For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday, 6 May 2014

ဥပဒေ၏ နောက်ကွယ်( အပိုင်း-၅) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စာရေးသူတို့နေထိုင်ရာ မြို့ကလေးသည်
 အေးချမ်းစွာ ဖြင့် တည်ရှိနေပါသည်။ ရောင်း
ဝယ်ဖော်ကားလုပ်ကိုင်စားသောက်သူ
များ ရှိ
နေသလို သယ်ပိုးထမ်းရွက်ပြီး အလုပ်သမား
များ လုပ်ကိုင်းစားသောက်သူများလည်း ရှိကြ
ပါသည်။
         ရုံးဝင်ထမ်းများ အလုပ်သမားများ ၊လယ်
သမားများနှင့် ကုန်သည်ပွဲစားတို့သည် မိမိကျွမ်း
ကျင်ရာလုပ်ငန်းများအား လုပ်ကိုင်ပြီး မိမိတို့၏
တနေ့တာကာလကို အေးချမ်းစွာ ဖြတ်သန်းနေ
ထိုင်ကြသူတွေများ ဖြစ်ပါသည်။  တိုးတက်နေ
သောခေတ်စနစ်အလိုက် မြို့တွင်း၊ကျေးရွာများ
မှာလည်း၊  တိုက်တာများပေါများလာပြီး ဇိမ်ခံ
ကားများတ၀ီဝီနှင့်ဖြစ်နေပါသည်။ငွေကြေးကြွယ်
ဝသူများ ပေါများလာသည့်နှင့် အမျှ ကာရာအိုကေ
ဆိုင်များ စားသောက်ဆိုင်များ လူငယ်များအတွက်
  ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်များလည်း စိတ်၏
အပန်းဖြေရာ အဖြစ်ဖျော်ဖြေစရာ အမျိုးမျိုး စိတ်
ချမ်းမြေ့မှု အမျိုးမျိုးကို ပေးစွမ်း နိုင်သော ရုပ်ဝတ္တု
ပစ္စည်းမျိုးစုံတို့ တောင်မြောက်ဝဲယာတလျှောက်
မြင်တွေ့နိုင်ပါသည်။
        ဤ၍ ဤမျှ တိုးတက်ထွန်းကားနေသော
အချိန်တွင် တိုးတက်သော ရုပ်ဝတ္တုပစ္စည်းနှင့် မသက်
ဆိုင်ဘဲ ချွေတလုံးလုံးနှင့် ကာယကို အသုံးပြုနေကြ
ရသော အလုပ်သမားများနှင့် ခေါင်းရွက်ဗြက်ထိုး
ဈေးသည်များ ဘ၀သည် ဆင်းရဲတွင်းနက်နေဆဲပဲ
ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှလည်း ထိုသူများအ
တွက်  ရည်ရွယ်၍ ဆင်းရဲသူပပျောက်လျော့ချရေး
 အစီစဉ်ဖြင့် အကူအညီအမျိုးမျိုးပေးနေသည်ကို
တီဗွီထဲ သတင်းစာ၊ ဂျာနယ်တွေမှာတွေ့ရ၍ စာရေး
သူအနေဖြင့် ၀မ်းသာမိပါသည်။
         သို့သော်လည်း တစ်ရက်တွင် မိတ်ဆွေတစ်
ယောက်တစ်ယောက်နှင့် ဆုံမိရာ အရောင်းအ၀ယ်
မကောင်း၍ ငွေကြေးကြပ်တည်းမှု ကြုံသဖြင့် သူ၏
ဆိုင်ကယ်ကလေးကို မြို့နယ်ရှိနံပတ်၆ ရပ်ကွက်တွင်
ရှိသော လိုင်စဉ်ရ အပေါင်ဆိုင်တစ်ခုတွင် ငွေ၂၅၀၀၀၀ိ/
 နှင့် သွားထားကြောင်း အိမ်တွင်းသို့ ၀င်စဉ်နံရံပေါ်
တွင် ၆ကျပ်တိုးသာဟု ရေးသားထားသော်လည်း အမှန်
တကယ်မှာ၁၀ကျပ်တိုး ပေးရပြီး ပေးငွေ၂၅၀၀၀၀ိ/ကျပ်
 အနက်မှ ၁လစာ၂၅၀၀၀ိ/ကျပ် ကို အရင်နုတ်ယူထား
သဖြင့် စာရေးသူမိတ်ဆွေမှာ၂၂၅၀၀၀ိ/ကျပ်သာ အိမ်ပါ
လာသဖြင့် လိုအပ်သော ငွေကြေးမပြည့်စုံသဖြင့် ဘာမှ
လုပ်မရဘဲ ရှိထားငွေသာ တထိထိကုန်နေကြောင်း ငြီး
တွားပြောသံကိုကြားတော့ရမှ ဒီလိုတွေလည်းရှိနေတုန်း
ပါပဲလား ဆိုတာသိရတော့ ၀မ်းသာနေသောစိတ်တို့သည်
 မဖြည်းဖြည်းနှင့် အောက်သို့ ရေခံမှတ်ရောက်လုနီး
ပါးကျဆင်းသွားရပါတော့တယ်။
                               နိုင်းမရ (ကောလင်း)
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment