For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 8 January 2014

အေးချမ်းနေသော ကွန်ပျူတာတက္ကသိုလ်ကြီးကို အရောင်မဆိုးပါနှင့် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မွန်ပြည်နယ် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ၏ညီဖြစ်သူက အစ်ကို အားကိုးဖြင့် မိုက်တွင်းနက် သထုံမြို့တွင် လိပ်အင်းရပ်ကွက်တွင် နေထိုင်သော ထွန်းတောက်ဂုဏ်ဆိုသူ မွန်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်ရေးအရာရှိ၏ ညီတစ်ဦးဖြစ်ပြီး၊ အစ်ကိုဖြစ်သူ အရှိန်အ၀ါဖြင့် သောင်းကျန်းလျှက်ရှိပါသည်။ တန်ဆောင်မုန်း လပြည်ကျော် (၁)ရက်နေ့တွင် မင်းလမ်းရှိ ဗီးနပ်အအေးဆိုင်တွင် အအေးသောက်နေသည့် စုံတွဲအား ရန်စပြီး ဖန်ခွက်ဖြင့် ရိုက်ခဲ့ပြီး ၄င်းမှ အမှုဖွင့်ခဲ့ခြင်း၊ ဒီဇင်ဘာလ (၃၁) ရက်တွင် ဂေါ့ကျေးရွာ စားသောက်ဆိုင်တစ်ခုတွင် လာရောက်စားသောက်သူများကို ရန်စမှုကြောင့် ခိုက်ရန်ဖြစ်ပွားပြီး ၄င်းမှ ဆေးရုံတက်ရောက် အမှုဖွင့်ခဲ့ပါသည်။ ယင်းကိစ္စအပြင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများကိုလည်း ၄င်းအစ်ကိုသည် ၀န်ကြီးချုပ်အနီးကပ်ဖြစ်သဖြင့် အလုပ်ပင်ဖြုတ်နိုင်ကြောင်း၊ ပြောင်းပစ်နိုင်ကြောင်း တွင်တွင်ပြောပြီး၊ သူနှင့် ရန်ဖြစ်သူသည် ပန့် အဖွဲ့မှ လမ်းသရဲများဖြစ်ကြောင်း၊ လမ်းသရဲဂိုဏ်း သထုံတွင် သောင်းကျန်းနေသည်ဟု သတင်းလွှင့်မည်ဖြစ်ကြောင်းကို လိုက်လံပြောဆိုလျှက်ရှိပြီး၊ ထွန်းတောက်ဂုဏ်၏ အဖေမှာ ကြံ့ဖွတ်ခရိုင်ကော်မတီဝင် တစ်ဦးဖြစ်ပြီး၊ ကြံ့ဖွတ်အားကိုးဖြင့် သားဖြစ်သူနဲ့ ရန်ဖြစ်သူအား ထောင်နှစ်ရှည်ကျအောင် လုပ်မည်ဟု ကြိမ်းဝါးလျှက်ရှိပါသည်။ ယခုလို အသွင်ကူးပြောင်းနေသည့် အချိန်အခါတွင် ထွန်းတောက်ဂုဏ် နှင့် ၀န်ကြီးချုပ်အနီးကပ်နေသူ မိသားစု၏ လုပ်ရပ်ကြောင့် ဒီမိုကရေစီကူးပြောင်းရေးအသွင် ပြောင်းလဲ သွားနိုင်ပြီး သထုံမြို့သည် လူမိုက်ပေါများသော မြို့ဟု အထင်ခံရနိုင်ပါသဖြင့် သက်ဆိုင်ရာမှ ပြုပြင်ထိန်းသိမ်းပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ဒါ့အပြင် သမီးတို့ ကွန်ပျူတာတက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ မိန်းကလေးများကိုလည်း သူ့ အစ်ကို အရှိန်အ၀ါနဲ့ အမြဲတမ်းနှောင့်ယှက်လျှက်ရှိပါတယ်။
ဓါတ်ပုံကို မွန်ပြည်နယ်အလင်းမှ ကူးယူပါသတယ်ရှင့်။

သထုံကွန်ပျူတာ တက္ကသိုလ်က မိရွှေမှုန်
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။    
 

No comments:

Post a Comment