For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 8 January 2014

မပြောတော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ရင်ထဲမှချိလို့ပါ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မပြောတော့ဘူးလို့ဆုံးဖြတ်ထားေ
ပမဲ့ရင်ထဲမှချိလို့ပါ။ဆီးဂိမ်းကာလမှာလိုင်းတွေကnetwork signal တက်မလာတဲ့အထိကိုဆိုးခဲ့တာပါ။ဆီးဂိမ်းကျင်းပရေးဌာနတွေအတွက်လိုင်းတွေတော်တော်များများဖဲ့ပေးခဲ့ရတာလေ။ဒါတောင်ပြည်ပmediaတစ်ဦးကအင်တာနက်လိုင်းဆိုးတဲ့အကြောင်းမှတ်ချက်ပေးခဲ့သေးတယ်။သတင်းတွေဖတ်ရပါတယ်။japanကမြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက်ကူညီတဲ့အကြောင်း၊MPTရဲ့အကျိုးတူMEC TELကအကြီးအကဲကလဲZTEနဲ့ပေါင်းပီ3းGကနေ4Gကူးပြောင်းမဲ့အကြောင်း၊ဇန်န၀ါရီ၅ရက်နေ့ကဒုဝန်ကြီးကလဲတာဝါတိုင်တွေတိုးချဲ့မယ့်အကြောင်းတကယ့်ကိုသတင်းကောင်းတွေပါ။ခုလောလောဆယ်တော့0kb/s speed metersနားမှာပဲဝဲနေတယ်လေ။လိုင်းကောင်းတဲ့ညနက်ထိစောင့်သုံးရလို့မျက်လုံးတွေလဲဟောက်ပက်ပက်ဖြစ်နေပီ။ဘာပဲဖြစ်ဖြစ်ဒီသတင်းတွေကအော်ရီဒူးတို့တယ်လီနောတို့ဝင်လာစဉ်ကဖုန်းပြောဆိုခတစ်မိနစ်၂၅ကျပ်၊အင်တာနက်ချိတ်ဆက်ပီးသားsim cardတစ်ကဒ်၁၅၀၀ကျပ်ထက်မပိုသောနှုန်းထားနဲ့3Gကွန်ယက်ဖြန့်ကျက်မယ်ဆိုတဲ့သတင်းလောက်usersတွေရဲ့နားမှာမချိုမြိန်ဘူး။ပီတိမဖြစ်ဘူး။ဟုတ်တယ်လေ,တစ်မိနစ်၂၅ကျပ်ဆိုတဲ့ပြည်ပကန်ပဏီရဲ့စကားကမြန်မာပြည်သူပြည်သားတွေကိုထားတဲ့စေတနာကကျက်သရေရှိလိုက်တာ။သူတို့လိုခုမှစမယ်လူကတောင်ဒီနှုန်းထားနဲ့လုပ်ပေးနိုင်ပါတယ်ဆိုရင်MPTကကောဒီနှုန်းထားနဲ့လုပ်မပေးနိုက်ဘူးလား။ခေါ်လိုက်ရင်ဆက်သွယ်မှုပြင်ပ၊call ended၊call has been lost၊ပြောလို့မှ၅မိန်စ်မပြည့်သေးဘူးဖုန်းကျ၊ညဘက်ဆိုရင်serviceကောင်မလေးသံတောင်အအေးမိသလိုအစ်တစ်တစ်နဲ့၊အဲဒီအတွက်တစ်မိနစ်၅၀ကျပ်ပါ။ဘာပဲဖြစ်ဖြစ်usersများလာလို့လိုင်းကျပ်တယ်။basic building,gateway,bandwidth,,cabelsတွေတာဝါတိုင်တွေ အတွက်အချိန်လိုတယ်ဆိုတာသိပါတယ်။ဒါပေမဲ့အချိန်စောင့်စရာမလိုတဲ့၅၀ကျပ်မှ၂၅ကျပ်၊၂ကျပ်မှ၁ကျပ်၊၄ကျပ်မှ၂ကျပ်ကူးပြောင်းရေးကိုတော့ကုမ္မဏီချင်းညှိုနှိုင်းပီးလုပ်ကျရင်ဖြစ်နိုင်မယ့်ကိစ္စပါဗျာ။ပြည်သူတွေကိုစေတနာရှိတယ်ဆိုရင်ပေါ့။ကျနော်တို့ကရွေးချယ်ခွင့်မရှိတဲ့coustomersတွေပါ။လက်ဖက်ရည်ဆိုင်တွေ၊စတိုးဆိုင်တွေလိုဒီဆိုင်serviceမကောင်းဟိုဆိုင်လုပ်လို့မရပါဘူး။ရွာကသူငယ်ချင်းတွေထိုင်းပြန်၊မလေးပြန်တွေပြောပြတာဟိုမှာsim cardတကဒ်ကိုဈေးပေါပေါနဲ့ဝယ်လို့ရကြောင်းအင်တာနက်ထပ်ဖွင့်ခပေးစရာမလိုကြောင်း၊balanceကုန်သွားရင်ဌာနကပြန်ချေးလို့ရကြောင်း၊youtube direct flashကြည့်လို့ရကြောင်း၊facebookအကောင့်လွယ်ကူစွာဖွင့်ရကြောင်းsystem update လုပ်၍ရကြောင်း,free service timeတွေရှိကြောင်း,ဟုတ်ပါတယ်။သူတို့ဟိုနိုင်ငံမှာonlineပေါ်ကမဆင်းကြတာတွေ့ခဲ့ရတောဟုတ်မှာပဲလို့တွေးမိပါရဲ့။ရွာမှာတုန်းကတော့တောင်သူ။ထန်းသမားတွေပဲလေ။ဒီတော့ကျနော်အပြုသဘောနဲဝေဖန်အကြံပြုချင်တာကဒီတိုင်းကြီးဖြစ်မလာသေးတာတွေမပြောပါနဲ့။ခုလောလောဆယ်ဖြစ်နိုင်မဲ့serviceကြေးလျှော့ချကောက်ခံဘို့ပါ။ပြည်သူပြည်သားတွေကMPTအပေါ်မှာသစ္စာရှိကြပါတယ်ဗျ။အရှုံးပြနေတဲ့လျှပ်စစ်ဝန်ကြီးဌာနတောင်ဆန္ဒပြကြသေးတာ။Coca Colaလို့ရေရှိရင်အချိုရည်ဖြစ်တဲ့ကုမ္မဏီတောင်Top Tenစာရင်းမှာပါတစ်ချက်မပါတစ်ချက်နဲ့။miscrosoftလို၊facebookလို၊googleဆက်သွယ်ရေးတွေကသာထိပ်မှာရှိနေပုံကိုထောက်ရင်MPTကြီးတော့အရှုံးမပြလောက်ဘူးထင်ပါတယ်။အပြုသဘောနဲ့ဝေဖန်အကြံပေးတာပါ။MPTရဲ့အခက်အခဲတွေကိုနားလည်ပါတယ်။ပြည်သူတွေကိုစေတနာထားပေးပါ။
               ကိုပြည့်
nayzawaung.mtl@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။    
 

No comments:

Post a Comment