ကျိုက်ထို ဇန်နဝါရီ ၂၅
ကျိုက်ထိုမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်တောင်ပိုင်းရပ်ကွက်မီးဘေးကာကွယ်တားဆီးရေးအဖွဲ့ တို့၏စီစဉ်မှုဖြင့်ဇန်နဝါရီ ၂၅ ရက်နံနက် ၉နာရီတွင်တောင်ပိုင်းရပ်ကွက် သီတာလမ်းတစ်လျှောက်နှင့်ကန်သာယာတိုးချဲ့ ကွက်သစ်များအတွင်းရှိနေအိမ်အဆောက်အဦးများ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဈေးဆိုင်များအားမီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင်မြို့ နယ်မီးသတ်ဦးစီးမှူးဦးတင်ထွေးလ/ထမီးသတ်ဦးစီးမှူးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ကကြီးကြပ်ဆောင်ရွက်ပြီးသန္ဓေ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ ရပ်ကွက်မီးဘေးတားဆီးရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ဝင်များကတစ်အိမ်တက်ဆင်းမီးသတိပေးစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့ နောက်မြို့နယ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ ဝင်များကရပ်ကွက်မီးဘေးတားဆီးရေးအဖွဲ့ ပိုင်မီးသတ်ယာဉ်အားစစ်ဆေးပြီးအရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်မီးသတ်ယာဉ်ဖြင့်ရေစိုလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်တောင်ပိုင်းရပ်ကွက်မီးဘေး
ထို့ နောက်မြို့နယ်ဦးစီးမှူးနှင့်
သန်းသန်းမော်(iprd)
No comments:
Post a Comment