နိုင် ငံတော်အစိုးရမှ ကျေးလက်ဒေသ
ဒေသခံပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>
ဖွံ့ဖြိုးရေး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကိုအ လေးထားဆောင် ရွက်နေချိန်တွင် ဒေသတွင်း
ရှိပြည်သူအများစုမှာအခွင့် အလမ်းများဆုံးရှုံး
နေကြရပါသည် ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေး ရေ
လုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန တိုင်း နှင့်ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏
ရေချိုငါးလုပ်ငန်းဥပဒေ(၂/၂၀၁၂)ပြဌာန်းချက်
နှင့်အညီအင်းလေလံစည်းကမ်းချက်များသတ်
မှတ်၍ ရောင်းချမည့် အင်း/တင် ဒါစာရင်းများ ကိုကြော်ငြာထုပ်ပြန်ပြီးလေလံတင်ရောင်းချ
သည်ဆိုရာတွင် ၂၀၁၂.၂၀၁၃ အင်းရာသီမှ
စတင်၍ယခု ၂၀၁၄.၂၀၁၅ အင်းရာသီအထိ
အင်းများကိုအပြည့်အဝ ရောင်းချပေးခြင်းမရှိဘဲ
ဆိုင်းငံ့ထားပြီး ၎င်းအင်းများကိုနီးစပ် ရာလူပုဂ္ဂိုလ် များအားလက်သိပ်ထိုးပြီးချထားပေးနေပါသညိ
အများစုမှာလုပ်ငန်းရှင် တစ်ဦးစီကိုဆယ်စုနှစ့်နဲ့
ချီပြီးသက်တမ်းများတိုးပေးကာ ဆက်တိုက်
လုပ်ကိုင် ခွင့်ကို ဥပ ဒေ ရှောင် လွှဲချက်အမျိုး
မျိုးနှင့် ခွင့်ပြုချထားပေးနေပါသည်
တစ်ဖန်အချို့အင်းများဆိုလျှင် တစ်ဦးတည်း
ကနှစ်ပေါင်း ၁၂ နှစ် ၁၈နှစ်ကျော်အထိလုပ်ကိုင်
ပြီး၍လေလံခုံပေါ်ကိုပြန်လည်တင်ပြီးရောင်းပေး
မည်ဟုသာကြားရသည် နောက်ဆုံးတော့ယခင်
လူဟောင်းများကိုပဲ နားလည်မှုနဲ့လက်သိပ်ထိုး
ပြီး ဂရန်ပိုင် နာမည်ကို အမျိုးမျိုးပြောင်းလဲလျှက်
ီခွင့်ပြုချထားပေးလိုက်ပြန်ပါသည်
ထိုကဲ့သို့ နှစ်ပေါင်းများစွာဆက်တိုက်ပင်
ယခင်အောက် ဈေးအတိုင့း်အလှူငွေပေးပြီးဆက်လက်လုပ်ကိုင်
ခွင့်ရ နေကြ သူ ( မြို့နယ် ကျေးလက်
ခရိုနီ) ရွှေမိသားစုများက တော့
ဆွေခုနှစ်ဆက် မျိုး ခို
နှစ်ဆက်သုံးမကုန်စားမကုန်ဖြစ်နေကြေ သော်
လည်း
အမှန်တစ်ကယ်ဆင်းရဲနွယ်းပါး၍မိသာုးစု
စားဝတ်နေ ရေးအတွက် ရေထဲမိုးထဲမှာ ကိုယ်
တိုင် ပင် ပန်းကြီးစွာနဲ့ထမင်းနပ်မှန်အောင် ကြိုး
စားလုပ်ကိုင်နေကြရတဲ့ ရေလုပ်သားများမှာဖြင့်
ခရိုင် ငါးဦစီးဌာနမှ တစ်နှစ်တစ်ခါလေလံတင်
ရောင်းချသော တင် ဒါ ပိုက်ချက်လေးများကို
ရ အောင် ဝယ်ယူလုပ်ကိုင် လို့မှမကြာသေးဘူး
နောင်နှစ်လေလံချိန်လည်းကျရော ပိုက်ဆံရှိတဲ့
အခြားသူများကဝင်ရောက်ဆွဲဝယ်သွားပြီး ၎င်း
တို့နီးစပ် ရာကိုပြန်ချပေးရာ့ လက် ရှိ လက်
ငုတ်လုပ်ကိုင်နေသူများမှာမိမိတို့ပိုက်တဲများကို
ဖျက်ပြီးရွှေ့ပြောင်းရပြန်ရော တစ်ဖန်နီးစပ် ရာ
လေလံခေါင်း( လေလံရရှိသူ)ထံမှရရှိသည့်နေ
ရာတို့တွင် ပိုက်တဲများပြန်လည်ဆောက်လုပ်ပြီး
တစ်နှစ်တာလုပ်ငန်းရာသီအတွက်ပြင် ဆင်ကြ
ရပြန်ပါသည် လုပ်ငန်းလုပ်ဘို့ပိုက်တဲတစ့်လုံး ဆောက်လုပ်သည်ဆိုလျှင် ပင်ယခုကာလ၏
သစ် ဝါး ဓနိ ဈေးများနှင့်အနဲဆုံး ၅ သိန်း ၈ သိန်း
ခန့်ကုန်ကျသည်ဖြစ့်ရာ ကြွေးတင် ကျွန်ဖြစ်ဆို
သလို နလံထူစရာ ကမ်းမမြင် လမ်းမမြင် ပါ
ဒီတော့သားသမီးများရဲ့ပညာရေး ကျန်မာရေး
ဘယ်လိုမြှင့်တင်င်မလဲ နိုင် ငံတော်သမ္မတကြီး
က တော့ သန့်ရှင်းတဲ့အစိုးရဖြစ်ချင် သလို ကျေးလက်ဒေသ တွေကိုဖွံ့ဖြိုးတိုးတက်စေချင်
တယ် ဆင်းရဲနွမ်းပါးမှုတွေလျှော့နည်းစေချင့်
တယ် ဖြစ်နေတာနဲ့ တော့တခြားစီပါ
ယခုတင်ပြချက်များနှင့်ပတ်သက်၍ အထင်
ရှားဆုံးကြေးတိုင် အင်း သုံးခုမျှကိုဖေါ်ပြရလျှင်
၁. ခူရံအင်း ၁၁၅၅၀၀၀၀.သိန်း
၂. မရန်းလေးအင်း ၅၂၅၀၀၀၀.သိန်း
၃. ဥပေချောင်းအင်း ၂၉၄၀၀၀၀.သိန်း
်ဖေါ်ပြပါအင်းများသည်ယခင်ကြေးတိုင် သက်
တမ်း ကုန်ဆုံးနေပြီဖြစ်၍ ယခု ၂၀၁၄.၂၀၁၅ု
ခုနှစ် အင်းလေလံရာသီတွင် အများ ပြည်သူ
ဆွဲဝယ်လုပ်ကိုင်နှိုင်ရေးအတွက် တရားဝင်
ကြော်ငြာရမည်ဖြစ်သော်လည်းယခင် လူဟောင်း များကိုသာပြန်ချပေးလိုက်ပါသည် ထို့အတူပင်
အခြားသော တန်ဘိုးမြင့်ကြေးတိုင် အင်းကြီးများ
လည်းရှိနေပါသေးသည်
အဆိုပါအင်းများကိုလေလံခုံပေါ်တင်ပြီး
ရောင်းမည်ဆိုပါက အထက်ဖေါ်ပြပါဈေးထက်
နှစ့်ဆ ထက်မနည်း ဆွဲဝယ်မည့်သူများရှိ၍
နိုင် ငံတော်ဘဏ္ဍာငွေပိုမို၍ရရှိမည်ဖြစ်ပါသည်
သို့ဖြစ်ပါ၍ဒေသ၏အခြေအ နေမှန် ဖြစ်
ရပ်မှန်များအား သမ္မတ ကြီးသိရှိနှိုင် ပါ ရန် လေး
စားစွာတင်ပြအပ်ပါသည်
No comments:
Post a Comment