ကိုးကန့်ကိုယ်ပိုင်အုပ်ချု
ပ်ခွင့်ရဒေသလောက်ကိုင်ခရိုင်၊လောက်ကိုင်မြို့နယ်ရှိ ပညာရှင် (ပညာရှင် )ဌာနတစ်ခုမှ ခရိုင်အဆင့်အကြီးအကဲတစ်ဦး အကြောင်းရင်ဖွင့်ချင်တာက..
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအထက်ပါခရိုင်အဆင့်အကြီးအကဲ၏လက်အောက်တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းအားလုံး၏ကိုယ်စားရင်ဖွင့်လိုက်ရပါတယ်ခင်ဗျာ...မိမိတို့ဌာနဝန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းရေးရာ အဆင်မပြေမှုများ(အဆင်မပြေသည့်အကြောင်းအရင်းများ)ကိုပင်မသိချင်ယောင်ဆောင်နေသူ..စီမံခန့်ခွဲမှုညံဖျင်းသူကအစည်းအဝေးမှာပြောလိုက်ရင်''ယနေ့ခေတ်ဟာဖြင့်အကြောက်တရားနဲ့အုပ်ချုပ်ကြရတဲ့ခေတ်မဟုတ်တော့ဘူး..ညှိနှိုင်းဆောင်ရွက်ကြ ရမယ့်ခေတ်..ပွင့်လင်းမြင်သာမှုရှိလာပြီ ဘာလေးညာလေးနဲ့''ပြီးရင်တော့ သူပဲသိ သူပဲတတ်..သူသာလျှင်အတော်ဆုံးသူ..ပြည်နယ်အဆင့်အကြီးအကဲတွေကိုတောင်သူ့လောက်အသုံးမကျဘူး.ဆိုပြီးအစည်းအဝေးမှာ သရော်တော်တော်လေးလုပ်သေးတာဗျ..အဲ့တော့ကျုပ်တို့လိုကောင်တွေကတော့ နလပိန်းတုန်းကိုဖြစ်ရော.မြို့နယ်/မြို့နယ်ခွဲအဆင့်မှာ အကြီးအကဲဖြစ်တော့ရော သူ့လက်အောက်ကနေနယ်စပ်မှာအနေကြာပြီးဖြစ်ရတာဆိုတော့လည်း...သူ့အတွက်က..ငယ်နိုင်ဖြစ်နေတော့..ပြန်မပြောနဲ့ခိုင်းတာလုပ်ပဲ..မရှင်းလို့ပြန်မေးချင်
ရင်တောင်မျက်နှာပေးက တလေ.ကလုံး သူ့လုပ်စာထိုင်စားနေရပုံ..ပြန်ပြောခဲ့ရင်တောင်သရော်ပြုံးလေးနဲ့..စခိုင်းထဲကဒါဖြစ်ချင်တာပါ လို့ရှင်းရှင်းမပြောဘူး..ပညာပဲစမ်းတာလိုလို.ဦးနှောက်ဖောက်စားတာလိုလို..ခေတ်စကားနဲ့ ပြောရရင်..ကောက်စားပေါ့ဗျာ..မှားပြီလဲဆို ရော..ခင်ဗျားတို့ဘာလုပ်မလဲ စောင့်ကြည့်နေတာဆိုပဲ..ခက်ပါတယ်ဗျာ..အစည်းအဝေး(၁၀)ခါလုပ်ရင်(၁၀)ခါ.အလိုမကျဆူပူအော်ငေါက်နေတာဗျာ..အာဏာပိုင်အဖွဲ့အစည်းမို့ စည်းကမ်းရှိရှိအကြောက်တရားနဲ့အုပ်ချုပ်ရင်ထားပါတော့..ပညာရှင်အဖွဲ့အစည်း မှာတော့လာမလုပ်နဲ့..ဘဲကြီးရေ..လုပ်သက်အတွေ့အကြုံ ငွေကြေးချမ်းသာမှုနဲ့ .အထက်ကလူကြီးတွေကို..ခင်ဗျား ပိုင်ကောင်းပိုင်လိမ့်မယ်...ငါပဲသိ..ငါပဲတတ်..ငါလုပ်တာပဲမှန်တယ်မထင်နဲ့..ခင်ဗျားတို့ လူကြီးတွေ..မသိတာတွေ..မထင်မှတ်ထား တာတွေ..ကျုပ်တို့လို.လူငယ်တွေ (ဝန်ထမ်းအငယ်တွေ)သိထားတာတွေ အများကြီးရှိတယ်..အစည်းအဝေးမှာ ငြိမ်နေတာက ကြောက်လို့..အလို့..မဟုတ်ဘူး..ထပြောရင်..အရှက်ကွဲမှာစိုးလို့..ရှက်ရှက်နဲ့ ကျုပ်တို့အပေါ်အညှိုးထားမှာစိုးလို့..ယနေ့ခေတ်မှာ..လေးစားအားကျအတုယူဖွယ် ကောင်းသောလူကြီးတွေအတွက်..ကျန်ရှိနေသေးတဲ့.စကားစုတစ်ခုဖြစ်တဲ့..လမ်းညွှန်မှုကိုခံယူပါမည်..ဆိုပေမဲ့.တလွဲကြီးလမ်းညွှန်လာရင်တော့..အတယ်မထင်နဲ့..ဘဲကြီးရေ..ခင်ဗျားအလှည့်ကျလာတော့မယ်.အချိန်တန် ရင်ခင်ဗျားအမှားတွေ ဝန်ခံရတော့မယ်..ခင်ဗျား ဝန်ထမ်းအချင်းချင်းအထင် အမြင်လွဲတဲ့ကိစ္စတွေ.သိသိနဲ့ပြေလည်အောင်ဖြေရှင်းမပေးတာတွေ..တန်းတူအခွင့် အရေးမပေးတာတွေ(ဘာလဲခင်ဗျားသိတယ်)
ရှေ့စကား.နောက်စကား မညီတာတွေ..ပြောချင်တဲ့သူကို တိုက်ရိုက်မပြောရဲဘဲ..ဝန်ထမ်းအငယ်တွေကို.ခေါ်ပြီးနှိပ်ကွပ်တာတွေ..ဆက်လက်ဖေါ်ပြပါဦးမည်...
''အထက်ဖားအောက်ဖိ ပြုံးစိစိ
သူလိုချင်တာရှိရင်များ မျက်နှာပေးက တဟားဟား...ယူပြီးသွားဘိ..သူမသိတော့..
ဌာနဆိုင်ရာ အများခေါ်သဗျား..ဘဝင်ရူးတဲ့ဗျား''
မင်းထက်သာ(ဝန်ထမ်းငယ်တစ်ဦး)
>>>>>>>>>>>>>>>>>>>>>
ကိုးကန့်ကိုယ်ပိုင်အုပ်ချု
ရင်တောင်မျက်နှာပေးက တလေ.ကလုံး သူ့လုပ်စာထိုင်စားနေရပုံ..ြ
ရှေ့စကား.နောက်စကား မညီတာတွေ..ပြောချင်တဲ့သူကို တိုက်ရိုက်မပြောရဲဘဲ..ဝန်
''အထက်ဖားအောက်ဖိ ပြုံးစိစိ
သူလိုချင်တာရှိရင်များ မျက်နှာပေးက တဟားဟား...ယူပြီးသွားဘိ..သူမသိ
ဌာနဆိုင်ရာ အများခေါ်သဗျား..ဘဝင်ရူးတဲ့ဗျာ
မင်းထက်သာ(ဝန်ထမ်းငယ်တစ်
No comments:
Post a Comment