ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ
ကင်မွန်းစခန်းကျေးရွာရှိ ကွင်းအမှတ်-၁၇၆(က)၊
ဦးပိုင်အမှတ်-၁၉(ခ)နှင့် ၂၀(ခ) မြေ(၂)ကွက်အား ဦးထွန်းအုံမိသားစုမှ
၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီလက်
ထက်မှစတင်၍ နှစ်စဉ်မြေယာခွန်ပေးဆောင်ပြီး ကြံစိုက်ပျိုးလုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် ကျိုက်ထိုမြို့ ဆိပ်ဖူးတောင် ပရဟိတဂေဟာဆရာတော်မှ ပရဟိတကလေးများရံပုံငွေရရှိရေးအတွက် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး (၇.၁၂.၂၀၁၃)ရက်နေ့တွင် ပိုင်ရှင်ဦးထွန်းအုံမိသားစုသို့ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများကိုယ်တိုင်အသိသက်သေအဖြစ် လက်မှတ်ရေးထိုး၍ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဦးထွန်းအုံမိသားစုမှ ၎င်းခြံမြေအားခြံစည်းရိုးကာရံ ရန်အတွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ကန့်ကွက်လိုက ခိုင်လုံသောအထောက်အထားနှင့်တကွ ကန့်ကွက်နိုင်ကြောင်း စာတင်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်လက်မှတ်ရေးထိုး၍
၎င်းမြေအား လွန်ခဲ့သောနှစ်(၂၀)ခန့်မှစ၍ ကျေးရွာဘောလုံးကွင်းအဖြစ်
အသုံးပြုထားသဖြင့် ခြံစည်းရိုးကာရံပါက တရားဥပဒေအရ
အရေးယူသွားမည်ဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာ(နိုင်ငံတော်/ အစိုးရဌာန ခွင့်ပြုမိန့်)ပြဆိုခြင်းမရှိဘဲ ကန့်ကွက်လာခဲ့ပါသည်။ ထို့ကြောင့်ဦးထွန်းအုံမိသားစုမှ (၃၀.၁၂.၂၀၁၃) ရက်နေ့တွင် လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ(ပုံစံ-၁)အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့လျှောက်ထားခဲ့ ရာ (၂၂.၁.၂၀၁၄)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ
၎င်းမြေအား (၁၉၉၂ /၉၃) ခုနှစ်မှစတင်၍ ကျေးရွာဘောလုံးကွင်းအဖြစ်
အသုံးပြုထားကြောင်း သာအကြောင်းပြန်ကြားလာပါသည်။ (၁၉၉၂ / ၉၃)
ခုနှစ်မှစတင်၍ ဘောလုံးကွင်းအဖြစ်အသုံးပြုထားခြင်းမဟုတ်သည်မှာ မိမိတို့မိသားစုသာမက ဆိပ်ဖူးတောင်ဆရာတော်ကြီးကဲ့သို့ ထေရ်ကြီးဝါကြီးဆရာတော်များအပါအဝင်
ကင်မွန်းစခန်းကျေးရွာရှိ ရှေ့မှီနောက်မှီ လူကြီးများသိပါသည်။
သို့ဖြစ်ပါ၍ မတရားသိမ်းဆည်းခံထားရသော ၎င်းခြံနှင့်ပတ်သက်၍
နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်ရာလူကြီးမင်းများမှ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။
>>>>>>>>>>>>>>>>>>>>>
ပြည်သူတစ်ဦး
No comments:
Post a Comment