စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင်
ကြံသကာလုပ်ငန်းကို အများအားဖြင့် လုပ်ကိုင်
နေကြသည်မှာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့
ကျေးရွာနှင့် ဇော်ချောင်း၊ ကံကြီး၊ ပေါက်ဆိန်ကုန်း
ကျေးရွာများတွင် လုပ်ကိုင်နေကြပြီး ထိုဒေသရှိ
တောင်သူလယ်သမားများသည် လယ်ယာလုပ်
ငန်းများအား ရိပ်သိမ်းချွေလှေ့ ပြီးသည်နှင့် ကြံ
ခင်းများရှိရာသို့ ယာယီနေထိုင်သည့်တဲများ
အသီးသီးဆောက်လုပ်ကာ ညအိပ်ညနေ နေထိုင်
၍ ကြံသကာချက်လုပ်ငန်းကို လုပ်ကိုင်နေကြသည်
ကို တွေ့ရသည်။
ယင်းဒေသရှိ ဒေသခံတောင်သူလယ်သမား
များသည် ကြံသကာလုပ်ငန်းကို လယ်ယာလုပ်ငန်း
ခွင် လုပ်ကိုင်ရင်း အပိုင်ဝင်ငွေ ရရှိစေရေးအတွက်
လုပ်ကိုင်ကြရာမှ တစ်နှစ်ထက်တစ်နှစ် ဈေးကွက်
ကျယ်ပြန့်လားသဖြင့် ကြံစိုက်ပျိုးသူများလည်း
များပြားလာခဲ့သည်။ ထိုသို့ လုပ်ကိုင်သည့်အတွက်
အချိန်ကုန်လူပမ်း၍ လုပ်ငန်းများလည်း တွင်ကျယ်
မှုမရှိကြောင်း သိရှိရပြီး ယခုအခါ စက်မှုလုပ်ငန်းများ
တိုးတက်လာသဖြင့် အင်ဂျင်စက်များဝယ်ကာ
လုပ်ကိုင်ကြသဖြင့် ယခင်ကထက် လုပ်ငန်းတွင်
ကျယ်ပြီး ကြံသကာထုတ်လုပ်မှုမှာလည်း ဈေးကွက်
ဝင်၍ ကြံသကာချက်လုပ်ငန်း လုပ်ကိုင်သူများ
ယခင်ကထက် ပိုမိုများပြားလာ ခဲ့သည်။
ကြံသကာချက်ရာတွင် ကြံရည်ကိုရရှိအောင်
စက်ဖြင့်ကြိတ်၍ ရရှိသောကြံရည်ကို ကျိုချက်ရ
သည်။ထိုသို့ကျိုချက်သောအခါ ကြသကာရည်
ကြွက်မြီးတန်းလာသောအခါ မိုးဗြဲဒယ်များသို့
လောင်းကာ ယောင်းမအရှည်ဖြင့်မွှေ၍ အအေး
ခံထားရသည်။ ထို့နောက် ကြံသကာအချက်များ
ပြုလုပ်ရန် အချိန်ကျလာပြီဆိုလျှင် နှီးကြောဖျာ
ခင်းထားသော ပုံစံခွက်ထဲသို့လောင်းချပြီး
အပေါ်ယံမျက်နှာပြင် ချော့မွှေ့နေစေရန်ယောင်း
မဖြင့် အချောသတ်ပေးကာ ကြံသကာရည်များ
တင်းမာလာသောအခါ သစ်သားပုံစံခွက်အတွင်း
မှတ်ထားသော အမှတ်အသားအတိုင်း (၂၅)ကျပ်
သား၊ (၅၀)ကျပ်သား ရရှိအောင် ပေတံဖြင့် တိုင်း
လျှက် အချပ်လေးများဖြစ်အောင် စတီးဓားငယ်
လေးများဖြင့် အရာပေးရသည်။ ထို့နောက် နာရီ
ဝက်ခန့် အအေးခံ၍ ပုံစံခွက်များဖြုတ်ကာ ဓါးရာ
ပေးထားသည့် အတိုင်း ချိုးဖဲ့သောအခါ ကြံသကာ
အချပ်လိုက်လေး ရလာတော့သည်။
ထိုဒေသတွင် ကြံရာသီစိုက်ပျိုးချိန်တွင် ကုန်
သည်ကြီးများ၊ ပွဲစားများမှ ကြံလုပ်ငန်း စိုက်ပျိုးရန်
လိုအိပ်သည့်ငွေကို ထုတ်ပေး၍ ကြံရာသီချိန်ကို
ရောက်ပြီဆိုလျှင် ကုန်သည်ပွဲစားများမှ ကြံချက်
လုပ်ရာ ဒေသဆီသို့ သွားရောက်ကာ ကြံသကာ
များကို ကြံသကာချက်လုပ်သူများ ရောင်းချသည့်
ပေါက်းဈေးဖြင့် ၀ယ်ယူစုဆောင်းကာ မန္တလေး
ကြံသကာပွဲရုံကြီးများသို့ သိုလှောင်ရောင်းချ
လျှက်ရှိပြီး အချို့ကြံသကာလုပ်ကိုင်သူများသည်
လည်း ကောလင်းဈေးကွက်သို့ ရောင်းချရ
ကြောင်း၊ ကြံသကာချက်ရာတွင် ကြံသကာလုပ်ငန်း
ကို နတ်တော်၊ ပြာသိုလမှ စတင်၍ တပေါင်း၊ တန်ခူး
အထိ လုပ်ကိုင်ကြကြောင်း၊ ကြံသကာပေါ်ဦးပေါ်စ
တွင် ကောလင်း ဈေးကွက်သို့ ရောင်းချမည်ဆိုပါ
က ကြံသကာချပ် အချပ်(၄၀၀)ဆံ့ ဂျပ်ဖာတစ်ဖာ
လျှင် (၁၂၀၀၀)မှ (၁၃၀၀၀) ရရှိပြီး တပေါင်းလနှင့်
တန်ခူးလတွင် ကြံသကာဈေးနှုန်း (၁၇၀၀၀)မှ
(၁၈၀၀၀)ထိ ရောင်းချရသည်ဟု သိရသည်။
အဆိုပါကြံသကာဈေးကွက်များ ကျယ်ပြန့်
လာရခြင်းမှာ ကြသကာကို အရက်ချက်လုပ်ခြင်း၊
နာနတ်၊ လိမ္မော်၊ သရက် စသည့် သီးနှံများကို
ယိုထိုးထားခြင်း၊ ထမနဲထိုးခြင်းတို့တွင် ကြံသ
ကာမပါလျှင် မဖြစ်၍ ဈေးကွက်အထူးရှာရန်
မလိုသည့်အပြင် အရောင်းသွက်လာသော
ကြံသကာဖြစ်လာသည့်ဟု ကြံသကာချက်လုပ်
သူများက ပြောပြသည်။
ယင်းဒေသရှိ အချို့တောင်သူများနှင့်
ကုန်သည်ကြီးများသည် ကြံသကာအရည်မပျော်
အောင် အလို့ငှာ နှစ်ပေါက်ထားနိုင်ရန်အတွက်
အခန်းအတွင်းတွင် ဖွဲကြမ်းများ ခင်းပြီး လေလုံ
အောင် ပလပ်စတစ်ဖြင့် ထုပ်လျှက် သိုလှောင်
ထားကြသည်ကိုလည်း တွေ့ရသည်။
ထို့ကြောင့် ကြံသကာချက်လုပ်ငန်းသည်
မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်း
၊ဈေးကွက်
ကျယ်ပြန့်ခြင်းများကြောင်း များများလုပ်ကိုင်နိုင်
လျှင် များများလုပ်ကိုင်နိုင်သလောက် အကျိုးကျေး
ဇူး ခံစားရသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် နိုင်ငံတော်
မှ ဇောင်းပေးဆောင်ရွက်လျှက်ရှိသော ကျေးလက်
ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ
အထောက်အကူ ပြုလေသည်။
စိုင်းလူမင်း၊ မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment