ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အု
ပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်မှချမှတ်ပေးထားသော`` လာဘ်ပေးလာဘ်ယူတို့ရန်သူ´´ဟူသောဆောင်ပုဒ်ကိုမျက်ကွယ်ပြု၍ တရားမဝင်လုပ်ကိုင်စားသောက်နေရသော ၁/၂/၃သမားများနှင့်ပြည့်တန်ဆာအိမ်များKTVဆိုင်များမှ လစဉ်လိုင်းကြေးများအဆမတန်ယူ၍ ဖွင့်လှစ်လုပ်ကိုင်ခိုင်းထားပါသည်။မြောင်းမြမြို့တွင်တရားမဝင်လုပ်ငန်းများစွာရှိပါသည်။ဒါကိုအထက်က လူကြီးများမသိကျိုးကျွန်ပြုထားတာလား။မြောင်းမြိမို့ရှိ မြို့နယ်မှူး စခန်းမှူး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေဝင်း ခရိုင် ဒုစရိုက်နှိမ်းနင်းရေခေါင်းဆောင် ရဲအုပ် အောင်ထွန်းဝင်းစသည့်ပုဂ္ဂိုလ်များသည် ၁/၂/၃သမားများ ပြည်တန်ဆာအိမ်များ KTVဆိုင်များမှ လိုင်းကြေးများ လစဉ်ကောက်ယူနေသည်မှာ နှစ်ချီရှိနေပါပြီး။ထိုလူများဆီမှ လစဉ် ၂/၃သောင်းမှအစ ဒိုင်ချုပ်များတွင်လည်း သိန်းဂဏန်းအထိတောင်းပါသည်။မြောင်းမြို့တွင် ၁/၂/၃လောင်းကစားသမားများ ရာနှင့်ချီရှိပါသည်။ပြည်တန်ဆာအိမ်များမှာဆိုလျှင်လည်း
မြို့ပတ်လမ်းမှာ လူမြင်မကောင်းအောင် ဖွင့်လှစ်လုပ်ကိုင်နေသည်ကိုလည်း
လိုင်းကြေးများယူ၍ ဖွင့်လှစ်ခိုင်းထားပါသည်။ညဘက်ဖြတ်မသွားရဲလောက်အောင်ကို ဆိုးဝါးလှပါသည်။ကျွန်တော်တို့ရပ်ကွက်တွင်လည်း KTVဆိုင်များ နဂိုရ်တုန်းကများစွာရှိပါသည်။ဒါကိုအထက်ပါပုဂ္ဂိုလ်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ဝင်းမှလိုင်းကြေးများယူ၍ဖွင့်ခိုင်းပါသည်။လုံခြုံရေးကြေးဟုပြော၍လစဉ် ၁ဆိုင်၅၀၀၀၀သောင်းတောင်းပါသည်။ဆိုင်ပေါင်း၈/၉ဆိုင်လောက်ရှိပါသည်။ဒီတော့အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့တစ်လဝင်ငွေကိုတွက်ကြည့်ပါဗျာ။ဒါတောင်ရပ်ကွက်တွင်းရှိ၁/၂/၃များရှိမှကောက်ခံသောငွေကြေးမပါသေးပါပါဘူးဗျာ။``လာဘ်ပေးလာဘ်ယူ တို့ရန်သူ´´ဟူသောဆောင်ပုဒ်ကိုမျက်ကွယ်ပြု၍ နိုင်ငံတော်လစာကိုလိမ်စားနေသောဝန်ထမ်းများနှင့်အုပ်ချုပ်ရေးမှူးကိုထိရောက်စွာအရေးယူပေးပါရန် တာဝန်ရှိသူအဆင့်ဆင့်နှင့်နိုင်ငံတော်သမ္မတကြီးအား လေးစားစွာ တင်ပြတိုင်ကြားအပ်သည်။
>>>>>>>>>>>>>>>>>>>>>
ပြည်သူတစ်ဦး
No comments:
Post a Comment