စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို
့နယ်၊အင်းရွာကျေးရွာအုပ်စုအတွင်းရှိရွှေဘုံသာရွာနှငိ့်ကျွန်းတောကုန်းရွာသို့တာရိုးလမ်းမကြီး
ကိုရွှေဘုံသာဆရာတော်ဦးပညာသာရ၊ဖုန်ကုန်းဆရာတော်ဦးသောမနတို့နှင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြသိန်းတို့ခေါင်းဆောင်၍
ကိုယ်ထူကိုယ်ထဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
ဧရာဝတီနှင့်ရွှေလီမြစ်ဆုံရာတွင်ရှိသော
အင်းရွာသည်စိုက်ပျိုးရေးကောင်းမွန်၍သစ်လုပ်ငန်းများဖြင့်ဖွံ့ဖြိုးသောဒေသဖြစ်သလိုမိုးတွင်းအခါ၌ရေဖုံးလွှမ်းမှုကြောင့်သွားလာရေးခက်နေသောနေရာကိုရာသီမရွေး
သွားလာနိုင်ရန်အရှည်၄၇၂၀ပေ၊အကျယ်၂၅ပေ၊အမြင့်၄၀ပေ၊ရှိသောတာရိုးလမ်းမ
ကြီးကိုရပ်ရွာ၏ငွေဖြင့်ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်းသတင်းရရှိသည်။
ကျပ်သိန်းပေါင်း၁၇၀၀ကျော်ကုန်ကျခဲ့
သောတာရိုးလမ်းကြီးဖောက်လုပိရာတွင်
ဖြတ်သန်းရာလမ်းပေါ်ရှိလယ်ယာမြေများကိုတစ်ဧက၈သိန်းနူန်းဖြင့်လျော်ကြေပေးခဲ့
ကြောင်းသိရသည်။တာရိုးလမ်းပေါ်တွင်
ပေ၂၆၀၊ပေ၁၆၀အရှည်ရှိသောတံတား၂စင်းကိုလည်းဆောက်လုပ်ခဲ့ရကြောင်းသိရ
သည်။တာရိုးလမ်းမကြီးကို၁၅.၁၂.၂၀၁၃နေ့ကစတင်ဖောက်လုပ်၍၂၀.၃.၂၀၁၄နေ့
တွင်ပြီးစီးခဲ့ကြောင်းသိရသည်။ဤတာရိုးလမ်းကြောင့်အင်းရွာသို့ကားလမ်းဖြင့်ရာသီမရွေးသွားနိုင်ပြီဖြစ်ကြောင်းသိရသည်။
အင်းရွာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမြ
သိန်းသည်၂၀၀၄ခုနှစ်ကလည်းမြန်မာပြည်၏အရှည်ဆုံးသစ်သားတံတားဖြစ်သည့်
အင်းရွာ၊ပေလမ်းကုန်းတံတားအရှည်
၅၄၈၅ပေကိုကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့ပြီးကြောင်းသိရသည်။
့ အေးလွင်(ကသာ)
>>>>>>>>>>>>>>>>>>>>>
ကိုရွှေဘုံသာဆရာတော်ဦးပညာသာရ၊ဖု
ကိုယ်ထူကိုယ်ထဖောက်လုပ်ပြီးစီး
ဧရာဝတီနှင့်ရွှေလီမြစ်ဆုံရာတွင်
အင်းရွာသည်စိုက်ပျိုးရေးကောင်း
သွားလာနိုင်ရန်အရှည်၄၇၂၀ပေ၊အကျ
ကြီးကိုရပ်ရွာ၏ငွေဖြင့်ကြိုးပမ်
ကျပ်သိန်းပေါင်း၁၇၀၀ကျော်ကုန်ကျ
သောတာရိုးလမ်းကြီးဖောက်လုပိရာတွ
ဖြတ်သန်းရာလမ်းပေါ်ရှိလယ်ယာမြေမျ
ကြောင်းသိရသည်။တာရိုးလမ်းပေါ်တွ
ပေ၂၆၀၊ပေ၁၆၀အရှည်ရှိသောတံတား
သည်။တာရိုးလမ်းမကြီးကို၁၅.၁၂.
တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
အင်းရွာကျေးရွာအုပ်စုအုပ်ချုပ်ေ
သိန်းသည်၂၀၀၄ခုနှစ်ကလည်းမြန်မြာ
အင်းရွာ၊ပေလမ်းကုန်းတံတားအရှည်
၅၄၈၅ပေကိုကိုယ်ထူကိုယ်ထဆောက်လု
့ အေးလွင်(ကသာ)
No comments:
Post a Comment