For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday, 6 May 2014

ကောလင်းမြို့တွင် ရှင်ပြုနားသ အလှူ မင်္ဂလာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
   ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍
ရှင်ပြုနားသ အလှူမင်္ဂလာပွဲများပြုလုပ်လျှက်
ရှိရာ ရှင်ပြုနားသ အလှူမင်္ဂလာတို့တွင် ယခင်
က ပျောက်ကွယ်လုမတတ် မေးမှိန်ခဲ့သော ရှေး
ခေတ် မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း
စဉ်လာ ၀တ်စားဆင်ယင်မှုတို့ကို စစ်ကိုင်းတိုင်း
ဒေသကြီး ၊ ကောလင်းမြို့တွင် ပြန်လည် ဖော်
ထုတ်လျှက်ရှိကြောင်း သိရသည်။
      အောက်ပိုင်းဒေသတွေမှာ ကားရှားတဲ့ခေတ်က
 အလှူလှည့်ရာမှ  ကားနဲ့လှည့်နိုင်ပါက အလှူကြီး
လို့ သတ်မှတ်ကြပါတယ် ကျွန်တော်တို့ဆီမှာ
တော့ ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက
 မောင်ရှင်လောင်းတွေကို ဘုရင်ပုံစံဝတ်စားဆင်
ယင်ပြီး ဝေါယာဉ်နှင့်လှည့်လည်တာကို အဓိက
တန်ဖိုးထားပြီး လုပ်ခဲ့ကြပါတယ် ဆင်နဲ့မြင်းနဲ့
လှည့်တာတွေလည်း တစ်ချို့မြို့တွေမှာ ရှိပါတယ်
ကျွန်တော်တို့ဆီမှာတော့  ဆင်နဲ့မြင်းနဲ့ လှည့်
တာတွေ မရှိသလောက် ရှားပါတယ် ယခင်ခေတ်
က ကားများနဲ့ အလှူ လှည့်ခြင်းထက် ဆင်၊ မြင်း
၊ နွားလှည်း၊ ဝေါယာဉ်တို့နဲ့ အလှူလှည့်ခြင်းက
 ပို၍  အကုန်အကျများတာကြောင့် ယင်းသို့
လှည့်နိုင်မှသာ အလှူကြီးစာရင်း ၀င်တယ်လို့
ဆိုပါတယ်" ဟု မြို့ပေါ်လုပ်ငန်းရှင်တစ်ဦးမှ
ပြောသည်။
       ယခုအခါ ကောလင်းမြို့ပေါ်တွင် ရှေး
မူရှေးဟန် ရှင်လောင်းဝတ်စုံတစ်စုံလျှင်
ငှားရမ်းခမှာ လက်ရာ ပေါ်မူတည်၍  မောင်
ရှင်လောင်းဝတ်စုံတစ်စုံလျှင် ရိုးရိုးစလွယ်ဖြင့်
(၃၅၀၀)ကျပ်၊ ပတ္တပြားစလွယ်နှင့် (၅၀၀)ကျပ်
၊ ရွှေစလွယ်ဖြင့် (၁၅၀၀၀)ကျပ်၊ နားသ၀တ်စုံ
တစ်စုံလျှင် ရိုးရိုး(၃၅၀၀)ကျပ်၊ အသစ်ချုပ်(
မည်သူမျှမ၀တ်ရသေး) ၀တ်စုံတစ်စုံလျှင်
(၇၀၀၀)၊ (၈၀၀၀)၊(၁၅၀၀၀)ကျပ် အထိရှိပြီး
ရာဇ၀င်း၊ ပုဂံဝင်း ၀တ်စုံ အပြည့်အစုံငှားရမ်း
ပါက (၁၂၀၀၀)မှ (၁၅၀၀၀)ကျပ် ထိရှိကြောင်း၊
 မဟာဆန်သူ သင်္ဃန်းပရိက္ခရာ နှင့် ရှင်ပြုနား
သမင်္ဂလာ အလှပြင် ဆိုင်မှ ဆိုင်ပိုင်ရှင်
ဒေါ်ဌေးဌေးထံမှ သိရသည်။
     ကောလင်းမြို့တွင် ကားဖြင့် လှည့်လည်မည်
ဆိုပါက ခင်မင်ပတ်သတ်ရာ အကူအညီခေါ် ၍
ဆီထည့်ပေးခြင်း၊ ပုဆိုးအင်္ကျီလက်ဆောင်ပေး
ခြင်းဖြင့် ဆောင်ရွက်ကြသလို နွားလှည်းလှည့်
မည်ဆိုပါက သာမန်နွားလှည်း တစ်စီးလျှင်
 (၅၀၀၀)မှ (၁၀၀၀၀)ကျပ်ထိရှိပြီး လှည်းယာဉ်ကို
လှပစွာတန်ဆာဆင်ထားပြီး ရွှေဆေးသုတ်ထား
သော ရွှေလှည်းယာဉ်တစ်စီးလျှင်(၁၅၀၀၀)
မှ
(၂၀၀၀၀)ကျပ်ဖြင့် ခေါ်ယူငှားရမ်းရကြောင်း သိ
ရသည်။
       ထိုသို့ အပီအပြင် လုပ်ဆောင်၍  အလှူပွဲ
လှည့်လည်ရာတွင် မောင်ရှင်လောင်းနှင့် နားသ
တို့ သာမက ပွဲလှည့်တွင် ပါဝင်သော ကွမ်းတောင်
ကိုင်၊ပန်းတောင်ကိုင်တို့၏ ၀တ်စားဆင်ယင်မှုတို့
သည်လည်း မြန်မာ့ယာဉ်ကျေးမှုကို အပြည့်အဝ
ဖော်ကျူးထားသည်ကို တွေ့ရှိရသလို ထို့အပြင်
 ပုဂံဝင်း၊ ရတနာဝင်း၊ ရာဇာဝင်း၊ ဒေ၀ါဝင်း တို့ကို
ပါ ထည့်သွင်းနိုင်သော ရှင်ပြုနားသ အလှူတော်
မင်္ဂလာပွဲတို့တွင် မြန်မာတို့၏ ရှေးခေတ်ယဉ်ကျေး
မှု ၀တ်ဆင်ပုံမြင့်မားခြင်းကို ယခုခေတ် လူငယ်လူ
ရွယ်များတို့သိရှိကာ ချစ်မြတ်နိုးစိတ်၊ ထိန်းသိမ်းလို
စိတ်ရှိ၍  ဂုဏ်ယူလိုစိတ်များဖြစ်ကာ မြန်မာတို့၏
ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ရှင်သန်
 ဖြစ်ထွန်းနေမည်ဖြစ်သည်။
                      စိုင်းလူမင်း၊ မီဒီယာဂရု
                        Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment