စစ်ကိုင်းတိုင်းဒေသကြီးကောလင်း
မြို့အခြေခံပညာအထက်တန်းကျောင်း(သဇင်ခန်းမ)၌ကျင်းပပြုလုပ်သည့် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခန်းအနားကို ၂၀၁၄ခုနှစ်မေ ၂၈ရက်ကကျင်းပပြုလုပ်ရာ အခန်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဦးတင်ဝင်း၊ ဝန်းသိုမြို့အမှတ်(၁)မဲဆန္ဒနယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထိန်မင်း၊ ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးကျော်ကျော်အုန်းနှင့်ကသာခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှခရိုင်ဥက္ကဌဦးမျိုးသန့်၊ ကောလင်းမြို့နယ်အထွေထွေအုပ်ချုပ်ျရးမှူးဦးအေးလွင်နှင့်ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့နယ်အတွင်းရေးမှူးဦးခင်မောင်ဝင်းနှင့်မြို့နယ်အမှုဆောင်များဖြစ်သည့်ဦးခင်မောင်ဦး၊ ဦးကျော်သန်း၊ ကောလင်းမြို့နယ်ပညာရေးမှူးဒေါ်လှရွှေနှင့်ဆရာ/မ များ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များ၊ NGOများ၊ ကျောင်းသား/သူ များတက်ရောက်ကြသည်။
အခန်းအနားတွင်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးကမြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ဗလာစာအုပ် ၁၀၈၂၅ ဒါဇင်ကိုဝန်ကြီးကပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးမှလက္ခံရယူခဲ့သည်။ နိုင်ငံတော်အစိုးရကထောက်ပံ့သည့် မူလတန်းကျောင်းသုံးဗလာစာအုပ်နှင့်အလယ်တန်းဆင့်အတွက်ဗလာစာအုပ် ၇၂၇၅ ဒါဇင်နှင့် ထောက်ပံ့ငွေ ၁၄၈၀၀၀၀ိ/ကျပ်ကိုမြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးမှူးဦးအေးလွင်ကပေးအပ်လှူဒါန်းရာ ကောလင်းမြို့မြောက်အင်းကျောင်းအုပ်ဆရာကြီးဦးညိုမြင့်မှလက္ခံရယူခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလှူဒါန်းသည့်ဗလာစာအုပ် ၁၀ ဒါဇင်ကိုကောလင်းမြို့နယ်ပါတီအတွင်းရေးမှူးဦးခင်မောင်ဝင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ အခန်းအနားတွင်ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန် သီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
>>>>>>>>>>>>>>>>>>>>>
အခန်းအနားတွင်ဘဏ္ဍာရေးနှင့်အခွန်
သွေးသစ်
No comments:
Post a Comment