သို့/
ပညာရေးဝန်ကြီးဌာန
အကြောင်းအရာ ။ ။ ဝန်းသိုမြို့နယ်မှမူလတန်းပြများ၏ရာထူးတိုးကိစ္စနှင့်ပတ်သက်၍မတရားမှု များကိုစစ်ဆေးအရေးယူပေးပါရန်။
>>>>>>>>>>>>>>>>>>>>>
ပညာရေးဝန်ကြီးဌာန
အကြောင်းအရာ ။ ။ ဝန်းသိုမြို့နယ်မှမူလတန်းပြများ၏ရာထူးတိုးကိစ္စနှင့်ပတ်သက်၍မတရားမှု များကိုစစ်ဆေးအရေးယူပေးပါရန်။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဝန်းသိုမြို့နယ်တွင်၂၀၁၄ခုနှစ်မူလတန်းပြများ၏်ရာထူး တိုးအော်ဒါနှင့်ပတ်သက်ပြီး မတရားမှုများဖြစ်ပေါ်နေပါတယ်။ မူလတန်းပြမှအလယ်တန်းပြသို့ရာထူးတိုး လျှောက်ထားတဲ့ဆရာဆရာမတွေရဲ့တန်းစီဇယားကိုလုပ်သက်အလိုက်မစီစဉ်ပါ။ နောက်မှအလုပ်ဝင်ပြီးလုပ်သက်နည်းသူတွေကတန်းစီဇယားထိပ်ဆုံးရောက်နေပြီး လုပ်သက်များသူတွေကနောက်ဆုံးရောက်နေပါတယ်။ ကသာခရိုင်ရုံးကိုသွားမေးတော့လည်း မြို့နယ်ကလုပ်တာလို့ပြောပါတယ်။ အဲ့ဒီလိုလုပ်သက်တွေကို တိုးချင်သလိုတိုးလျော့ချင်သလိုလျော့လို့ ရပါသလား။ အမှုထမ်းစာအုပ်နဲ့တိုက်ဆိုင်ကြည့်ရင်တန်းစီဇယားထိပ်ဆုံး
ရောက်နေတဲ့ဆရာမတွေရဲ့ အလုပ်ဝင်ရက်တွေက
တန်းစီဇယားကအလုပ်ဝင်ရက်နဲ့ ကွဲလွဲနေပါတယ်။ အမှန်တကယ်အလုပ်ဝင်တာက
၂၀၀၈ တန်းစီဇယားမှာရေးထားတာက ၂၀၀၄ လုပ်သက်ကမများသင့်ပဲများနေတယ်။ ဒီလိုသာဆိုလုပ်သက်များ တဲ့သူတွေကဒီတသက်ရာထူးမတိုးေ တာ့ဘူးလား။ တသက်လုံးမူပြနဲ့နေရတော့မှာလား။ ကိုယ့်နောက်ကလူတွေကကျော်ပြီးရာထူးတိုးသွားတာဘာကြောင့်ပါလဲ။ လုပ်သက်ဆယ်နှစ်ရှိသူကြတော့ တန်းစီဇယားမှာငါးနှစ်ပဲရေးထားတယ်။ ရာထူးတိုးလျှောက်လွှာထဲကအတိုင်း အမှန်မရေးထားဘူး။ ဒါတွေကခရိုင်ရုံးကိုကိုယ်တိုင်သွားလို့သိရတာ။ ပညာရေးဌာနကမိဘများ အောက်ခြေကသားသမီးတွေ
ရဲ့အဖြစ်တွေကိုသနားသဖြင့်အမှန်အတိုင်းဖြစ်အောင်ဖြေရှင်းပေးကြပါရန်တိုင်ကြားပါသည်။
ဦးကျော်သူရ
ခွဲ အထက၊ ကင်း
ဝန်းသိုမြို့နယ် ။
ရဲ့အဖြစ်တွေကိုသနားသဖြင့်အမှ
ဦးကျော်သူရ
ခွဲ အထက၊ ကင်း
ဝန်းသိုမြို့နယ် ။
No comments:
Post a Comment