KNU အပစ်ရပ်အဖွဲ့မှမတရားအနိင်ကျင့်နေသောလုပ်ရပ်များကိုအစိုးရတာဝန်ရှိသူများသိစေရန် ပဲခူတိုင်ဒေသကြီးရွှေကျင်မြို့နယ်ဒုံဇရာစ်ကျေးရွာပတ်ဝန်းကျင်တွင်ရာဘာစိုက်ပျိုးလုပ်ကိုင်နေသောခြံစိုက်ပျိုးသူများအားလုံးကို KNU နယ်မြေအတွင်းလဲမှို့သီဟိုဋ် ဆီအုန်း ရာဘာ စသည့်အပင်များလုံးဝစိုက်ပျိုးခွင်မပြု အကယ်၍စိုက်ပျိုးလုပ်ကိုင်နေတာတွေ့ရှိပါက KNU ၏စည်းမျဉ်းဥပဒေအရအရေးယူခြင်းခံရမည်ဟုအကြောင်းကြားစာပေးပို့ထားပါသည် ကျွန်တော်တို့သိချင်နေကြသည်မှာ အစိုးရအနေဖြင့် ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့နယ်ကို KNU ကိုအုပ်ချုပ်ခွင့်ပေးလိုက်ပြီလားဆိုတာသိချင်ပါသည် ခြံစိုက်လုပ်ကိုင်သူများအနေဖြင့်အစိုးရမြေစာရင်းဌာနတွင်တရားဝင်လုပ်ပိုင်ခွင့်ရရှိသူများဖြစ်ပါသည်
>>>>>>>>>>>>>>>>>>>>>
မြေစာရင်းဌာနမှလည်းKNU အပစ်ရပ်အဖွဲ့နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပဲခေါင်းရှောင်နေကြသည် သို့ဖြစ်ပါ၍ရာဘာစိုက်ပျိုးလုပ်ကိုင်သူများမှာမည်သူ့ကိုအကူညီတောင်းရမည်မသိ အမှန်တစ်ကယ်ကိုနင့်နာနေရပါသည် ဤကိစ္စကိုသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှတာဝန်ယူဖြေရှင်းပေးပါရန်ရိုသေလေးစားစွာဖြင့်တင်ပြအပ်ပါသည်
အမှန်တယ်နင့်နာသူ ပြည်သူတစ်ဦး
No comments:
Post a Comment