဖြတ်ကျော်လာတဲ့ ခွဲသားကားတွေ ပကာကားတွေကို ကြည့်ရင်း
သစ်တောတွေထဲ၅မှ တရားမ၀င်သစ်စက်တွေ ဘယ်လောက်များ
မယ်ဆိုတာ သိနိုင်ပါတယ်။ သူခိုးတစ်ယောက်လိုတွက်ရင် ဆန်
တစ်ပြည် ခိုးသူလဲ ခိုးတာဖြစ်သလို စိန်တဆင်စာခိုးသူလဲ ခိုးတာ
ပါပဲ ဖြစ်ပါတယ် ။တရားမ၀င်ခိုးယူခုတ်လဲတာခြင်း အတူတူ
သစ်တောပြုန်းတီးအောင် ပြုလုပ်တာခြင်း တူပါရက်နဲ့ ဘယ်လို
ကြောင့် အမျိုးအစားခွဲနေသလဲတော့ မသိပါ။ စကွဲယားတွေက
ဈေးကောင်းလို့ ငွေပိုတောင်းကောင်းအောင်ပဲ တမင်ခွဲခြားပြီး
ထားတာလား မသိပါ။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အမှန်တကယ်
လိုလားလုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ အင်/ကညင်ကို ခုတ်လှဲပဲ
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာပဲဆိုတာ သစ်တာဝန်ထမ်းတွေ
လည်း သတိပြုဆင်ခြင်သင့်တယ်လို့ မြင်ပါတယ်။
နိုင်းမရ(ကောလင်း)
ninemaya.kl@gmail.com
လက်ရှိ တမလန်းဈေးကွက် အခြေအနေမှ တရုတ်က
မသိမ်းသဖြင့် အရောင်းဝယ် အနည်းငယ်အေးနေကြောင်း
သိရပြီး ရွှေဘိုလမ်းဆုံတွင် အဖမ်းဆီးများနေသဖြင့် ကုန်သည်
များ သွားလာဖြတ်ကျော်ရန်ခက်ခဲနေပြီး ပင်လည်ဘူး၊ ၀န်းသို
ဂိတ်များမှလည်း ဂိတ်ပိတ်ဆို့ထားကြောင်း တမလန်းကုန်သည်
များမှ သိရသည်။
ဝယ်ယူလှောင်ထားနိုင်သော ကုန်သည်အချို့သာလျှင် လာ
ရောက်ဝယ်ယူ သယ်ဆောင်နိုင်ကြကြောင်းနှင့် တိုင်တမ်းသူများ
ကြောင့် သယ်ယူရန်ခက်ခဲကြောင်း လာရောက်ဝယ်ယူမှ ပြောပြ
ပါသည်။အရောင်းအ၀ယ်အေးနေသော်လည်း တမလန်းသစ်တော
လောကတွင် ပိုမိုရှုပ်ထွေးမှုရှိကြောင်း ၀န်ထမ်းအချို့မှလည်း
ဖမ်းသည်ဆို၍ သိမ်းဆီးပြီး အခြားကုန်ကို ပြန်လည်ရောင်းချကြောင်း
ကို တမလန်းလုပ်ငန်းလုပ်ကိုင်သူ ထီးချိုင့်ဘက်မှ ကိုကျော်စိုးသူ
ပြောပြပါသည်။နယ်မြေတွင်း စစ်ကြောင်းထိုး၍ တမလန်းသစ်များကို
ဖမ်းဆီးစဉ်က သူ၏ ပစ္စည်းပါမသွားပဲ လွန်ခဲ့သော နေ့၊ရက်ခန့်မှ
ဖမ်းဆီးတံဆိပ်ရိုက်၍ နယ်မြေခံ သစ်တော မြေလင်းတောအုပ်
ကျော်မင်းခိုင်မှ ဖမ်းဆီးပြီးပြန်လည် ရောင်းချကြောင်း သိရ
သွားရောက်ခဲ့ရာ သူ၏စကွဲယား၃၁တုံးအနက် ၂၅တုံးသာ ရှိတော့
သည်ကို တွေ့ရပြီး အခြားသူများ၏ သစ်ပုံများပါမတွေ့ရကြောင်း
သွားရောက်ပြောရာတွင်လည်း တိကျသောအဖြေမပေးဘဲ ဝေေ၀
ဝါးဝါးဖြစ်နေပြီး လမ်းစရိတ်လိုပါက အခြားသူထံမှ ယူ၍ ထောက်ပံ့ပေး
မည့်အကြောင်းသာ ပြောလွှတ်ကြောင်း သိရသည်။
အင်းဂါးဘိနယ် တာဝန်ကျတောအုပ်လှထူး ဆိုသည်မှာလည်း
သူ၏ ဘိနယ်အတွင်းရှိ စကွဲယားတုံးများအား လိုက်လံဖမ်းဆီးပြီး
ခတက်ကျေးရွာအရောက် ပို့ဆောင်၍ ကုန်သည်များနှင့် ချိတ်ဆက်
ကြောင်းချနေကြောင်း ပြောပြပါသည်။
ဝန်းသို ၅/မိုင် ဂိတ်တွင် တိုင်ကြားသူများမှ ထိုင်စောင့်နေသဖြင့်
တမလန်း သယ်ဆောင်သော ကားများ အခက်အခဲဖြစ်နေပြီး လမ်း
ကြောပိတ်ထားသဖြင့် အင်/ကညင်ခွဲသားနှင့် ထင်းပကာကားများပါ
လမ်းကြောတစ်လျှောက် သွားလာရန် အခက်အခဲဖြစ်နေကြောင်း
သစ်ခွဲသားလုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။
တမလန်းအများဆုံး ထွက်ရှိသော ပင်လည်ဘူးမြို့နယ်အတွင်းမှ
တမလန်းစကွဲယားများအား သယ်ဆောင်ခွင့်ရရန် ၅/မိုင်ဂိတ်ရှိသော
ဝန်းသိုမြို့နယ်အတွင်းမှ သက်ဆိုင်ရာဝင်ထမ်းများနှင့်ညှိ
နိုင်းနေ
သော်လည်း အဆင်မပြေသေးကြောင်း သိရှိရသည်။ ဂျာနယ်၊
သတင်းစာ၊ အင်တာနက်များမှ တမလန်းခွဲသားများအား ခုတ်လှဲသယ်
ယူခြင်းမရှိစေရန် အပြင်းအထန်ကန့်ကွက်နသော်လည်း သစ်တော
ဝန်ထမ်း အချို့၏ လုပ်ဆောင်ချက်များအရ လက်ရှိအခြေအနေရ
အနည်းငယ်အေးနေသည်မှအပ ချုပ်ငြိမ်းမှုမရှိကြောင်း သစ်လုပ်ငန်း
ရှင် တစ်ဦးမှ ထောက်ပြပြောကြားကြောင်း သိရသည်။
နိုင်းမရ(ကောလင်း)
ninemaya.kl@gmail.com၏
>>>>>>>>>>>>>>>>>>>>>
များပြီး သစ်အမျိုးအစားအုပ်စုဖြစ်တဲ့ ပိတောက်၊တမလမ်း၊
သင်းဝင်လိုသစ်မျိုးက ရှားပါးပြီး ဈေးကွက်ဈေးကွက်ဝင်
ဖြစ်သလို ကျွန်းသစ်ကတော့ ထိပ်တန်းသစ်စာရင်းဝင် ဖြစ်ခဲ့
ပါတယ်။ အများအားဖြင့် သစ်လုပ်ငန်းကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
တရုတ်နိုင်ငံက အထူးစိတ်ဝင်စားစွာ ၀ယ်ယူမှုများခဲ့ပါသည်။
တရားဝင်ဈေးကွက်ထက်တရားမ၀င်ဈေး
ရောင်းအားဝယ်လိုအား ပိုများပြီး တရားမ၀င်ဈေးကွက်ဖြစ်ခြင်း
ကြောင့်လည်း ၀ယ်သူရဲ့ စိတ်ချရောင်းချပေးရပြီး ရောင်းသူက
လိုက်လျောညီထွေ ရောင်းချရတဲ့ သဘောဖြစ်ပါတယ်။၁၉၉၅
ခုနှစ်ဝန်းကျင်လောက်ကစပြီး ကျွန်းရှယ်ဆိုပြီး ဈေးကွက်စဖွင့်ပြီး
တရုတ်က အ၀ယ်လိုက်လာပါတယ်။ အဲ့ဒီအချိန်မှာ တမလန်းက
ဈေးကွက်ထဲမှာ ရောက်နေပင်မဲ့ တရားမ၀င် ကုန်သွယ်မှု မရှိသေး
ပါဘူး တရားမ၀င်ကုန်သွယ်တာ ဆိုတော့ ၀န်ထမ်းများ အကျင့်ပျက်
မှုနည်းပါးခဲ့ပါတယ်။
၁၉၉၂ခုနှစ်လောက်က ပိတောက်တွေ အရမ်းခေတ်စားခဲ့ပါတယ်
နိုင်ငံတော်က တန်၅၀ တံဆိပ်တုံးတွေ ချပေးခဲ့စဉ်က သစ်လုပ်ငန်း
လုပ်သူတွေမလည်မ၀ယ်သေးတော့ ဘယ်လိုအသုံးချရမလဲ မသိခဲ့
ကြလို့ အချို့ဆို ၅၀၀၀ိ/၁၀၀၀၀ိနဲ့ တံဆိပ်တုံးတွေကို ရောင်းစားခဲ့ကြ
ရပါတယ်။ ပထမဦးဆုံး ပိတောက်ကိုအိန္ဒိယဘက်က စ၀ယ်ပါတယ်
တံဆိပ်တုံးမှာ ပစ္စည်း အမျိုးအမည်တပ်မထားတော့ ဈေးကွက်ကို စသိသူ
တွေက ပိတောက်တွေကို အိန္ဒိယဘက်ကို စပို့ခဲ့ပါတယ် နောက်ပိုင်း
ပိတောက်ဈေးကွက်ပေါ်လာမှ တံဆိပ်တုံးရဲ့ တန်ဖိုးကို နားလည်ပြီး
ဈေးတက်လာခဲ့ကြပါတယ်။
ပထမစပြီး အရောင်းအ၀ယ်ဖြစ်ခဲ့တာက သစ်လုံးတွေဖြစ်ပြီး
နောက်မှ စကွဲယားတွေဖြစ်လာခဲ့ကြပါတယ်။ ပိတောက်သစ်ကို ၁၂"
ပတ်လည်ဝယ်ခဲ့ကြပြီး သင်းဝင်ကိုတော့ ၁၄"ပတ်လည်ဝယ်ယူ
ခဲ့ကြပါတယ်။ ပိတောက်နဲ့သင်းဝင် ဈေးကွက်ပျက်သွားတဲ့ အချိန်မှာ
ကျွန်းသစ်က ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့ပါတယ်။ တရားမ၀င်
လမ်းကြောင်းနဲ့ ၀င်လာတာဆိုတော့ စည်းကမ်းမဲ့ ခုတ်လှဲခဲ့ကြလို့
ရွှေဘို-မြစ်ကြီးနားကားလမ်းနဲ့ မင်းဝံတောင်ရိုးကြားမှာ ကျွန်းသစ်
တွေ ကုန်သလောက်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီ
တွေ ခေတ်ထလိုက်လို့ စာရေးသူတို့ဘက်မှ ခုဆို တည်သီးဆိုတာ
မမြင်ဘူးတာ့ပါဘူး။
ကျွန်းသစ်ကတော့ မိန်းလမ်းမကြီးနဲ့ နဲနဲဝေးလို့ ကျန်သေး
ပေမဲ့ မြို့နဲ့နီးတဲ့ ကျွန်းတော စိုက်ခင်းမှာတော့ ကျွန်းသစ်တွေ
ကုန်သွားပါပြီ။ ဒီအချိန်မှာတော့ ဈေးကောင်းနေတဲ့ တမလန်း
သစ်တွေက ပေါနေသေးတော့ တောရောမြို့မှာ လုပ်ကိုင်
ဆောင်ရွက်နေသူတွေ ငွေရွှင်နေသေးတဲ့ အချိန်ကာလတစ်ခု
ဖြစ်နေတုန်းပါပဲ။ ရောင်းပန်းလှနေတဲ့ ဈေးကွက်ကို အခြေခံပြီး
လူတွေရဲ့ လောဘအလိုက် အကျင့်ပျက်မှုတွေလည်း များခဲ့
ပါတယ်။အနည်းဆုံး ဘောင်းဘီရှည်ဝတ်၊ဖုန်းခါးချိတ်ြ