နှစ်စဉ် မိုးကြိုရာသီရောက်တိုင်း ကောလင်း၊၀န်းသို၊
ပင်လည်ဘူး၊ သစ်တောကြိုးဝိုင်းများမှ သဘာဝ
အလျှေက် ပေါက်သော အင်ဥ (ဒေသအခေါ် မှိုစေ့)
များ ယခုအခါ ကောလင်းဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား
စတင်ဝင်ရောက်လျှက်ရှိပြီး ဒေသခံ အင်ဥ ရှာဖွေ
ရောင်းချသူများနှင့် လက်လီလက်ကား ရောင်းချသူများ
စီးပွားရေးတွက်ချေကိုက်လျှက်ရှိ
ကြသည်ဟု သိရသည်။
အဆိုပါ အင်ဥများသည် သဘာဝတောတောင် သစ်
တောကြိုးဝိုင်းအတွင်းရှိ အင်တိုင်းတောများအောက်
စွတ်စိုသည့်နေရာများတွင် တွေ့ရှိရပြီး အင်ဥများသည်
တစ်နှစ်တွင် တစ်ကြိမ်သာ ပေါက်သည့် အတွက် ထိုအင်ဥ
များကို မြို့ပြနှင့် ကျေးလက်ဒေသများတွင် ကြိုက်နှစ်သက်
သည့် ရာသီစာအဖြစ် ၀ယ်ယူ စားသုံးကြသည်။
ယခုအခါ မေလ တတိယပတ်မှစတင်ပြီး ကောလင်း၊
ဝန်းသို၊ ပင်လည်ဘူး၊ ကိုးထောင်ဘို့ဒေသများတွင်
အများဆုံး ပေါက်ရောက်သည့်အတွက် အင်ဥရှာဖွေသည့်
ဒေသခံများမှ အင်ဥများကို တစ်တင်းခွဲ အိတ်နှင့်ထည့်ကာ
မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရောင်းချလျှက်
ရှိပြီး နို့ဆီတစ်ဗူးလျှင်(၄၀၀)ကျပ်နှင့် တစ်ပြည်လျှင်
(၃၂၀၀)ကျပ်နှင့် ရောင်းချ၍ အင်ဥတွင် ကပ်နေသော
ရွံ့များ ၊သဲများ ပြောင်စင်အောင်ဆေးကြောကာ ဓါးဖြင့်
ပါးပါးလှီး၍ အဆိပ်အတောက်ပြေစေရန် ကန်စွန်းရွက်
၊ဆူးပုတ်တို့နှင့် ကြော်လှော်ကာ စားသုံးသူများရှိသလို
ဝက်သားနှင့် ရောနှောကြော်စားသူများလည်း ရှိသည့်
အပြင် သံပရာသီးနှင့်ညစ်ကာ အမျိုးမျိုးစားသုံးလေ့ရှိ
ကြသည်ဟု သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
ပင်လည်ဘူး၊ သစ်တောကြိုးဝိုင်းများမှ သဘာဝ
အလျှေက် ပေါက်သော အင်ဥ (ဒေသအခေါ် မှိုစေ့)
များ ယခုအခါ ကောလင်းဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား
စတင်ဝင်ရောက်လျှက်ရှိပြီး ဒေသခံ အင်ဥ ရှာဖွေ
ရောင်းချသူများနှင့် လက်လီလက်ကား ရောင်းချသူများ
စီးပွားရေးတွက်ချေကိုက်လျှက်ရှိ
အဆိုပါ အင်ဥများသည် သဘာဝတောတောင် သစ်
တောကြိုးဝိုင်းအတွင်းရှိ အင်တိုင်းတောများအောက်
စွတ်စိုသည့်နေရာများတွင် တွေ့ရှိရပြီး အင်ဥများသည်
တစ်နှစ်တွင် တစ်ကြိမ်သာ ပေါက်သည့် အတွက် ထိုအင်ဥ
များကို မြို့ပြနှင့် ကျေးလက်ဒေသများတွင် ကြိုက်နှစ်သက်
သည့် ရာသီစာအဖြစ် ၀ယ်ယူ စားသုံးကြသည်။
ယခုအခါ မေလ တတိယပတ်မှစတင်ပြီး ကောလင်း၊
ဝန်းသို၊ ပင်လည်ဘူး၊ ကိုးထောင်ဘို့ဒေသများတွင်
အများဆုံး ပေါက်ရောက်သည့်အတွက် အင်ဥရှာဖွေသည့်
ဒေသခံများမှ အင်ဥများကို တစ်တင်းခွဲ အိတ်နှင့်ထည့်ကာ
မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရောင်းချလျှက်
ရှိပြီး နို့ဆီတစ်ဗူးလျှင်(၄၀၀)ကျပ်နှင်
(၃၂၀၀)ကျပ်နှင့် ရောင်းချ၍ အင်ဥတွင် ကပ်နေသော
ရွံ့များ ၊သဲများ ပြောင်စင်အောင်ဆေးကြောကာ ဓါးဖြင့်
ပါးပါးလှီး၍ အဆိပ်အတောက်ပြေစေရန် ကန်စွန်းရွက်
၊ဆူးပုတ်တို့နှင့် ကြော်လှော်ကာ စားသုံးသူများရှိသလို
ဝက်သားနှင့် ရောနှောကြော်စားသူများလည်း ရှိသည့်
အပြင် သံပရာသီးနှင့်ညစ်ကာ အမျိုးမျိုးစားသုံးလေ့ရှိ
ကြသည်ဟု သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
No comments:
Post a Comment